ရေတာရှည်မြို့နယ်မှာ ၂နှစ် ၁၁နှစ်နှင့် ၈နှစ်အရွယ် ကလေးသုံးဦးရဲ့ ရင်နာဖွယ်ဖြစ်ရပ်

Local News

ရေတာရှည်မြို့နယ်မှာ ၂နှစ် ၁၁နှစ်နှင့် ၈နှစ်အရွယ် ကလေးသုံးဦးရဲ့ ရင်နာဖွယ်ဖြစ်ရပ်

ရေတာရှည် မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်း လမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအနီး ဆွာ ချောင်း၌ မေ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲအချိန် က ကလေးငယ်သုံးဦး ရေနစ်သေဆုံးသွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အေးသာယာကျေးရွာနေ ကိုဖိုးသက်နြ် သည် သားဖြစ်သူ မောင်သီဟထွန်း ၂ နှစ်၊ တူမများ ဖြစ်သော မသဲစုလှိုင် ၁၁ နှစ်(ဘ) ကိုကျော်ဇော၊ မဆောင်းသီရိမွန် ၈ နှစ်(ဘ) ကိုချစ်မိုးဝေ တို့ နှင့် အတူ နွားလှည်းဖြင့် မေ ၃၀ ရက်နေ့ ညနေပိုင်းက တံတားကြီးကျေးရွာသို့ စပါးမျိုးသယ်ယူရန်သွား ရောက်ခဲ့ကြောင်း၊

တံတားကြီးရွာအရောက် လှည်း အား ဦးလှဝင်း နေအိမ်ရှေ့တွင် ရပ်ထားခဲ့ပြီး နွား နှစ် ကောင်ကို ရေတိုက်ရန် ရွာအနောက်မြောက်ဘက်ရှိ ရထားလမ်း တံတားအောက် ဆွာချောင်းထဲသို့ သွား ရာတွင် ကလေးများက နွားနှစ်ကောင်၏ ကြိုးများ ကိုကိုင်လျက်လိုက်ပါခဲ့ကြောင်း၊


ကလေး သုံးယောက်က ရေထဲမြုပ်သွားခဲ့ ပြီး ကိုဖိုးသက်နြ် မှာ နွားကြိုးများကိုလွှတ်၍ ကလေးများကို လိုက်စမ်းသော်လည်းမတွေ့ရ တော့ သဖြင့် တံတားကြီးရွာထဲကို အော်ဟစ်အကူအညီ တောင်းခံခဲ့ရာက လူငယ်လူရွယ်များအားလုံး ရေထဲ သို့ဆင်း၍ ချောင်းအတွင်းလိုက်လံရှာဖွေခဲ့ရာ

ညနေ ၆ နာရီခွဲအချိန်ခန့် မောင်သီဟထွန်း ၂ နှစ် ကို ဆွာ ချောင်းအောက်ဖက် ရေနီးကျေးရွာအနီး ရေထဲမှ သေဆုံးလျက်တွေ့ရှိခဲ့သည်။ မေ ၃၁ ရက်နေ့ နံနက် ပိုင်းတွင် ဆက်လက်ရှာဖွေမှုများဆက်လက်ဆောင် ရွက်ခဲ့ရာ

မသဲစုလှိုင် ၁၁ နှစ်ကို နံနက် ၈ နာရီ ၂၀ မိနစ်အချိန် တံတားကြီးရွာ အောက်ဘက် ကညင် အိုင် ဘုန်းတော်ကြီးကျောင်း မြောက်ဘက် ဆွာ ချောင်းထဲမှ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကျန်သည့် မိန်းခလေးအလောင်းကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကာ အမှုဖြစ်စဉ်နှင့်ပါတ်သက်၍ ဆွာနယ်မြေ ရဲ စခန်းတွင် သေမှုသေခင်းအမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်းသိရှိရသည်။
Cdကိုလွင်(ဆွာ)

Unicode

ရေတာရှည်မြို့နယ်မှာ ၂နှစ် ၁၁နှစ်နှင့် ၈နှစ်အရွယ် ကလေးသုံးဦးရဲ့ ရင်နာဖွယ်ဖြစ်ရပ်
ရေတာရှည် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်း လမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအနီး ဆွာ ချောင်း၌ မေ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲအချိန် က ကလေးငယ်သုံးဦး ရေနစ်သေဆုံးသွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အေးသာယာကျေးရွာနေ ကိုဖိုးသက်နြ် သည် သားဖြစ်သူ မောင်သီဟထွန်း ၂ နှစ်၊ တူမများ ဖြစ်သော မသဲစုလှိုင် ၁၁ နှစ်(ဘ) ကိုကျော်ဇော၊ မဆောင်းသီရိမွန် ၈ နှစ်(ဘ) ကိုချစ်မိုးဝေ တို့ နှင့် အတူ နွားလှည်းဖြင့် မေ ၃၀ ရက်နေ့ ညနေပိုင်းက တံတားကြီးကျေးရွာသို့ စပါးမျိုးသယ်ယူရန်သွား ရောက်ခဲ့ကြောင်း၊

တံတားကြီးရွာအရောက် လှည်း အား ဦးလှဝင်း နေအိမ်ရှေ့တွင် ရပ်ထားခဲ့ပြီး နွား နှစ် ကောင်ကို ရေတိုက်ရန် ရွာအနောက်မြောက်ဘက်ရှိ ရထားလမ်း တံတားအောက် ဆွာချောင်းထဲသို့ သွား ရာတွင် ကလေးများက နွားနှစ်ကောင်၏ ကြိုးများ ကိုကိုင်လျက်လိုက်ပါခဲ့ကြောင်း၊

ကလေး သုံးယောက်က ရေထဲမြုပ်သွားခဲ့ ပြီး ကိုဖိုးသက်နြ် မှာ နွားကြိုးများကိုလွှတ်၍ ကလေးများကို လိုက်စမ်းသော်လည်းမတွေ့ရ တော့ သဖြင့် တံတားကြီးရွာထဲကို အော်ဟစ်အကူအညီ တောင်းခံခဲ့ရာက လူငယ်လူရွယ်များအားလုံး ရေထဲ သို့ဆင်း၍ ချောင်းအတွင်းလိုက်လံရှာဖွေခဲ့ရာ
ညနေ ၆ နာရီခွဲအချိန်ခန့် မောင်သီဟထွန်း ၂ နှစ် ကို ဆွာ ချောင်းအောက်ဖက် ရေနီးကျေးရွာအနီး ရေထဲမှ သေဆုံးလျက်တွေ့ရှိခဲ့သည်။

မေ ၃၁ ရက်နေ့ နံနက် ပိုင်းတွင် ဆက်လက်ရှာဖွေမှုများဆက်လက်ဆောင် ရွက်ခဲ့ရာ မသဲစုလှိုင် ၁၁ နှစ်ကို နံနက် ၈ နာရီ ၂၀ မိနစ်အချိန် တံတားကြီးရွာ အောက်ဘက် ကညင် အိုင် ဘုန်းတော်ကြီးကျောင်း မြောက်ဘက် ဆွာ ချောင်းထဲမှ သေဆုံးလျက်တွေ့ရှိခဲ့ပြီး

ကျန်သည့် မိန်းခလေးအလောင်းကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကာ အမှုဖြစ်စဉ်နှင့်ပါတ်သက်၍ ဆွာနယ်မြေ ရဲ စခန်းတွင် သေမှုသေခင်းအမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်းသိရှိရသည်။
Cdကိုလွင်(ဆွာ)

Leave a Reply

Your email address will not be published.