ဇနီးဖြစ်သူနှင့်သမီးရင်းဖြစ်သူ၊သားမက်ဖြစ်သူတို့မှ ဖခင်ဖြစ်သူကို လှည်းဖြင့်တင်၍…See more…

Local News


မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီး (၃)ဖာလုံ ခန့်အကွာ စတုံချောင်းအတွင်း ယမန်နေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သဲမြေဖြင့်မြုပ်ထားသော လူသေအလောင်း တွေ့ရှိရပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်တင့်နှင့်

ဒန့်ဒလွင်ပင် နယ်မြေရဲစခန်း၊ရွှေပန်းနယ်မြေရဲကင်းတပ်ဖွဲ့ဝင်များတို့မှ ဆက်စုံစမ်း ဖေါ်ထုတ်ရာ ယမန်နေ့ညနေ ၇ နာရီအချိန်ခန့်တွင် ထိုလူသေအလောင်းမှာ ဇနီး၊သမီး၊သမက်တော်စပ်သူတို့မှ လူသတ်ပြီး အလောင်းကို ဖြောက်ဖျက်ခဲ့ကြကြောင်း ရွှေပန်းနယ်မြေရဲကင်းမှ သိရသည်။

ထိုသို့ဖြစ်စဉ်မှာ လွန်ခဲ့ယမန်နေ့မရောက်မှီည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့် တွင် ဦးသောင်းမွှေးအသက် ၅၃ နှစ် (ဘ)ဦးကြန်တင် ရွှေပန်းကျေးရွာ နေထိုင်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြကြည် အသက် ၅၂ နှစ် (ဘ)ဦးသိန်း ရွှေပန်းကျေးရွာနေထိုင်သူတို့ လင်မယားစကားများရန်ဖြစ်ရာမှ

ဦးသောင်းမွှေးမှာ ၄င်းအသင့်ကိုင်ဆောင်ထားသည့် ဓါးမြှောင် အသွား (၇) လက်မ အရိုး (၄)လက်မဖြင့်ထိုးခဲ့ရာ ဒေါ်မြကြည်မှ ဦးသောင်းမွေးကိုင်ဆောင်ထားသော ဓါးမြှောင်အားပြန်လည်လုယူပြီး ဦးသောင်းမွှေး၏ဝဲဘက်လည်ပင်းအား လှီးဖြတ်ခဲ့ပြီး အခင်းဖြစ် အချိန် တွင် သမီးငယ်ဖြစ်သူ မဇင်မာဝေ အသက် ၂၆ နှစ် (ဘ) ဦးသောင်းမွှေး နှင့်

သမီးကြီးဖြစ်သူ မဝေဝေခိုင်၏ခင်ပွန်းဟောင်း ဘိုလွန်း အသက် ၃၅ နှစ် (ဘ) ဦးကြည်သောင်း ရွှေပန်းကျေးရွာ နေထိုင်သူတို့သည် အခင်းဖြစ်စဉ်အနီးနားတွင်ရှိနေပြီး ဓါးဒဏ်ရာဖြင့်လှဲနေသော ဦးသောင်းမွှေးအား ဒေါ်မြကြည်၊ဘိုလွန်းနှင့်မဇင်မာဝေတို့ (၃) ဦး တို့သည် ဦးသောင်းမွှေးအား လှည်းဖြင့်တင်ဆောင်လာခဲ့ပြီး

ရွှေပန်းကျေးရွာအရှေ့ဘက် (၃)ဖာလုံအကွာရှိ စတုံချောင်းဘက်သို့ ရောက်ရှိလာသောအခါ မသေမရှင် ဖြစ်နေသော ဦးသောင်းမွှေးအား ဒေါ်မြကြည်၊ဘိုလွန်းနှင့်မဇင်မာဝေတို့(၃)ဦးမှ လှည်းပေါ်မှချ၍ ဦးသောင်းမွှေး၏

ဦးခေါင်းနောက်စေ့အား လှည်းပေါ်တွင် အသင့်ပါလာ သော အလျား (၁၈)လက်မ လုံးဘက်(၆)လက်မခန့်ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ဒေါ်မြကြည်နှင့်ဘိုလွန်းတို့မှ (၁) ချက်စီ ရိုက်နှက်ခဲ့ပြီး ဦးသောင်းမွှေးမှာ သေဆုံးခဲ့ပြီး ၄င်းဝါးဆစ်ပိတ်တုတ်အား အဆိုပါနေရာတွင်

စွန်ပစ်ထားခဲ့ပြီး ဦးသောင်းမွှေးအလောင်းအား ၄င်းတို့ (၃) ဦးမှလှည်းပေါ်ပြန်တင်ကာ စတုံချောင်းမြောက်ဘက် ကိုက်(၂၀၀)ခန့်အကွာရှိ ကျောက်တစ်လုံးရေအိုင်သို့ ဆက်လက် လှည်းအားမောင်းနှင်သွားခဲ့ကြောင်း

ကျောက်တစ်လုံးရေအိုင်သို့ရောက်ရှိသောအခါ ဦးသောင်းမွှေး အလောင်းအား လှည်းပေါ်မှချပြီး သဲမြေတွင် မြေမြုပ်ခဲ့ကြောင်း သိရသည်။ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်တင့်၊ဒန့်ဒလွင်ပင်နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်တင်၊ရွှေပန်းရဲကင်းမှူး ဒုရဲအုပ်စည်သူအောင်နှင့်တပ်ဖွဲ့ဝင်များသည်

သက်သေခံပစ္စည်းများ အားရှာဖွေသိမ်းဆည်းခဲု့ပြီး ပြစ်မှုကျူးလွန်သူ ဒေါ်မြကြည်၊ဘိုလွန်း၊မဇင်မာဝေတို့အား ဒန့်ဒလွင်ပင်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား ရဲအုပ် အောင်တင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိ၇သည်။crd

Leave a Reply

Your email address will not be published.