သေဆုံးသွားခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဆိုပေမဲ့ နေ့စဉ်နေ့တိုင်း မျက်တောင်ခတ်နေတတ်တဲ့ ကျောချမ်းဖွယ်ကလေးမာမီရုပ်အလောင်း …See more…

Knowledge

သေဆုံးသွားခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဆိုပေမဲ့ နေ့စဉ်နေ့တိုင်း မျက်တောင်ခတ်နေတတ်တဲ့ ကျောချမ်းဖွယ်ကလေးမာမီရုပ်အလောင်း

အကယ်လို့ သင်သာအီတလီသို့အလည်ရောက်ခဲ့ရင် Palermo မြို့ရှိ Capuchin Catacombs သို့ မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။ ၎င်းမှာ ဧည့်သည်တွေကို လူကိုယ်တိုင်ကြည့်လို့ရတဲ့ မာမီအလောင်းပေါင်း ၈,၀၀၀ ကျော်ရှိပါတယ်။


၎င်းပြပွဲဟာ ဧည့်သည်များစွာကို အတော်လေးတုန်လှုပ်သွားစေလေ့ရှိပါတယ်။ ရုပ်အလောင်း ၈,၀၀၀ ကို လည်ပတ်ကြည့်နေစဉ် သင်မဖြစ်မနေသွားကြည့်သင့်တဲ့ကလေးရုပ်အလောင်းတစ်ခုလည်း ရှိနေပါတယ်။ သူမနာမည်က Rosalia Lombardo ဖြစ်ပြီး သူမကို Sleeping Beauty လို့ခေါ်ဆိုထားကြပါတယ်။

သူမဟာ အလွန်ကောင်းစွာထိန်းသိမ်းထားပြီး အသက်ရှင်သန်နေပုံလည်းရပါတယ်။ သူမနှင့်ပတ်သက်တဲ့ကြောက်စရာကောင်းတဲ့အစိတ်အပိုင်းမှာသူမမျက်တောင်ခတ်ခြင်းဘဲ ဖြစ်ပါတယ်။ Rosalia ဟာ အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်ချိန်မှာ အသက် ၂ နှစ်သာရှိပါသေးတယ်။

သူမသေပြီးတဲ့နောက်မှာ ရုပ်အလောင်းများကို ထိန်းသိမ်းတဲ့နေရာမှာ အလွန်ကျွမ်းကျင်သူဖြစ်ပြီး ၎င်းရုပ်အလောင်းများကို ယနေ့အချိန်အထိကြည့်ကောင်းအောင်ထိန်းသိမ်းထားနိုင်တဲ့အထိ ဓာတုဆေးဖော်စပ်နည်းကျွမ်းကျင်တဲ့ Alfredo Salafia ရဲ့ထုပ်ပိုးခြင်းကို ခံခဲ့ရပါတယ်။


မကြာသေးမီက သက်ဆိုင်သူများက Rosalia ကို MRI စက်တစ်ခုထဲထည့်လိုက်ပြီး သူမရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း နဂိုအတိုင်းရှိနေသေးတာကြောင့် သမိုင်းပညာရှင်များက သူမဟာ ရှေးရာစုနှစ်များစွာက အီဂျစ်လူမျိုးများနှင့်နည်းတူတဲ့ နည်းစနစ်ကိုသုံး၍မြှုပ်နှံခဲ့သည်ဟု ယုံကြည်ခဲ့ကြပါတယ်။ ထို့အပြင် ၎င်းသေဆုံးသွားတဲ့မိန်းကလေးငယ်ကို ၎င်း catacombs ထဲသို့လည်ပတ်နေစဉ်အတွင်း ဧည့်သည်များပါကြည့်ရှုနိုင်ဖို့ ပြသထားပါတယ်။


Rosalia ဟာ သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်သော်လည်း သူမရဲ့မျက်လုံးများအား ဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့ဓာတ်ပုံများနှင့်ဗီဒီယိုများစွာလည်း ရှိနေသလို အချို့သောဧည့်သည်များက သူမရဲ့အပြာရောင်မျက်လုံးတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လောက်တောင် ကျောချမ်းစရာကောင်းလိုက်မလဲဗျာ။ သူမရဲ့မျက်လုံးတွေက ဘာကြောင့်မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာလဲဆိုတဲ့ ကောလာဟလများလည်း အများကြီးရှိနေပါတယ်။ အချို့က ၎င်းဟာ catacombs များအတွင်းရှိစိုထိုင်းဆပြောင်းလဲခြင်းနှင့်သက်ဆိုင်ပေမဲ့ အချို့ကလည်း သူမရဲ့ဂနာမငြိမ်တဲ့ဝိညာဉ်ကြောင့်ဖြစ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါတယ်။


