ယခုနှစ်အတွင်းမှာ မင်္ဂလာပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုတဲ့ သန္တာဗိုလ်

Cele News

သရုပ်ဆောင်သန္တာဗိုလ်က သရုပ်ဆောင်ချောရတနာရဲ့ညီမဖြစ်ပြီး မော်ဒယ်လ်၊ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၃ခု နှစ်မှာတော့ တစ်ကိုယ်တော် အယ်လ်ဘမ် ဖြစ်တဲ့ ” နားလည်ပေးပါကို” သီချင်းခွေလေးကိုထွက်ရှိခဲ့ပြီးတဲ့နောက် လက်ရှိမှာတော့ Modelling ပိုင်းကိုပဲအားစိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗိုတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးပဲဖြစ်ပါတယ်။ ကောင်းပြည့်ကလည်းအောင်မြင်တဲ့မော်ဒယ်လ် သရုပ် ဆောင် မင်းသားချောတစ်ယောက်အနေနဲ့ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိထားခဲ့သူတစ်ယောက်ပါ။


သန္တာဗိုလ်ကလည်း အောင်မြင်တဲ့ မော်ဒယ်လ်သရုပ်ဆောင် အနေနဲ့အောင်မြင်မှုတွေရရှိထားပြီး အနုပညာလောကမှာ နေ ရာအသီးသီးရရှိထားတဲ့ပရိသတ်အချစ် တော် အနုပညာရှင်စုံတွဲလေးပါ။

မတ်လ ၁ရက် ၂၀၁၂ ခုနှစ်ကစလို့ ချစ်သူတွေ ဖြစ်လာကြတဲ့သန္တာဗိုလ်တို့စုံတွဲလေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အခုဆိုရင် ချစ်သက်တမ်း ၁၀နှစ်တာ ခရီးလမ်းကိုရောက်ရှိခဲ့ ကြပြီပဲ ဖြစ်ပါတယ်။


၂၀၂၂ခုနှစ်ထဲမှာ အတွဲတော်တော်များများအစွံထုတ်ကြတဲ့နှစ်လို့ ပြောလို့ရနိုင်သလိုပဲ သရုပ်ဆောင်ကောင်းပြည့်နဲ့သန္တာဗိုလ်တို့အတွဲလေးကလည်း မကြာခင် ရွှေလက်တွဲကြတော့မယ်လို့သိရပါတယ်။

မင်္ဂလာပွဲနှင့်ပတ်သတ်ပြီး “မင်္ဂလာဆောင်ဖို့ စီစဥ်လိုက်တိုင်းအကြောင်းကြောင်းကြောင့် ပျက်နေတာမျိုးဖြစ်နေတာပေါ့နော်။ ဒီနှစ်ထဲတော့ မဖြစ်ဖြစ်အောင်ဆောင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ မင်္ဂလာပွဲကတော့ ရိုးရိုးပဲဆောင်မှာပါ။ Dinner လောက်ပဲ လုပ်မယ်” လို့ သရုပ်ဆောင်သန္တာဗိုလ်က မင်္ဂလာအစီအစဥ်နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။


ရှေ့ဆက်မယ့် အနာဂတ်မိသားစုပုံစံလေးကိုလည်း နှစ်ဦးသားတိုင်ပင်ထားတယ်လို့ ဆိုပါတယ်။”နှစ်ယောက်သား တွေ့ရင်တော့ တိုင်ပင်ဖြစ်ကြပါတယ်။ အေးအေးချမ်းချမ်းလေး နေနိုင်ဖို့ပေါ့။ ဘယ်သူမဆိုတော့အကောင်းဆုံးဆိုတဲ့အရာတွေပဲ ဖြစ်ချင်ကြတာပေါ့နော်။ ဘိုရစ်လည်း အဲဒီအတိုင်းပါပဲ”လို့ပြောပြခဲ့ပါတယ်ပရိသတ်ကြီးရေ

Photo – Thanda Bo
Credit Duwun Cele Yatkwat

Leave a Reply

Your email address will not be published.