ချစ်သူကောင်လေးရဲ့အိမ်မှာ သွားလည်စဉ် ကောင်လေးမိဘတွေဆီကနေ ချီးမွမ်းခံချင်၍ အိမ်မှာမွေးထားသော တန်ဖိုးကြီးရွှေငါးကိုမသိပဲ ချက်ကျွေးမိခဲ့သည့် မိန်းကလေး

Lifestyle

ချစ်သူကောင်လေးရဲ့အိမ်မှာ သွားလည်စဥ် ကောင်လေးမိဘတွေဆီကနေ ချီးမွမ်းခံချင်၍ အိမ်မှာမွေးထားသော တန်ဖိုးကြီးရွှေငါးကိုမသိပဲ ချက်ကျွေးမိခဲ့သည့် မိန်းကလေး

လူတိုင်းအတွက် သူတို့ချစ်သောသူနဲ့ လူကြီးမိဘတွေ သဘောတူအောင် ပြည့်စုံတဲ့သူတစ်ယောက်အဖြစ်မြင်နိုင်ဖို့ရာအတွက် အမျိုးမျိုးသော နည်းလမ်းတွေနဲ့သက်သေပြကာ ကြိုးစားတတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် လက်ထပ်ရန်ရည်ရွယ်ထားသော ချစ်သူကောင်လေးအိမ်သို့ ပထမဆုံးအကြိမ် သွားလည်ပတ်ခဲ့ရာ ချစ်သူကောင်လေးရဲ့မိဘတွေမှ သူနဲ့သဘောတူစေရန် ဟင်းချက်စွမ်းရည်ကို ထုတ်ပြခဲ့သည်။

မိန်းကလေးသည် ချစ်သူကောင်လေးအိမ်မှာ အလှမွေးထားသော တန်ဖိုးကြီးရွှေငါးလေးတစ်ကောင်ကို မြင်မြင်ချင်းမှာပဲ ဖမ်းယူပြီးတော့ မီးဖိုချောင်မှာချက်ပြုတ်ရန် ပြင်ဆင်ခဲ့သည်။

မိန်းကလေးသည် သူမရဲ့ဟင်းချက်လက်ရာကောင်းမွန်မှုကိုပြသရန်အတွက် ချက်နည်းအဆင့်ဆင့်တို့ကိုပါ ဓာတ်ပုံရိုက်ကူးထားပြီးနောက် ငါးချဥ်စပ်ဟင်းရည်လေး ချက်ပေးခဲ့သည်။

မိန်းကလေးမှ ချစ်သူကောင်လေးရဲ့မိဘတွေဆီကနေ မျက်နှာရအောင် ကြိုးစားပမ်းစားချက်ပြုတ်ပြင်ဆင်ပေးခဲ့သော သူချက်လိုက်သောငါးမှာ ရိုးရိုးငါးမဟုတ်ပဲ သန်းနဲ့ချီတန်ဖိုးရှိသော စျေးကြီးငါးတစ်ကောင်သာဖြစ်နေ၍ မျက်နှာမရသည့်အပြင် အိမ်ကနေပါ မောင်းထုတ်ခံလိုက်ရသည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.