ပညာရေးမှာ ကျော့ကျော့မော့မော့ နေကြတဲ့ ဆရာ ဆရာမတွေထက် ဒီCDMကျောင်းဆရာကိုပိုလေးစားတယ်
ဒီပုံကိုတင်ဖို့အထပ်ထပ်စဉ်းစားတယ် ကာယကံရှင်ကိုခွင့်တောင်းမယ်ကြံလိုက် အလုပ်မအားလိုက် မေ့လိုက်နဲ့
ခုတော့တင်လိုက်ပြီ သူလာကန့်ကွက်ရင်တော့ပြန်ဖျက်ပါ့မယ်
CDM ကျောင်းဆရာပါ နေ့စားနဲ့ဆေးသုတ်လိုက်နေတာ ပင်ပန်းလွန်းလို့နားနေတဲ့ပုံကလေးပါ
CDM စဝင်ကတည်းက ဖုန်းဘေတထောင်တောင်မတောင်းခဲ့ဖူးပါဘူး ခုထိဆိုပါတော့ ကိုယ်ကလည်းသောက်လိုက်ကမ်းဆိုးမသိ တခါမှမကူညီဖူးပါဘူး
သည့်ထက်လည်းမပြောတတ်တော့ပါဘူးဆရာ
တော်လှန်ရေးအောင်မြင်စေချင်တာ သူတို့အတွက်ပါ၊ကလေးတွေအတွက်ပါ၊ နစ်နာသူတွေ၊အနစ်နာခံသူတွေအတွက်ပါ။
via-ကျော် သီ ဟ

via-ကျော် သီ ဟ CRd
