နိုင်ငံတော်အတိုင်ပင်ခံ‌ေဒါ်‌ေအာင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက်အမှုမှာ လုပ်ငန်းရှင်ဦးမောင်ဝိတ်သက်သေထွက်ဆို၊ ထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို…see more

News

အတိုင်ပင်ခံအပေါ် အဂတိစွပ်စွဲချက်အမှုမှာ လုပ်ငန်းရှင်ဦးမောင်ဝိတ်သက်သေထွက်ဆို၊ ထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်လာသိန်းချီ ပေးခဲ့တယ်ဆိုတဲ့အဂတိစွပ်စွဲချက်အမှု နှစ်ခုကို ဒီနေ့ မေလ ၃၁ ရက်မှာ နေပြည်တော်မှာ ကြားနာခဲ့ချိန် ဦးမောင်ဝိတ် ကိုယ်တိုင်လာရောက် သက်သေထွက်ဆိုသွားပါတယ်။

စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်က ၂၀၁၇ ခုနှစ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ဆိုပြီး ဒေါ်လာတစ်သိန်းကို ဒေါ်‌အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တာ၊

အဲဒီနောက် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေသိန်းချီပေးခဲ့တယ်ဆိုတဲ့ အဂတိစွပ်စွဲချက်အမှုတွေကို နေပြည်တော် အထူးတရားရုံးမှာကြားနာချိန် လာရောက်ထွက်ဆိုသွားတာလို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီထွက်ဆိုချက်မှာ ဦးမောင်ဝိတ်က ပြီးခဲ့တဲ့နှစ်မေလတုန်းက စစ်ကောင်စီရုပ်မြင်သံကြားကနေ ထွက်ဆိုသွားတဲ့အတိုင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကနေတဆင့်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သိရှိခဲ့ရတာ၊ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေတွေ လှူဒါန်း ပေးအပ်ခဲ့တာတွေကို ထွက်ဆိုသွားတယ်လို့လည်း ဆိုပါတယ်။

ဦးမောင်ဝိတ်ဟာ သက်သေထွက်ဆိုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ရှိခိုးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းတုန်းကတော့ အဲဒီအမှုတွေအတွက် တရားလိုအဖြစ်တိုင်တန်းသူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရေးမှူးဦးရဲထက်က စစ်မေးချက်တွေကိုလာရောက်ထွက်ဆိုတယ်လို့သိရပါတယ်။
သတင်း-ဘီဘီစီ
Crd

Leave a Reply

Your email address will not be published.