Zawgyi
လင္မယားနွစ္ေယာက္စကားမ်ားၾကသည္ကို နားၿငီးတယ္ဟု ဝင္ေရာက္ ေျပာဆိုရာမွSee more
လင္မယား စကားမ်ားရန္ျဖစ္ေနသည္ကို နားၿငီးသည္ဟု ဝင္ေရာက္ေျပာဆိုရာမွ စကားမ်ားရန္ျဖစ္ၿပီး ဝါးရင္းဒုတ္ျဖင့္႐ိုက္သတ္မိသည့္ ျဖစ္စဥ္ ေတာင္ငူခ႐ိုင္ ၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ျဖစ္သြားခဲ့ေၾကာင္းသိရသည္ ။
ေတာင္ငူခ႐ိုင္ ၊ ထန္းတပင္ၿမိဳ႕နယ္ ၊ ေခ်ာင္းဝေက်း႐ြာအုပ္စု ၊ ကရင္နီကုန္းေက်း႐ြာ အနီး အုတ္လုပ္ငန္းတြင္ မနက္ ၃ နာရီအခ်ိန္က သိန္းေဌး ( ၃၅ )ႏွစ္ ႏွင့္ ဇနီးျဖစ္သူ မခိုင္ႏွင္းဆီ ( ၂ ၀ )ႏွစ္ ၊ စပါးႂကြယ္ေက်း႐ြာေနသူတို႔သည္ စကားမ်ားရန္ျဖစ္ေနၾကေၾကာင္းသိရသည္။
ယင္းသို႔ အက်င္လင္မယား စကားမ်ားရန္ျဖစ္ေနသည္ကို အုတ္လုပ္ငန္းအတူ လုပ္ကိုင္ေနေသာ ဆန္းမင္း ( ၃၅ )ႏွစ္ ကမ္းပါးနီေက်း႐ြာေနသူမွ နားၿငီးတယ္ဟု ဝင္ေရာက္ေျပာဆိုရာမွ ဆန္းမင္း ႏွင့္ သိန္းေဌးတို႔ ႏွစ္ဦးသည္ စကားမ်ား ရန္ျဖစ္ခဲ့ၾကေၾကာင္းသိရသည္ ။
ယင္းသို႔ စကားမ်ားရန္ျဖစ္ၾကစဥ္ ဆန္းမင္း မွ အနီးရွိ ဝါးဆစ္ပိတ္ ဒုတ္ျဖင့္ ႐ိုက္ခဲ့ရာ သိန္းေဌးတြင္ ဝဲဘက္ဂ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာ ၊ ဝဲဘက္ပါး႐ိုးဖုေရာင္ ဒဏ္ရာမ်ားရရွိကာ သတိေမ့ၿပီး ထန္းတပင္ေဆး႐ုံမွ တဆင့္ ေတာင္ငူ ေဆး႐ုံးႀကီးသို႔ ကုသစဥ္ ေသဆုံးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္ ။
” ဒီကေန႔ မနက္ ၁၀ နာရီေလာက္က ဆုံးသြားတယ္ မြန္းလြဲ ၁၂ နာရီေလာက္မွာ က်ဴးလြန္သူ ဆန္းမင္းကို ဖမ္းဆီးရမိခဲ့ပါတယ္ ယခုေတာ့ ရဲလုပ္ငန္းအတိုင္း ဆက္လက္ လုပ္ေဆာင္ေနပါတယ္ဟု ” ေတာင္ငူခ႐ိုင္ မႈခင္းႏွိမ္နင္းေရး ေခါင္းေဆာင္ ရဲအုပ္ျမင့္ထူး ကေျပာသည္။အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဆန္းမင္း အား ထန္းတပင္ ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေဆာင္႐ြက္ထားေၾကာင္း အဆိုပါ ရဲစခန္းမွ သိရသည္ ။
ေနလင္းေအာင္(ေတာင္ငူ)
Unicode
လင်မယားနှစ်ယောက်စကားများကြသည်ကို နားငြီးတယ်ဟု ဝင်ရောက် ပြောဆိုရာမှSee more
လင်မယား စကားများရန်ဖြစ်နေသည်ကို နားငြီးသည်ဟု ဝင်ရောက်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး ဝါးရင်းဒုတ်ဖြင့်ရိုက်သတ်မိသည့် ဖြစ်စဉ် တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ်တွင် ဖြစ်သွားခဲ့ကြောင်းသိရသည် ။
တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ ချောင်းဝကျေးရွာအုပ်စု ၊ ကရင်နီကုန်းကျေးရွာ အနီး အုတ်လုပ်ငန်းတွင် မနက် ၃ နာရီအချိန်က သိန်းဌေး ( ၃၅ )နှစ် နှင့် ဇနီးဖြစ်သူ မခိုင်နှင်းဆီ ( ၂ ၀ )နှစ် ၊ စပါးကြွယ်ကျေးရွာနေသူတို့သည် စကားများရန်ဖြစ်နေကြကြောင်းသိရသည်။
ယင်းသို့ အကျင်လင်မယား စကားများရန်ဖြစ်နေသည်ကို အုတ်လုပ်ငန်းအတူ လုပ်ကိုင်နေသော ဆန်းမင်း ( ၃၅ )နှစ် ကမ်းပါးနီကျေးရွာနေသူမှ နားငြီးတယ်ဟု ဝင်ရောက်ပြောဆိုရာမှ ဆန်းမင်း နှင့် သိန်းဌေးတို့ နှစ်ဦးသည် စကားများ ရန်ဖြစ်ခဲ့ကြကြောင်းသိရသည် ။
ယင်းသို့ စကားများရန်ဖြစ်ကြစဉ် ဆန်းမင်း မှ အနီးရှိ ဝါးဆစ်ပိတ် ဒုတ်ဖြင့် ရိုက်ခဲ့ရာ သိန်းဌေးတွင် ဝဲဘက်ဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၊ ဝဲဘက်ပါးရိုးဖုရောင် ဒဏ်ရာများရရှိကာ သတိမေ့ပြီး ထန်းတပင်ဆေးရုံမှ တဆင့် တောင်ငူ ဆေးရုံးကြီးသို့ ကုသစဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည် ။
” ဒီကနေ့ မနက် ၁၀ နာရီလောက်က ဆုံးသွားတယ် မွန်းလွဲ ၁၂ နာရီလောက်မှာ ကျူးလွန်သူ ဆန်းမင်းကို ဖမ်းဆီးရမိခဲ့ပါတယ် ယခုတော့ ရဲလုပ်ငန်းအတိုင်း ဆက်လက် လုပ်ဆောင်နေပါတယ်ဟု ” တောင်ငူခရိုင် မှုခင်းနှိမ်နင်းရေး ခေါင်းဆောင် ရဲအုပ်မြင့်ထူး ကပြောသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆန်းမင်း အား ထန်းတပင် မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည် ။
နေလင်းအောင်(တောင်ငူ)
Crd