အသက်(၇)နှစ်ရွယ်ထဲကထိန်းလာခဲ့တဲ့ လင်ပါသားကိုအသက်(၂၀)အရွယ်မှာ ခိုးပြေးခဲ့တဲ့ မိထွေး

Lifestyle


မိထွေးတစ်ယောက်ကတော့ သူမရဲ့လင်ပါသားကို ပြန်ပြီး လက်ထပ်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်တမ်းက လင်ပါသားနဲ့ သူမဟာ ခင်ပွန်းနဲ့ပတ်သက်မှ အမျိုးတော်တာဖြစ်ပြီး၊ သာမန်အားဖြင့်တော့ သူစိမ်း သက်သက်တွေ ဖြစ်ကြပါတယ်။ သို့သော်လည်း လူမှုရေးဘက်မှာတော့ ဒါက လူကဲ့ရယ်စရာလို့ အများစုက မှတ်ထင်ကြပါတယ်။

ဥပမာ ပထွေးက မယားပါးသမီးကို လက်ထပ်တာပဲဖြစ်ဖြစ်၊ မိထွေးက လင်ပါသားကို လက်ထပ်တာပဲဖြစ်ဖြစ် မည်သည့် လူမှုပတ်ဝန်းကျင်ကမှ ဒီလိုလုပ်ရပ်မျိုးကို ကောင်းချီးပေးကြမှာ မဟုတ်ကြပါဘူး။အခု မိထွေးရဲ့အမည်ကတော့ Marina Balmasheva ဖြစ်ပါတယ်။

သူမဟာလွန်ခဲ့တဲ့ (၁၃)နှစ်ကအသက်(၄၅)နှစ်အရွယ်အိမ်ထောင်သည် Alexey Shavirin နဲ့ လက်ထပ်ခဲ့ပါတယ်။Alexey နဲ့ Marina တို့ဟာ အသက်(၁၀)နှစ် ကွာပါတယ်။ Alexey မှာ Vladimir အမည်ရ သားတစ်ယောက် ပါလာခဲ့ပြီး၊ သူတို့ လက်ထပ်စဉ်တုန်းက အဲဒီကောင်လေးက အသက်(၇)နှစ်သာ ရှိပါသေးတယ်။

Alexey နဲ့ Marina တို့ဟာ အိမ်ထောင်သက် (၁၀)နှစ်ကျော်မှာ ကွာရှင်းခဲ့ပြီး၊ ခင်ပွန်းဟောင်းရဲ့သားဖြစ်သူ Vladimir ကို Marina က ခိုးပြေးခဲ့ပါတယ်။Marina နဲ့ Vladimir တို့ လက်ထပ်ချိန်မှာတော့ Vladimir က အသက်(၂၀) ဖြစ်နေပါပြီ။ Vladimir ဟာ Marina ထက် (၁၅)နှစ်အထိ ငယ်ပါတယ်။

Marina ဟာ သူမရဲ့ခင်ပွန်းအသစ်စက်စက်လေးနဲ့ လူမှုကွန်ရက် အင်စတာဂရမ်မှာ ကြွားခဲ့ချိန်မှာတော့ လူတွေက အပြုသဘောဆောင်တဲ့ မှတ်ချက်တွေထက်၊ ဝိုင်းဝန်းဆဲဆိုခြင်း ခြိမ်းခြောက်ခြင်း၊ အပြစ်ပြောခြင်းတွေသာ ခံခဲ့ရပါတယ်။သူမဟာ ခင်ပွန်းဟောင်းဖြစ်သူရဲ့သားကို လူမမယ်အရွယ်ကတည်းက မလုပ်သင့်တဲ့ အပြုအမူတွေ ပြုလုပ်ကာ မြှူစွယ်ဖျားယောင်းခဲ့သူလို့ စွပ်စွဲခံခဲ့ရပါတယ်။

တကယ်လည်း လင်ကြီး ငုပ်တုတ်ရှိခဲ့ပါလျှက် ၎င်းရဲ့သားကို ခိုးယူပေါင်းသင်းခဲ့တာဟာ အလွန်ရှက်စရာ ကိစ္စပါ။ ဒါပေမယ့် Marina ကတော့ ဒီကိစ္စကို အပြစ်လို့ မမြင်ဘဲ၊ ဒါဟာ အချစ်အတွက် စွန့်စားမှုတစ်ခုလို့ မြင်တယ်လို့ ဆိုပါတယ်။Marina နဲ့ Vladimir တို့ဟာ အခုအခါမှာ ရုရှားနိုင်ငံ၊ Krasnodar Krai မှာ နေထိုင်ကြပါတယ်။

Marina ဟာ သူမရဲ့အင်စတာဂရမ်မှာ ပရိသတ် (၄၁၇၀၀၀)အထိ ရှိပြီး၊ သူမရဲ့ လုပ်ရပ်ကို သင့်တင့်တဲ့လုပ်ရပ်လို့ ပြောပါတယ်။ သူမက ” ပုံပြင်ဇာတ်လမ်းတစ်ခုမှာ အမြင် နှစ်မျိုး ကွဲနေမှာပေါ့ … ကိုယ်ပိုင်ဆိုတဲ့အရာရယ် … ကိုယ်ပိုင်မဟုတ်တဲ့ အရာရယ် ဒါပဲ ကွာပါတယ် … ရှင်တို့ ပြောချင်သလို ပြောပါ .. ကျွန်မမှာ ကိုယ်ပိုင်ပုံပြင် ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။

သူမက ” ကျွန်မ ကိုယ်ပိုင်အမြင်မှာတော့ ဒီအချိန်ဟာ ခင်ပွန်းဟောင်းကို စွန့်ခွာသွားရမယ့်အချိန်ဆိုတာ သိပါတယ် … နှစ်ပေါင်းများစွာ ကျွန်မတို့ မလွယ်ကူတဲ့အခြေအနေတွေကို ရုန်းကန်ခဲ့ရတာပါ … ကျွန်မတွေးတာက ကျွန်မမိသားစုကို ကျွန်မကိုယ်တိုင် ထောက်ပံ့နိုင်တယ်ဆိုတာပါပဲ … အသက်(၃၅)မှာ ကျွန်မကိုယ်ကျွန်မ မစွန့်လွှတ်ချင်ဘူး … ကျွန်မ Vladimir ကို ပိုင်ဆိုင်ချင်တယ် “လို့ ပြောခဲ့ပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Crd

Leave a Reply

Your email address will not be published.