အကြွေးပေးရန်နှင့် ဆိုင်ကယ်ပြန်ရွေးရန်ငွေလိုသဖြင့် ဦလေးဖြစ်သူမှ တူမအရင်းအား မုန့်ကျွေးမည်ပြောပြီး… See more

Local News

Zawgyi

အေႂကြးေပးရန္ႏွင့္ ဆိုင္ကယ္ျပန္ေရြးရန္ေငြလိုသျဖင့္ ဦေလးျဖစ္သူမွ တူမအရင္းအား မုန႔္ေကၽြးမည္ေျပာျပီး… See more

နံနက္ ၈ နာရီအခ်ိန္ခန္ ့က ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ေအလာေက်းရြာမွာ ဦးေလးျဖစ္သူမွ တူမအရင္းေတာ္စပ္သူအား သတ္၍ ေရႊထည္ပစၥည္းမ်ား ယူေဆာင္သြားသျဖင့္ အေရးယူထားေၾကာင္း သိရပါသည္။နက္ ၈ နာရီအခ်ိန္ခန္ ့က ေနျပည္ေတာ္၊ လယ္ေဝးၿမိဳ႕နယ္၊ ေအလာေက်းရြာေန ဦးဝင္းေဇာ္ဦး သည္ ၎၏ သမီးျဖစ္သူ

မမိုးဝႆန္(၈)ႏွစ္ မွာ ေနအိမ္မွ စက္ဘီးျဖင့္စာသင္သြားရာ ေန႔လည္ ထမင္းစားခ်ိန္၌ ေနအိမ္သို႔ျပန္လည္ေရာက္ရွိလာျခင္းမရွိသျဖင့္ စာသင္တဲ့ဆီသြားေရာက္ေမးျမန္းခဲ့ပါသည္။သြားေရာက္ေမးျမန္းစဥ္ ေက်ာင္းမတက္ေၾကာင္း သိရွိရေသာေၾကာင့္ သမီးျဖစ္သူ မမိုးဝႆန္ အား ကူညီစုံစမ္းရွာေဖြေပးရန္ ေအလာနယ္ေျမရဲစခန္းသို႔ အေၾကာင္းၾကားခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ၎ႏွင့္ အတူလိုက္လံ ရွာေဖြ ခဲ့ပါသည္။

ေနျပည္ေတာ္ေလဆိပ္၊ ေလယာဥ္ကြင္းၿခံစည္းရိုးဝင္း၊ ပိုင္အိုးနီးယား႐ုံး၏ အေနာက္ေျမာက္ဘက္ (၄)ဖာလုံခန႔္အကြာရွိ အမွိုက္ပုံအေဟာင္းအနီး၌ မမိုးဝႆန္ အား လည္ပင္း/မ်က္ႏွာ တို႔တြင္ ညိဳမဲ ဒဏ္ရာမ်ား ရရွိကာ ေသဆုံးလ်က္ေတြ႕ရွိရၿပီး ၎ဝတ္ဆင္ထားသည့္ ေရႊဆြဲႀကိဳး(၁)ကုံး၊ ေရႊလက္ စြပ္(၁)ကြင္း၊ ေရႊနားဆြဲ(၁)ရံႏွင့္ စက္ဘီး(၁)စီး စုစုေပါင္းတန္ဖိုးေငြက်ပ္(၈၈၀၀၀၀)တို႔မွာ ေပ်ာက္ ဆုံးေနသည္ကို သိရွိရသည္။

အဆုိပါ လူသတ္ ပစၥည္းယူ ျပစ္မႈက်ဴးလြန္သူအား စုံစမ္းေဖာ္ထုတ္ေပးရန္ တိုင္တန္းခ်က္အရ ေအလာ နယ္ေျမရဲစခန္း (ပ)၁၉၅ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂/၃၉၄ ျဖင့္ အမႈဖြင့္ထား ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားက တရားခံဖမ္းဆီးရမိေရးအတြက္ နယ္ေျမအတြင္း လိုက္လံစုံစမ္းခဲ့ရာ အခင္း ျဖစ္ေန႔ နံနက္ပိုင္းက မမိုးဝႆန္ အား ၎၏ ဦးေလးျဖစ္သူ ေက်ာ္ရဲ(ခ)ေဇာ္လင္းေအာင္(၂၄)ႏွစ္ မွ ဆိုင္ကယ္(၁)စီးျဖင့္ ေခၚေဆာင္သြားေၾကာင္း သိရွိရ၍ ေက်ာ္ရဲ(ခ)ေဇာ္လင္းေအာင္ အား သက္ေသ မ်ားႏွင့္အတူ ေခၚယူစစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ ေက်ာ္ရဲ(ခ)ေဇာ္လင္းေအာင္ မွာ ေလာင္းကစားရႈံး၍ အေႂကြးေပးရန္ႏွင့္ ဆိုင္ကယ္ျပန္ေရြးရန္ေငြလိုသျဖင့္ မမိုးဝႆန္ အား မုန႔္ေကၽြးမည္ေျပာဆိုကာ ေခၚေဆာင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ မမိုးဝႆန္ အား ေရႊထည္ပစၥည္းမ်ားေပးရန္ေတာင္းခဲ့ရာ မေပးဘဲ ျငင္းဆိုေနသျဖင့္ အခင္းျဖစ္ေနရာသို႔ ေခၚေဆာင္ကာ ဆြဲႀကိဳးျဖဳတ္စဥ္ ေအာ္ဟစ္ေနေသာေၾကာင့္

