အိမ်ပြန်တော့မဲ့အိမ်အကူအတွက် စမတ်ဖုန်းအသစ်တစ်လုံးနှင့်ငွေသားများစွာကိုSee more..

International News

အိမ်ပြန်တော့မဲ့အိမ်အကူအတွက် စမတ်ဖုန်းအသစ်တစ်လုံးနှင့်ငွေသားများစွာကို အိမ်ပြန်လက်ဆောင်အဖြစ်ထည့်ပေးခဲ့တဲ့ ကြင်နာတတ်တဲ့အလုပ်ရှင်တစ်ဦး (ရုပ်သံ)

မလေးရှားနိုင်ငံရှိ Ismaniza အမည်ရှိအလုပ်ရှင်အမျိုးသမီးတစ်ဦးဟာ သူမသားအတွက် ကလေးထိန်းဖြစ်တဲ့ Maria Teresa Campos အမည်ရှိအမျိုးသမီးအား ၂၀၁၆ ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့ပြီး သူမကိုပထမဆုံးရွေးချယ်မှုပြုလုပ်ခဲ့ကြောင်းကို ၀န်ခံခဲ့ပါတယ်။

Ismaniza ဟာ သူမသားအတွက်ကလေးထိန်းလိုနေတဲ့အချိန်မှာ ထိုအေဂျင်စီမှာ Maria တစ်ဦးတည်းသာကျန်ခဲ့တဲ့အပြင် Maria ရဲ့အရင်အလုပ်ရှင်ကလည်း သူမကိုလက်မခံတော့တာကြောင့် Ismaniza က သူမအားလက်ခံရန်ကြောက်ရွံ့ခဲ့ကြောင်းကို ဝန်ခံခဲ့ပါတယ်။

သို့ပေမဲ့ ရွေးချယ်စရာမရှိတာကြောင့် Ismaniza ဟာ Maria အားသူမတို့ရဲ့အိမ်အကူအဖြစ်ပါ လက်ခံခဲ့ပါတယ်။နောက်ပိုင်းမှာ Maria ဟာ သူမက မဆိုးဘူးဆိုတာကိုသက်သေပြလာတဲ့အခါ Ismaniza ရဲ့ကြောက်ရွံ့မှုက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းသွားခဲ့ကြောင်း ဆိုပါတယ်။

တစ်ကယ်တော့ Maria က ကြင်နာတတ်တဲ့အပြင် ချစ်ဖို့ကောင်းပြီးအလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ Ismaniza ဟာ တင်းကျပ်တဲ့အလုပ်ရှင်တစ်ဦးဖြစ်ဟန်တူခဲ့ပေမဲ့ Maria ဟာ အလုပ်ထွက်သွားမဲ့အစား ပိုကြိုးစားပြီး သူမရဲ့အလုပ်ရှင်ရဲ့ယုံကြည်မှုကိုရယူခဲ့ပါတယ်။

၅ နှစ်အကြာမှာတော့ Ismaniza ဟာ Maria အား ကလေးထိန်းအဖြစ်မစဉ်းစားဘဲ သူမကို ကမ္ဘာပေါ်ရှိအကောင်းဆုံးမိခင်တစ်ယောက်အဖြစ် မှတ်ယူခဲ့ပါတယ်။ Maria က ဖိလစ်ပိုင်နိုင်ငံ Butuan မြို့ရှိအိမ်သို့ပြန်ရန်အချိန်ရောက်လာတဲ့အခါ Ismaniza ဟာ မျက်ရည်ကျခဲ့ရပါတယ်။ သို့ပေမယ့် ကျေးဇူးရှင်အလုပ်ရှင်က Maria ကို လက်ဗလာနဲ့အိမ်မပြန်စေခဲ့ပါဘူး။

Maria ရဲ့လေယာဉ်ထွက်ခွါရန်အချိန်ကျရောက်လာချိန်မှာ Ismaniza က သူမအတွက် စမတ်ဖုန်းအသစ်တစ်လုံးနှင့် ပိုက်ဆံအများကြီးဖြင့် Maria အား အံ့အားသင့်သွားစေခဲ့ပါတယ်။ Maria က သူမတို့ကို အကြွေးများပေးဖို့ရှိနေပေမဲ့ Ismaniza က သူမကိုပြန်ဆပ်ဖို့လည်း မတောင်းဆိုခဲ့ပါဘူး။

အဲ့ဒီအစား Ismaniza က Maria နဲ့သူမရဲ့မိသားစုအတွက်လက်ဆောင်အဖြစ်ပေးလိုက်တာကြောင့် Maria ဟာ Butuan မြို့ရှိသူမရဲ့နေအိမ်ကို ဆက်ဆက်တည်ဆောက်နိုင်ခဲ့ပါတယ်။မလေးရှားရှိအလုပ်ရှင် Ismaniza က တစ်နေ့နေ့မှာ Maria နှင့်ပြန်ဆုံနိုင်ရန် သူမရဲ့သားအား Butuan မြို့သို့ ပို့နိုင်မယ်လို့လည်း မျှော်လင့်ထားခဲ့ပါသေးတယ်။

Zawgyi

အိမ္ျပန္ေတာ့မဲ့အိမ္အကူအတြက္ စမတ္ဖုန္းအသစ္တစ္လုံးႏွင့္ေငြသားမ်ားစြာကို အိမ္ျပန္လက္ေဆာင္အျဖစ္ထည့္ေပးခဲ့တဲ့ ၾကင္နာတတ္တဲ့အလုပ္ရွင္တစ္ဦး (႐ုပ္သံ)

