နင်ဘာလို့ အာသာဖြေတာလဲ?
ဒေါသထွက်နေတဲ့မျက်လုံးရဲရဲတောက်နဲ့စိုက်ကြည့်ပြီးမေးတဲ့ဆရာမရဲ့မေးခွန်းကိုကျွန်တော်ဘယ်လိုဖြေရမှာလဲ။




အတန်းဆင်းသွားလို့ ဆရာမရဲ့ကျူရှင်ခန်းလေးထဲမှာကျွန်တော်နဲ့ဆရာမနဲ့နှစ်ယောက်သာရှိတော့သည်။
ဆရာမဆိုသည်မှာလည်းအသက်ကြီးကြီးမဟုတ် ကျွန်တော့်ထက်အလွန်ဆုံးကြီးမှ ငါးနှစ်ခန့်သာဖြစ်မည်။
ဆရာမကတော်တော်ငယ်ပါသေးတယ်။




ပြီးတော့ချောလည်းချောသည်။ အညာသူပီပီအသားညိုစိမ့်စိမ့်နှင့်အတော်ကြည့်ကောင်းသည်။
အရပ်အတန်အသင့်ရှည်၍တောင့်သည်။ အသက်ငယ်သော်လည်းစကားပြောပြတ်သည်။
အခုလည်းကျွန်တော်အာသာဖြေတာကိုသိသွားသောကြောင့်အလွန်အမင်းဒေါသထွက်နေလေသည်။
“မင်းကိုအေးပြီးစာတော်တဲ့ကလေးလို့ထင်ထားတာ အခုလုပ်ပုံကိုကြည့်ဦး အာသာဖြေတာမှန်လားမှားလားပြောစမ်း”




ဆရာမအသံမှာတော်တော်ပင်မာကျောနေသည်။ ဒေါသထွက်သောစိတ်ကြောင့်ဖြစ်မည်ထင်သည်။
ခန္ဓာကိုယ်ကလေးမှာလည်းတဆတ်ဆတ်တုန်နေလေသည်။
“မွား မွားပါတယ္ဆရာမ”
“ကဲပြောစမ်းပါဦး ဘာလို့အာသာဖြေရတာလဲ”
ကျွန်တော်မဖြေနိုင်ပါ။ ဘာဖြေရမလဲမသိပါ။ ဆရာမကျွန်တော့်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။
အမူအရာမှာစောစောကလေ




ာက်မခက်ထန်တော့ပဲ ပြေလျော့သွားဟန်တူသည်။
ကျွန်တော့်ကိုစိုက်ကြည့်ပြီး….
“ဒီတစ်ကြိမ်တော့ခွင့်လွှတ်လိုက်မယ် ”
အခုမှရင်ထဲကအလုံးကြီးကျသွားတော့သည်။
“ကျေးဇူးတင်ပါတယ်ဆရာမ နောက်တစ်ခါဒီလိုအမှားမျိုးထပ်မလုပ်တော့ပါဘူးဆရာမ”
ဆရာမက မျက်လုံးရွဲကြီးများနှင့်ကျွန်တော့်ကိုစိုက်ကြည့်နေသည်။




ထို့နောက်ကျွန်တော့်ပုခုံးကိုကိုင်ပြီး
“ကဲပါ မင်းကကလေးဆိုတော့ တစ်ခါတစ်လေတော့မှားမှာပေါ့။ ဒါပေမယ့်သေချာတော့မှတ်ထားနော်၊
ဝါတာလူးစစ်ပွဲမှာစစ်ရှုံးသွားတာဘယ်သူလဲလို့မေးရင် နပိုလီယန်လို့ဖြေရမှာနော် အာသာဖြေရမှာမဟုတ်ဘူး”
ဤသည်မှာကျွန်တော့်သမိုင်းဆရာမလေးမှ အာသာဘုရင်ကြီးနှင့်




နပိုလီယန်ကိုမှားဖြေသောကြောင့်ကျွန်တော့်ကိုဆုံးမနေခြင်းဖြစ်လေတော့သည်။
အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။
Credit လေးစားလျက်