Zawgyi

သေဆုံးသွားခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဆိုပေမဲ့ နေ့စဉ်နေ့တိုင်း မျက်တောင်ခတ်နေတတ်တဲ့ ကျောချမ်းဖွယ်ကလေးမာမီရုပ်အလောင်း


အကယ်လို့ သင်သာအီတလီသို့အလည်ရောက်ခဲ့ရင် Palermo မြို့ရှိ Capuchin Catacombs သို့ မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။ ၎င်းမှာ ဧည့်သည်တွေကို လူကိုယ်တိုင်ကြည့်လို့ရတဲ့ မာမီအလောင်းပေါင်း ၈,၀၀၀ ကျော်ရှိပါတယ်။၎င်းပြပွဲဟာ ဧည့်သည်များစွာကို အတော်လေးတုန်လှုပ်သွားစေလေ့ရှိပါတယ်။ ရုပ်အလောင်း ၈,၀၀၀ ကို လည်ပတ်ကြည့်နေစဉ် သင်မဖြစ်မနေသွားကြည့်သင့်တဲ့ကလေးရုပ်အလောင်းတစ်ခုလည်း ရှိနေပါတယ်။ သူမနာမည်က Rosalia Lombardo ဖြစ်ပြီး သူမကို Sleeping Beauty လို့ခေါ်ဆိုထားကြပါတယ်။


သူမဟာ အလွန်ကောင်းစွာထိန်းသိမ်းထားပြီး အသက်ရှင်သန်နေပုံလည်းရပါတယ်။ သူမနှင့်ပတ်သက်တဲ့ကြောက်စရာကောင်းတဲ့အစိတ်အပိုင်းမှာသူမမျက်တောင်ခတ်ခြင်းဘဲ ဖြစ်ပါတယ်။ Rosalia ဟာ အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်ချိန်မှာ အသက် ၂ နှစ်သာရှိပါသေးတယ်။


သူမသေပြီးတဲ့နောက်မှာ ရုပ်အလောင်းများကို ထိန်းသိမ်းတဲ့နေရာမှာ အလွန်ကျွမ်းကျင်သူဖြစ်ပြီး ၎င်းရုပ်အလောင်းများကို ယနေ့အချိန်အထိကြည့်ကောင်းအောင်ထိန်းသိမ်းထားနိုင်တဲ့အထိ ဓာတုဆေးဖော်စပ်နည်းကျွမ်းကျင်တဲ့ Alfredo Salafia ရဲ့ထုပ်ပိုးခြင်းကို ခံခဲ့ရပါတယ်။

မကြာသေးမီက သက်ဆိုင်သူများက Rosalia ကို MRI စက်တစ်ခုထဲထည့်လိုက်ပြီး သူမရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း နဂိုအတိုင်းရှိနေသေးတာကြောင့် သမိုင်းပညာရှင်များက သူမဟာ ရှေးရာစုနှစ်များစွာက အီဂျစ်လူမျိုးများနှင့်နည်းတူတဲ့ နည်းစနစ်ကိုသုံး၍မြှုပ်နှံခဲ့သည်ဟု ယုံကြည်ခဲ့ကြပါတယ်။ ထို့အပြင် ၎င်းသေဆုံးသွားတဲ့မိန်းကလေးငယ်ကို ၎င်း catacombs ထဲသို့လည်ပတ်နေစဉ်အတွင်း ဧည့်သည်များပါကြည့်ရှုနိုင်ဖို့ ပြသထားပါတယ်။


Rosalia ဟာ သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်သော်လည်း သူမရဲ့မျက်လုံးများအား ဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့ဓာတ်ပုံများနှင့်ဗီဒီယိုများစွာလည်း ရှိနေသလို အချို့သောဧည့်သည်များက သူမရဲ့အပြာရောင်မျက်လုံးတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လောက်တောင် ကျောချမ်းစရာကောင်းလိုက်မလဲဗျာ။ သူမရဲ့မျက်လုံးတွေက ဘာကြောင့်မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာလဲဆိုတဲ့ ကောလာဟလများလည်း အများကြီးရှိနေပါတယ်။ အချို့က ၎င်းဟာ catacombs များအတွင်းရှိစိုထိုင်းဆပြောင်းလဲခြင်းနှင့်သက်ဆိုင်ပေမဲ့ အချို့ကလည်း သူမရဲ့ဂနာမငြိမ်တဲ့ဝိညာဉ်ကြောင့်ဖြစ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published.