ယနေ့တရားရုံးတွင် တရားသူကြီး နှင့် ဒုရဲအုပ်တို့နှစ်ဦး တရားရုံးအတွင်း စကားများကြရာမှ… See more

News

Zawgyi

ယေန႔တရား႐ုံးတြင္ တရားသူႀကီး ႏွင့္ ဒုရဲအုပ္တို့ႏွစ္ဦး တရားရံုးအတြင္း စကားမ်ားၾကရာမွ… See more

ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခရိုင္တရား႐ုံးတြင္တာဝန္ထမ္းေဆာင္ေနသည့္ ခရိုင္တရားသူႀကီး ေဒၚသူဇာေအး ႏွင့္ တရား႐ုံးသို့တရားခံ ႏွင့္ အမွုတြဲလာေရာက္ပို့ေဆာင္သူ ဒုရဲအုပ္ ေဝလင္း တို့ႏွစ္ဦးမွာ

ညေန ၃ နာရီခန္႔က စကားမ်ားရန္ျဖစ္ရာမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။ခရိုင္တရား႐ုံးသို့ တာဝန္ျဖင့္လာေရာက္သူ ဒုရဲအုပ္ ေဝလင္းကို တရားသူႀကီး ေဒၚသူဇာေအးမွ စကားေျပာေနစဥ္

ရန္ျဖစ္ခဲ့ၾကရာ တရား႐ုံးအတြင္း ႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။” ဘာေတြစေျပာၿပီးျဖစ္ၾကတာလဲေတာ့ မသိဘူးဗ်။ မၾကားလိုက္ရဘူး။ တအားႀကီးေအာ္ေျပာေတာ့မွ သတိလဲထားမိ ၾကားလဲၾကားရတာပါ။

တရားသူႀကီးအမက နင့္အဆင့္ေလာက္နဲ႔ ဒုရဲအုပ္အဆင့္ေလာက္နဲ႔ ငါ့ကိုလာၿပီးမၿခိမ္းေျခာက္နဲ႔။ ဒုရဲအုပ္ကလည္း ေသနတ္ဆြဲထုတ္ေတာ့ ေသနတ္နဲ႔ဆိုၿပီးလုပ္မေနနဲ႔။ နင္ကဘာေကာင္လဲ ဆိုၿပီးတအားကိုေျပာတာ။တရား႐ုံးဝန္ထမ္းေတြက ဝင္ၿပီးေတာင္းပန္ အတင္းဆြဲၾကတာေပါ့” ဟု

မ်က္ျမင္ေတြ႕ရွိခဲ့သူတစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။ယခင္က ယခုကဲ့သို့ တရား႐ုံးအတြင္း စကားမ်ားရန္ျဖစ္ခဲ့သည္ကို မေတြ႕ခဲ့ဘူးေၾကာင္း တရားသူႀကီးကိုယ္တိုင္အေနျဖင့္လည္း သာမန္အရပ္သားတစ္ဦးကဲ့သို့ ေျပာဆိုဆက္ဆံျခင္းမ်ိဳး မျပဳလုပ္သင့္ေၾကာင္း

ဖ်ာပုံခရိုင္အတြင္းက ဥပေဒပညာရွင္တစ္ဦးက သုံးသပ္ထားသည္။ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းကလည္း ဖ်ာပုံခရိုင္တရားသူႀကီး ေဒၚသူဇာေအး၏ ေနအိမ္တြင္ မီးေလာင္မွုျဖစ္ပြားခဲ့ၿပီး ယေန႔အခ်ိန္အထိ အေရးယူေဆာင္ရြက္မွုမရွိေသးေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Unicode

ယနေ့တရားရုံးတွင် တရားသူကြီး နှင့် ဒုရဲအုပ်တို့နှစ်ဦး တရားရုံးအတွင်း စကားများကြရာမှ… See more

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တရားရုံးတွင်တာဝန်ထမ်းဆောင်နေသည့် ခရိုင်တရားသူကြီး ဒေါ်သူဇာအေး နှင့် တရားရုံးသို့တရားခံ နှင့် အမှုတွဲလာရောက်ပို့ဆောင်သူ ဒုရဲအုပ် ဝေလင်း တို့နှစ်ဦးမှာ

ညနေ ၃ နာရီခန့်က စကားများရန်ဖြစ်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ခရိုင်တရားရုံးသို့ တာဝန်ဖြင့်လာရောက်သူ ဒုရဲအုပ် ဝေလင်းကို တရားသူကြီး ဒေါ်သူဇာအေးမှ စကားပြောနေစဉ်

ရန်ဖြစ်ခဲ့ကြရာ တရားရုံးအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။” ဘာတွေစပြောပြီးဖြစ်ကြတာလဲတော့ မသိဘူးဗျ။ မကြားလိုက်ရဘူး။ တအားကြီးအော်ပြောတော့မှ သတိလဲထားမိ ကြားလဲကြားရတာပါ။

တရားသူကြီးအမက နင့်အဆင့်လောက်နဲ့ ဒုရဲအုပ်အဆင့်လောက်နဲ့ ငါ့ကိုလာပြီးမခြိမ်းခြောက်နဲ့။ ဒုရဲအုပ်ကလည်း သေနတ်ဆွဲထုတ်တော့ သေနတ်နဲ့ဆိုပြီးလုပ်မနေနဲ့။ နင်ကဘာကောင်လဲ ဆိုပြီးတအားကိုပြောတာ။တရားရုံးဝန်ထမ်းတွေက ဝင်ပြီးတောင်းပန် အတင်းဆွဲကြတာပေါ့” ဟု

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ယခင်က ယခုကဲ့သို့ တရားရုံးအတွင်း စကားများရန်ဖြစ်ခဲ့သည်ကို မတွေ့ခဲ့ဘူးကြောင်း တရားသူကြီးကိုယ်တိုင်အနေဖြင့်လည်း သာမန်အရပ်သားတစ်ဦးကဲ့သို့ ပြောဆိုဆက်ဆံခြင်းမျိုး မပြုလုပ်သင့်ကြောင်း

ဖျာပုံခရိုင်အတွင်းက ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ထားသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေး၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။crd

Leave a Reply

Your email address will not be published.