မေလးရွားႏိုင္ငံရွိ Ismaniza အမည္ရွိအလုပ္ရွင္အမ်ိဳးသမီးတစ္ဦးဟာ သူမသားအတြက္ ကေလးထိန္းျဖစ္တဲ့ Maria Teresa Campos အမည္ရွိအမ်ိဳးသမီးအား ၂၀၁၆ ခုႏွစ္မွာရွာေဖြေတြ႕ရွိခဲ့ၿပီး သူမကိုပထမဆုံးေ႐ြးခ်ယ္မႈျပဳလုပ္ခဲ့ေၾကာင္းကို ၀န္ခံခဲ့ပါတယ္။

Ismaniza ဟာ သူမသားအတြက္ကေလးထိန္းလိုေနတဲ့အခ်ိန္မွာ ထိုေအဂ်င္စီမွာ Maria တစ္ဦးတည္းသာက်န္ခဲ့တဲ့အျပင္ Maria ရဲ႕အရင္အလုပ္ရွင္ကလည္း သူမကိုလက္မခံေတာ့တာေၾကာင့္ Ismaniza က သူမအားလက္ခံရန္ေၾကာက္႐ြံ႕ခဲ့ေၾကာင္းကို ဝန္ခံခဲ့ပါတယ္။


သို႔ေပမဲ့ ေ႐ြးခ်ယ္စရာမရွိတာေၾကာင့္ Ismaniza ဟာ Maria အားသူမတို႔ရဲ႕အိမ္အကူအျဖစ္ပါ လက္ခံခဲ့ပါတယ္။ေနာက္ပိုင္းမွာ Maria ဟာ သူမက မဆိုးဘူးဆိုတာကိုသက္ေသျပလာတဲ့အခါ Ismaniza ရဲ႕ေၾကာက္႐ြံ႕မႈက ေပ်ာ္႐ႊင္မႈအျဖစ္သို႔ ေျပာင္းသြားခဲ့ေၾကာင္း ဆိုပါတယ္။

တစ္ကယ္ေတာ့ Maria က ၾကင္နာတတ္တဲ့အျပင္ ခ်စ္ဖို႔ေကာင္းၿပီးအလုပ္ႀကိဳးစားတဲ့သူတစ္ေယာက္ျဖစ္တယ္လို႔လည္း ဆိုထားပါတယ္။ Ismaniza ဟာ တင္းက်ပ္တဲ့အလုပ္ရွင္တစ္ဦးျဖစ္ဟန္တူခဲ့ေပမဲ့ Maria ဟာ အလုပ္ထြက္သြားမဲ့အစား ပိုႀကိဳးစားၿပီး သူမရဲ႕အလုပ္ရွင္ရဲ႕ယုံၾကည္မႈကိုရယူခဲ့ပါတယ္။


၅ ႏွစ္အၾကာမွာေတာ့ Ismaniza ဟာ Maria အား ကေလးထိန္းအျဖစ္မစဥ္းစားဘဲ သူမကို ကမာၻေပၚရွိအေကာင္းဆုံးမိခင္တစ္ေယာက္အျဖစ္ မွတ္ယူခဲ့ပါတယ္။ Maria က ဖိလစ္ပိုင္ႏိုင္ငံ Butuan ၿမိဳ႕ရွိအိမ္သို႔ျပန္ရန္အခ်ိန္ေရာက္လာတဲ့အခါ Ismaniza ဟာ မ်က္ရည္က်ခဲ့ရပါတယ္။ သို႔ေပမယ့္ ေက်းဇူးရွင္အလုပ္ရွင္က Maria ကို လက္ဗလာနဲ႔အိမ္မျပန္ေစခဲ့ပါဘူး။


Maria ရဲ႕ေလယာဥ္ထြက္ခြါရန္အခ်ိန္က်ေရာက္လာခ်ိန္မွာ Ismaniza က သူမအတြက္ စမတ္ဖုန္းအသစ္တစ္လုံးႏွင့္ ပိုက္ဆံအမ်ားႀကီးျဖင့္ Maria အား အံ့အားသင့္သြားေစခဲ့ပါတယ္။ Maria က သူမတို႔ကို အေႂကြးမ်ားေပးဖို႔ရွိေနေပမဲ့ Ismaniza က သူမကိုျပန္ဆပ္ဖို႔လည္း မေတာင္းဆိုခဲ့ပါဘူး။


အဲ့ဒီအစား Ismaniza က Maria နဲ႔သူမရဲ႕မိသားစုအတြက္လက္ေဆာင္အျဖစ္ေပးလိုက္တာေၾကာင့္ Maria ဟာ Butuan ၿမိဳ႕ရွိသူမရဲ႕ေနအိမ္ကို ဆက္ဆက္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။မေလးရွားရွိအလုပ္ရွင္ Ismaniza က တစ္ေန႔ေန႔မွာ Maria ႏွင့္ျပန္ဆုံႏိုင္ရန္ သူမရဲ႕သားအား Butuan ၿမိဳ႕သို႔ ပို႔ႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ထားခဲ့ပါေသးတယ္။crd

Leave a Reply

Your email address will not be published.