ဒီအမေ ဒီသားသမီးတွေကို ဘယ်လိုစိတ်နဲ့ စိတ်ချပါ့မလဲကွယ်…

News

ဒီအ​ေမ ဒီသားသမီး​ေတြကို ဘယ္လိုစိတ္နဲ႔ စိတ္ခ်ပါ့မလဲကြယ္…

အိမ္ေလးတစ္လုံးလိုခ်င္တယ္ သီခ်င္းနဲ႔ လူအမ်ားသိလာတဲ့ အဆိုေတာ္ မာသထူးဝါး(ဖိုးမူႀကီး)ရဲ့ မိခင္ မမိုင္ ၄၁ ႏွစ္ဟာ အသည္းကင္ဆာေရာဂါနဲ႔ ဒီေန႔မွာဘဲ ကြယ္လြန္သြားခဲ့ပါတယ္။

ကိုးရီးယားနိုင္ငံ Catholic University S.Mary Hospital (Bucheon)မွာ အသည္းကင္ဆာေရာဂါကုသမႈခံယူရင္း ေမလ ၂၉ရက္ေန႔ ကိုရီး ယားစံေတာ္ခ်ိန္ ၆း၄၉နာရီအခ်ိန္မွာ ခရစ္ေတာ္၌အိပ္ေပ်ာ္သြားခဲ့တာပါ။


ခင္ပြန္းျဖစ္သူကေတာ့ ကရင္လူမ်ိဳးရဲ့အဆိုေတာ္ ေစာထူးဝါးျဖစ္ၿပီး လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က ထိုင္း-ျမန္မာနယ္စပ္တစ္ေနရာမွာ လုပ္ႀကံ thet ျဖတ္ျခင္းခံရလို႔

လူမမယ္ကေလး ၃ ေယာက္နဲ႔အတူ ၂၀၁၆ ခုႏွစ္မွာ ကိုးရီးယားႏိုင္ငံကို ​ေျပာင္းေရြ႕အေျခခ်လာခဲ့တာပါ။ က်န္ရစ္သူ သမီးႀကီးျဖစ္တဲ့ မာသထူးဝါးမွာ ၁၅ ႏွစ္အရြယ္ရွိေနၿပီး အိမ္ေလးတစ္လုံးလိုခ်င္တယ္ သီခ်င္းနဲ႔ ပရိသတ္ရင္ထဲေနရာယူခဲ့သူပါ။

သားႀကီးက ၁၃ ႏွစ္နဲ႔ သားအငယ္ဆုံးေလးကေတာ့ ၁၁ ႏွစ္အရြယ္သာရွိပါေသးတယ္။ မမိုင္ဟာ လြန္ခဲ့တဲ့ လအနည္းငယ္ကတည္းက အသည္းကင္ဆာေရာဂါအဆင့္(၄)ကို စတင္ခံစားလာခဲ့ရသူလို႔ဆိုပါတယ္။
Credit –

Unicode Version ျဖင့္ဖတ္ရန္

ဒီအမေ ဒီသားသမီးတွေကို ဘယ်လိုစိတ်နဲ့ စိတ်ချပါ့မလဲကွယ်…

အိမ်လေးတစ်လုံးလိုချင်တယ် သီချင်းနဲ့ လူအများသိလာတဲ့ အဆိုတော် မာသထူးဝါး(ဖိုးမူကြီး)ရဲ့ မိခင် မမိုင် ၄၁ နှစ်ဟာ အသည်းကင်ဆာရောဂါနဲ့ ဒီနေ့မှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။

ကိုးရီးယားနိုင်ငံ Catholic University S.Mary Hospital (Bucheon)မှာ အသည်းကင်ဆာရောဂါကုသမှုခံယူရင်း မေလ ၂၉ရက်နေ့ ကိုရီး ယားစံတော်ချိန် ၆း၄၉နာရီအချိန်မှာ ခရစ်တော်၌အိပ်ပျော်သွားခဲ့တာပါ။


ခင်ပွန်းဖြစ်သူကတော့ ကရင်လူမျိုးရဲ့အဆိုတော် စောထူးဝါးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ လုပ်ကြံ thet ဖြတ်ခြင်းခံရလို့

လူမမယ်ကလေး ၃ ယောက်နဲ့အတူ ၂၀၁၆ ခုနှစ်မှာ ကိုးရီးယားနိုင်ငံကို ပြောင်းရွေ့အခြေချလာခဲ့တာပါ။ ကျန်ရစ်သူ သမီးကြီးဖြစ်တဲ့ မာသထူးဝါးမှာ ၁၅ နှစ်အရွယ်ရှိနေပြီး အိမ်လေးတစ်လုံးလိုချင်တယ် သီချင်းနဲ့ ပရိသတ်ရင်ထဲနေရာယူခဲ့သူပါ။

သားကြီးက ၁၃ နှစ်နဲ့ သားအငယ်ဆုံးလေးကတော့ ၁၁ နှစ်အရွယ်သာရှိပါသေးတယ်။ မမိုင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက အသည်းကင်ဆာရောဂါအဆင့်(၄)ကို စတင်ခံစားလာခဲ့ရသူလို့ဆိုပါတယ်။

Credit

Leave a Reply

Your email address will not be published.