မင်္ဂလာဆောင်ပွဲစခါနီးမှာပဲ သတို့သားအားရုပ်ဆိုးလွန်းလို့ဆိုပြီး သတို့သမီးဖြစ်သူမှာ ထွက်ပြေးသွားခဲ့၍ ညီမအရင်းနှင့်အတူ မင်္ဂလာဆောင်ခဲ့ရသောအဖြစ်

International News

Zawgyi







Hlaing (Love Feeling)

Unicode

မင်္ဂလာဆောင်ပွဲစခါနီးမှာပဲ သတို့သားအားရုပ်ဆိုးလွန်းလို့ဆိုပြီး သတို့သမီးဖြစ်သူမှာ ထွက်ပြေးသွားခဲ့၍ ညီမအရင်းနှင့်အတူ မင်္ဂလာဆောင်ခဲ့ရသောအဖြစ်

အချစ်စစ်မှန်လျှင် ရုပ်ရည် ပကာသနနှင့် သက်ဆိုင်ခြင်းမရှိပဲ ကိုယ်တကယ်မချစ်ပဲနဲ့လည်း အခြားသူများကို မလှည့်စားသင့်ကာ တကယ်ချစ်သူအဖို့ ဝမ်းနည်းကြေကွဲရပြီး ဘဝတစ်ခုလုံးပင် ပျက်စီးသွားနိုင်သည်။

သို့ဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံမှ အသက် ၄၀နှစ်အရွယ် အမျိုးသားတစ်ဦးသည် တစ်လျှောက်လုံးဂေါ်မစွံလူပျိုကြီးဘဝနှင့် နေခဲ့ရင်းကနေ မေတ္တာစစ်နှင့် ချစ်ပေးမည့် မိန်းကလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ တစ်ယောက်ကိုတစ်ယောက် နားလည်ခြင်းတွေနှင့်အတူ လက်ထပ်ရန်ဆုံးဖြတ်ခဲ့ကြသည်။

သို့သော်လည်း မင်္ဂလာဆောင်သည့်နေ့တွင် အမျိုးသားကြီးအား ရုပ်ဆိုးလွန်းပြီး အသက်လည်းကြီးနေကာ သူမနှင့်မထိုက်တန်ပူးဟု အတွေးမျိုးတွေးမိကာ မင်္ဂလာပွဲစခါနီး၌ သတို့သားအားထားပြီး ထွက်ပြေးခဲ့သည်။

အမျိုးသားလည်း ဧည့်သည်များစုံလင်နေပြီဖြစ်သော်လည်း သတို့သမီးလေးကို အလှပြင်လို့မပြီးသေးပူးအထင်နှင့် တမျှော်မျှော်စောင့်နေကာ မထင်မှတ်ပဲ သတို့သမီးထွက်ပြေးသွားကြောင်းကို သိခဲ့ရသည်။

ထိုစဉ် အမျိုးသားသည် ဝမ်းနည်းကြေကွဲနေခဲ့သော်လည်း တက်ရောက်သော ဧည့်သည်များကို အားနာ၍ ညီမအရင်းဖြစ်သူကို သတို့သမီးနေရာတွင် အစားထိုးကာ မင်္ဂလာပွဲအား ပြီးဆုံးသည်ထိ ကျင်းပခဲ့ကြသည်။

Hlaing (Love Feeling)

Crd

Leave a Reply

Your email address will not be published.