သားအဖချင်းစကားများရာ သားဖြစ်သူကိုဖခင်မှ ဖန်ခွက်ဖြင့်ပေါက်သဖြင့် သားဖြစ်သူက… See more




မကွေးတိုင်းဒေသကြီး မြို့သစ်မြို့.နယ်၊ ပုလင်းကြီးအုပ်စု၊ သီးပင်ကျေးရွာတွင် သားအဖနှစ်ဦး စကားများရာမှသားဖြစ်သူက
ဓားဖြင့်ထိုး၍ ဖခင်ဖြစ်သူ သေဆုံးခဲ့မှု ယမန်နေ့ညပိုင်း ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ သီးပင်ကျေးရွာ ဦးဌေးမောင်၏နေအိမ်တွင်




ဦးဌေးမောင်(၄၅)နှစ်သည် သားဖြစ်သူချစ်စန်းအောင်(၁၅)နှစ်နှင့် သားအဖချင်းစကားများကြရာမှ သားဖြစ်သူကို ဦးဌေးမောင်က ဖန်ခွက်ဖြင့်




ပစ်ပေါက်ခဲ့သည်ကို သားဖြစ်သူက ဒေါသမထိန်းနိုင်ဘဲ ဖခင်ကို ဓားဦးချွန်ဓားမြောင်ဖြင့် (၂)ချက်ထိုးခဲ့ကြောင်း သိရသည်။




ဦးဌေးမောင်၏အစ်ကို ဦးဌေးအောင်သည် တူမဖြစ်သူ၏ အကြောင်းကြားချက်အရ ရောက်ရှိလာချိန်တွင် ဦးဌေးမောင်သည် နေအိမ်အပေါ်ထပ်တွင်ဓားဒဏ်ရာဖြင့်




လဲကျနေပြီး တူဖြစ်သူချစ်စန်းအောင်အနီးတွင် အရိုး ၄ လက်မ၊အသွား ၈လက်မ၊ဗြက် ၁လက်မခန့်ရှိ ဓားဦးချွန်ဓားမြောင်တစ်ချောင်းအား သွေးများစွန်းပေနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။crd