ပါးစပ္ပိတ္၍ လည္ပင္း အား ညႇစ္ခဲ့ရာမွ ေသဆုံးသြားခဲ့ေၾကာင္းႏွင့္ မမိုးဝႆန္ ဝတ္ဆင္ထားသည့္ ေရႊထည္ပစၥည္းမ်ားအား ျဖဳတ္၍ ယူေဆာင္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ေက်ာ္ရဲ(ခ)ေဇာ္လင္းေအာင္ အား ဖမ္းဆီးၿပီး ေအလာနယ္ေျမရဲစခန္း၌ ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

Unicode

အကြွေးပေးရန်နှင့် ဆိုင်ကယ်ပြန်ရွေးရန်ငွေလိုသဖြင့် ဦလေးဖြစ်သူမှ တူမအရင်းအား မုန့်ကျွေးမည်ပြောပြီး… See more

နံနက် ၈ နာရီအချိန်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာမှာ ဦးလေးဖြစ်သူမှ တူမအရင်းတော်စပ်သူအား သတ်၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားသဖြင့် အရေးယူထားကြောင်း သိရပါသည်။နက် ၈ နာရီအချိန်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာနေ ဦးဝင်းဇော်ဦး သည် ၎င်း၏ သမီးဖြစ်သူ

မမိုးဝဿန်(၈)နှစ် မှာ နေအိမ်မှ စက်ဘီးဖြင့်စာသင်သွားရာ နေ့လည် ထမင်းစားချိန်၌ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စာသင်တဲ့ဆီသွားရောက်မေးမြန်းခဲ့ပါသည်။သွားရောက်မေးမြန်းစဉ် ကျောင်းမတက်ကြောင်း သိရှိရသောကြောင့် သမီးဖြစ်သူ မမိုးဝဿန် အား ကူညီစုံစမ်းရှာဖွေပေးရန် အေလာနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနှင့် အတူလိုက်လံ ရှာဖွေ ခဲ့ပါသည်။

နေပြည်တော်လေဆိပ်၊ လေယာဉ်ကွင်းခြံစည်းရိုးဝင်း၊ ပိုင်အိုးနီးယားရုံး၏ အနောက်မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ အမှိုက်ပုံအဟောင်းအနီး၌ မမိုးဝဿန် အား လည်ပင်း/မျက်နှာ တို့တွင် ညိုမဲ ဒဏ်ရာများ ရရှိကာ သေဆုံးလျက်တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက် စွပ်(၁)ကွင်း၊ ရွှေနားဆွဲ(၁)ရံနှင့် စက်ဘီး(၁)စီး စုစုပေါင်းတန်ဖိုးငွေကျပ်(၈၈၀၀၀၀)တို့မှာ ပျောက် ဆုံးနေသည်ကို သိရှိရသည်။

အဆိုပါ လူသတ် ပစ္စည်းယူ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းချက်အရ အေလာ နယ်မြေရဲစခန်း (ပ)၁၉၅ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိရေးအတွက် နယ်မြေအတွင်း လိုက်လံစုံစမ်းခဲ့ရာ အခင်း ဖြစ်နေ့ နံနက်ပိုင်းက မမိုးဝဿန် အား ၎င်း၏ ဦးလေးဖြစ်သူ ကျော်ရဲ(ခ)ဇော်လင်းအောင်(၂၄)နှစ် မှ ဆိုင်ကယ်(၁)စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရ၍ ကျော်ရဲ(ခ)ဇော်လင်းအောင် အား သက်သေ များနှင့်အတူ ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကျော်ရဲ(ခ)ဇော်လင်းအောင် မှာ လောင်းကစားရှုံး၍ အကြွေးပေးရန်နှင့် ဆိုင်ကယ်ပြန်ရွေးရန်ငွေလိုသဖြင့် မမိုးဝဿန် အား မုန့်ကျွေးမည်ပြောဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် မမိုးဝဿန် အား ရွှေထည်ပစ္စည်းများပေးရန်တောင်းခဲ့ရာ မပေးဘဲ ငြင်းဆိုနေသဖြင့် အခင်းဖြစ်နေရာသို့ ခေါ်ဆောင်ကာ ဆွဲကြိုးဖြုတ်စဉ် အော်ဟစ်နေသောကြောင့်

ပါးစပ်ပိတ်၍ လည်ပင်း အား ညှစ်ခဲ့ရာမှ သေဆုံးသွားခဲ့ကြောင်းနှင့် မမိုးဝဿန် ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများအား ဖြုတ်၍ ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကျော်ရဲ(ခ)ဇော်လင်းအောင် အား ဖမ်းဆီးပြီး အေလာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

Crd

Leave a Reply

Your email address will not be published.