Zawgyi
ေန႔ခင္းေၾကာင္ေတာင္ ဒဂုံအေရွ႕ပိုင္းတြင္ ဒလီပို့သူတစ္ဦးကို လူတစ္စုမွLight Truck ကားျဖင့္အေနာက္ကေန… See more
ရန္ကုန္တိုင္း ေဒသႀကီး ဒဂုံအေရွ႕ပိုင္းၿမိဳ့နယ္တြင္ ဒလီပို့သူ လူငယ္တစ္ဦးအား လူ(၅)ဦးမွ အုပ္စုဖြဲ႕ ရိုက္ႏွက္ကာ လုယက္မွုတစ္ခု ဇြန္လ (၆) ရက္ မြန္းလႊဲပိုင္းက ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ဇြန္လ (၆) ရက္ မြန္းလႊဲ (၂) နာရီ ဝန္းက်င္က ဒဂုံအေရွ႕ပိုင္းၿမိဳ့နယ္၊ အမွတ္ (၁၀) ရပ္ကြက္ ဗိုလ္ေစာေနာင္လမ္း တြင္ Touch Delivery Myanmar မွ
ဒလီပို့သူ လူငယ္တစ္ဦးအား ရိုက္ႏွက္ လုယက္သြားျခင္း ျဖစ္ ေၾကာင္း အဆိုပါ ကုမၸဏီထံမွ သိရသည္။”ျဖစ္သြားတဲ့အခ်ိန္က ေန႔လည္ ၂ နာရီပတ္ဝန္းက်င္ပါ။ ႐ုံးကိုပစၥည္းအကုန္ပို့ၿပီး ျပန္လာတဲ့လမ္းမွာျဖစ္တာပါ။ေန႔လယ္ႀကီး အလုခံရတာပါ။
လုံျခဳံမွုမရွိေတာ့ပါဘူး။ရိုက္လုတဲ့သူက (၅) ေယာက္ေလာက္ရွိတယ္” ဟု Touch Delivery Myanmar က ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသိ ေပးေျပာၾကားသည္။လုယက္သူမ်ားသည္ စက္ဘီးျဖင့္သြားေနသည့္ ဒလီပို့သူ လူငယ္၏ ေနာက္သို့
Light Truck ကားျဖင့္ ေရာက္ရွိလာၿပီး ဦးေခါင္းကို စတင္ ရိုက္ႏွက္ခဲ့ျခင္း ျဖစ္ၿပီး လဲက်သြားသည့္အခ်ိန္တြင္ ဝိုင္းဝန္း ထိုးႀကိတ္ကန္ေက်ာက္ကာ ေငြႏွင့္ ႐ုံးေဘာင္ခ်ာမ်ားထည့္ထားသည့္ အိပ္ကို ယူေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ရိုက္ႏွက္ခံရသည့္ လူငယ္တြင္ ဦးေခါင္း ထိခိုက္မိကာ အာ႐ုံေၾကာ ထိခိုက္မိျခင္း၊ ေက်ာႏွင့္ ရင္ဘတ္ေအာင့္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
Unicode
နေ့ခင်းကြောင်တောင် ဒဂုံအရှေ့ပိုင်းတွင် ဒလီပို့သူတစ်ဦးကို လူတစ်စုမှLight Truck ကားဖြင့်အနောက်ကနေ… See more
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်တွင် ဒလီပို့သူ လူငယ်တစ်ဦးအား လူ(၅)ဦးမှ အုပ်စုဖွဲ့ ရိုက်နှက်ကာ လုယက်မှုတစ်ခု ဇွန်လ (၆) ရက် မွန်းလွှဲပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဇွန်လ (၆) ရက် မွန်းလွှဲ (၂) နာရီ ဝန်းကျင်က ဒဂုံအရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက် ဗိုလ်စောနောင်လမ်း တွင် Touch Delivery Myanmar မှ
ဒလီပို့သူ လူငယ်တစ်ဦးအား ရိုက်နှက် လုယက်သွားခြင်း ဖြစ် ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။”ဖြစ်သွားတဲ့အချိန်က နေ့လည် ၂ နာရီပတ်ဝန်းကျင်ပါ။ ရုံးကိုပစ္စည်းအကုန်ပို့ပြီး ပြန်လာတဲ့လမ်းမှာဖြစ်တာပါ။နေ့လယ်ကြီး အလုခံရတာပါ။
လုံခြုံမှုမရှိတော့ပါဘူး။ရိုက်လုတဲ့သူက (၅) ယောက်လောက်ရှိတယ်” ဟု Touch Delivery Myanmar က ဖြစ်စဉ်နှင့် ပတ်သက်၍ အသိ ပေးပြောကြားသည်။လုယက်သူများသည် စက်ဘီးဖြင့်သွားနေသည့် ဒလီပို့သူ လူငယ်၏ နောက်သို့
Light Truck ကားဖြင့် ရောက်ရှိလာပြီး ဦးခေါင်းကို စတင် ရိုက်နှက်ခဲ့ခြင်း ဖြစ်ပြီး လဲကျသွားသည့်အချိန်တွင် ဝိုင်းဝန်း ထိုးကြိတ်ကန်ကျောက်ကာ ငွေနှင့် ရုံးဘောင်ချာများထည့်ထားသည့် အိပ်ကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ရိုက်နှက်ခံရသည့် လူငယ်တွင် ဦးခေါင်း ထိခိုက်မိကာ အာရုံကြော ထိခိုက်မိခြင်း၊ ကျောနှင့် ရင်ဘတ်အောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။crd