အသက်ကြီးလာသော်လည်း ရုပ်ရည်မကျသွားပဲ နုပျိုနေဆဲဖြစ်၍ သမီးလေးရဲ့ ချစ်သူကောင်လေးSee more..

Lifestyle







1.


2.

Rain (For Ialinks)

Unicode

အသက်ကြီးလာသော်လည်း ရုပ်ရည်မကျသွားပဲ နုပျိုနေဆဲဖြစ်၍ သမီးလေးရဲ့ ချစ်သူကောင်လေးဟုပင် အထင်မှားခံနေရသော အသက်၄၇နှစ်အရွယ် ဖခင်တစ်ဦး


လူသားအားလုံးသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ရုပ်ရည်ကိုယ်ခန္ဓာတို့ကလည်း တဖြည်းဖြည်းနဲ့ ယိုယွင်းလာကာ ငယ်ရွယ်နုပျိုခြင်းတွေ ပျောက်ဆုံးလာတတ်ကြတာ သဘာဝဆိုပေမယ့် မည်သူကမှ အသက်မကြီးလာချင်ပဲ နုပျိုလှပမှုကို မက်မောကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ရင့်ကျက်တည်ငြိမ်သော ရုပ်ရည်မျိုးနှင့် တည့်တည်တံ့တံ့စတိုင်ရှိသည့် ကောင်လေးတစ်ဦးနဲ့ ဓာတ်ပုံတွဲရိုက်ပြီးလိုင်းပေါ်တင်ခဲ့ရာမှာ အကုန်လုံးက သူမရဲ့ချစ်သူရည်းစားဟုသာ ထင်နေခဲ့ကြသည်။


မိန်းကလေးလည်း ဘေးကတွဲရိုက်ထားသောကောင်လေးမှာ ချစ်သူမဟုတ်ပဲ အသက် သူမရဲ့အဖေအရင်းသာဖြစ်ကြောင်း ငယ်ငယ်တုန်းကအတူအမှတ်တရရိုက်ထားသော ဓာတ်ပုံလေးကို ထုတ်ပြကာ ရှင်းပြခဲ့ချိန်တွင် အများမှ အံ့အားသင့်ကုန်ကြသည်။



ထို့အပြင် မိန်းကလေးသည် သူမဖခင်ဖြစ်သူတစ်ယောက်တည်း အရွယ်တင်နုပျိုနေတာမဟုတ်ပဲ သူမရဲ့မိခင်၊ အဖွားတို့ရဲ့ပုံကိုပါ လိုင်းပေါ်မျှဝေခဲ့ရာ တစ်မိသားစုလုံး အသက်အရွယ်နှင့်မလိုက်အောင် လှပနုပျိုနေဆဲဖြစ်တာကြောင့် အများမှ အားကျခြင်းတွေ ဖြစ်ခဲ့ရသည်။

Rain (For Ialinks)

Crd

Leave a Reply

Your email address will not be published.