အချိန်မလွန်ခင် ဆင်ခြင်ကြစေဖို့ ကျောက်ကပ် ကျောက်တည်ခြင်းနဲ့ သောက်ရေသန့်..

Knowledge


ကျောက်ကပ်မှာသော်၎င်း ဆီးအိမ်မှာသော်၎င်း ဆီးလမ်း ကြောင်းမှာသော်၎င်းး ကျောက်တည်တတ်ကြပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေက အဖြစ်များပါတယ်။ ကျောက်တည်ရတဲ့ အကြောင်းရင်းတွေကတော့ ၁။ ထုံးဓာတ်ပါတဲ့ ရေကိုအသောက် များခြင်း။ ၂။ သောက်ရေမသန့်ခြင်း။ ၃။ အထိုင်များခြင်း။ ၄။ ရေသောက်နည်းခြင်း။ ၅။ ကွမ်းစားများခြင်း။ ၆။ အစားအသောက် မှားခြင်း။ ၇။ ရေချိုးမမှန်ခြင်း။ တို့ဖြစ်ပါတယ်။

ကျောက်အမျိုးအစားများ ကတော့.. 1. Oxalate Stone-(30-35%) 2. Phosphate Stone-(15-20%) 3. Uric Acid Stone-(6-10%) 4. Cystine Stone-(2-3%) တို့ဖြစ်ပါတယ်။

ကျောက်ကပ်မှာ တွေ့ရအများဆုံးကျောက်အမျိုးအစားကတော့ No (1) အမျိုးအစားပါ။ အပြည့်အစုံကတော့ (Calcium Oxalate Stones) လို့ခေါ်ပါတယ်။ ထုံးကျောက်ပေါ့ဗျာ။

“သောက်ရေသန့်နဲ့ ထုံးကျောက်”

မြို့ပြကလူတွေဟာ သောက်ရေသန့်ကို ယုံကြည်အားထားပြီး သောက်လာခဲ့ကြတာ နှစ်တော်တော်လေးကြာလာပါပြီ။ မြန်မာပြည်က သောက်ရေသန့်စက်ရုံတော် တော်များများဟာလည်း အဝီစိတွင်းရေကနေ ရေသန့်ထုတ်လုပ်ကြတယ်လို့ သိရပါတယ်။ အဝီစိတွင်းရေထဲမှာ ထုံးဓာတ် အနည်းအများ ပါလေ့ပါထရှိပါတယ်။

အဝီစိတွင်းရေထဲမှာပါတဲ့ အနယ်အနှစ် ပါသင့်တဲ့ဓာတ် မပါသင့်တဲ့ဓာတ်တွေကို စိစစ်ဖယ်ထုတ်ခြင်း ပိုးသတ်ခြင်း PH အဆင့်မြှင်တင်ခြင်းလုပ်ငန်းတွေကို အဆင့်ဆင့် ဆောင်ရွက်ထုတ်လုပ်ရပါတယ်။ အမှန်တကယ် စံချိန်မှီရေသန့် ဟုတ်မဟုတ်ကိုတော့ FDA ကလွဲလို့ စားသုံးသူများက မပြောပြ မထောက်ပြနိုင်ပါဘူး။

ကျွန်တော်ကိုယ်တိုင် ကျွန်တော်နေထိုင်တဲ့မြို့က ထုတ်လုပ်ရောင်းချတဲ့ တစ်မျိုးထဲသောကုန်အမှတ်တံဆိပ် (Brand) ကိုသာ ယုံကြည်စိတ်ချစွာ သုံးစွဲလာတာ ဆယ်စုနှစ်တစ်ခု ကျော်လာပါပြီ။ ကျွန်တော့်အိမ်မှာ သောက်ရေသန့်ကို သဲမြေ သောက်ရေအိုးထဲကို တဆင့်ထည့်သောက်လေ့ရှိပါတယ်။

လွန်ခဲ့တဲ့ (၄)နှစ်လောက်က သဲအိုးလေးတုန်းကတော့ (၃) နှစ်ကြာတဲ့အထိ အိုးမှာ ရေအစိမ့်မပျက်ခဲ့ပါ။ အရောင်မပြောင်းခဲ့ပါ။ လက်ရှိကုန်အမှတ်တံဆိပ်ပါ သောက်ရေသန့်ကိုပဲ ထည့်သောက်သုံးခဲ့ပါတယ်။ (၃) နှစ်ကြာလို့ သောက်ရေအိုးနောက်တစ်အိုး အသစ်လဲသုံးလိုက်ပါတယ်။ တစ်နှစ်လောက်ကြာလာတော့ ရေအစိမ့်နည်းသွားပြီး ပုံပါအတိုင်း ထုံးရောင် သန်းလာပါတော့တယ်။

အိမ်က ရေတွင်းကလည်းထုံးဓာတ်မကင်းဘူးဆိုတာ PVC ပိုက်တွေမှာ ထုံးဂျိုးတက်နေတာ တွေ့ပါလိမ့်မယ်။

အိမ်သစ်မှာ မြစ်ရေငုတ်လည်းရှိလို့ မြစ်ရေလည်းရပါတယ်။ မြစ်ရေက နောက်ပေမဲ့ ထုံးဓာတ်မပါပါ။ ရေသန့်ကိုလည်းဆက်သောက်နေဆဲပါ။ သံသယတော့ရှိနေပါပြီ။ မြစ်ရေကို တိမ်ပြီး ရေနွေးကြိုသောက်ပါတယ်။ တွင်းရေကိုတော့ ရေချိုးခန်းနဲ့ အိမ်သာမှာသုံးပါတယ်။

စကားမစပ် ကျွန်တော့်ကျောက်ကပ်နှစ်ခုမှာ ကျောက်တွေ ရှိနေပါတယ်။ Knowledge အသိနောက်ကျခဲ့တာအဓိကပါ။ ခလုတ်ထိလို့အမိတတော့ နောက်ကျသွားပြီ။ အိမ်က ရေမှန်သမျှ ကြိုချက်ပြီးမှ သောက်သုံးတာဟာ ဘေးအကင်းဆုံးလို့ယူဆပါတယ်။ အချိန်မလွန်ခင်က ဆင်ခြင်ကြပါ နောက်လူတို့။ (U Bo Win)crd

Leave a Reply

Your email address will not be published.