(7.6.2022) မှ (14.6.2022) ထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း

ဗေဒင်

(7.6.2022) မှ (14.6.2022) ထိ ဟောစတမ်းနှင့် ယတြာ

– တနင်္ဂနွေ သားသမီးများအတွက်

ဒီရက်တွေအတွင်းမှာ စိတ်လေ၊ စိတ်မော၊ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။

စိတ်ရှည်ည် ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့ ကိန်းမျိုးဖြစ်တယ်။

အထင်လွဲပြီး စွပ်စွဲ ခံရတာ၊ ပြဿနာ ကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။

နေရာထိုင်ခင်း အဆောက်အဦးကိစ္စတွေ မတင်မကျတွေ ဖြစ်နေမယ်။

ပြည်တွင်း၊ ပြည်ပခရီးများ ဆန်၊ ဆီး၊ ဆေး၊ ဆား၊ စက်ကိစ္စ၊ အလုပ်တွေမှာ အလွဲအချောများနေမယ်။

မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်အလိပ်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ လုပ်ငန်းတွေမှာတော့ တိုးချ့ဲပြီး လုပ်သင့်ပါတယ်။

အလုပ်တွေ လုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်းမျိုး ဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြား၊ ကိစ္စများမှာ အထူးကောင်းပါတယ်။

ကျန်းမာရေး အကြောအဆစ်၊ အစားမှား၊ ဆေးမှား။ သွားဖုံနာ၊ သွေးပေါင်ကျ ရောဂါတွေ သတိထားဖို့လိုပါတယ်။

အထူးသဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတတ်တယ်။

အိမ်ထောင်ရေး ဖောက်ပြန်စွပ်စွဲ နားလည်မှု လွဲနေတာကြောင့် လမ်းခွဲရမလို အဖြစ်မျိုး ကြုံနေရတတ်တယ်။

ချစ်သူရည်းစားများအတွက်ကတော့ မောင်တစ်ရွာ၊ မယ်တစ်မြို့ ခွဲခွာနေရတာမျိုးတွေ ကြုံတွေ့ရမယ့် ကိန်းမျိုးပါပဲ။

ထီဝါသနာပါရင် (၅၇) အတွဲလိုက်စတဲ့ ဂဏန်းမျိုးရှာပြီး ရှေ့က ထားပြီး ထိုးပါ။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ ထီးဖြူ(၁၂)လက် ပေါင်မုန့်ထောပက်သုပ်(၅)ချပ် လှူပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

– တနင်္လာ သားသမီးများ အတွက်

ဒီရက်တွေအတွင်းမှာ နာမည်ဂုဏ်သတင်း တတ်စရာတွေ ကြုံမယ်။ ရာထူးနေရာ

အခွင့်အရေးကောင်းတွေ ကြုံရတတ်တယ်။ နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။

ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အလှူမင်္ဂလာကိစ္စအစီအစဉ်တွေ အောင်မြင်မယ်။

ကားတိုက်မှု တခုခုကို မြင်လိုက်တာနဲ့ (၇၂) အတွဲလိုက်စတဲ့ ထီးဂဏန်းကို ချက်ချင်း ထိုးပါ။

အထည်အလိပ်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပြူတာ၊ ကင်မရာလုပ်ငန်းတွေ

အကျိုးပေး အောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦးကိစ္စလည်း အောင်မြင်မယ်။

စပ်တူကိစ္စ၊ ရွှေကိစ္စ၊ လက်အောက်ငယ်သားကိစ္စ၊ မိသားစု အတွင်းရေးကိစ္စတွေမှာတော့

စိတ်ရှုပ်စရာ ခေါင်စားရတတ်တယ်။ ငွေကိစ္စတွေမှာ အဆင်ပြေမယ်။ လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။

အိမ်ထောင်ရှင်များအတွက် မရှိမကောင်း၊ ရှိမကောင်းဆိုသလို ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကိန်းမျိုး ဖြစ်ပါတယ်။

ချစ်သူရည်းစားများအတွက်ကတော့ ကြည်နူးဖွယ်ရာများ အထူးကြုံတွေ့နိုင်မယ့် ကာလပါပဲ။

ကျန်းမာရေး အရုံကြော၊ ရင်အောင့်၊ ဝမ်းကိုက်၊ လေနာ၊ လိပ်ခေါင်း။ လက်နာ ရောဂါတွေ သတိထားဂရုစိုက်သင့်ပါတယ်။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ တနင်္လာထောင့်မှာ တံခွန်(၉)လုံး၊ ကြံရည် (၂) ခွက်လှူပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

– အင်္ဂါ သားသမီးများ အတွက်

ဒီရက်တွေအတွင်းမှာ အဘက်ဘက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကို အရှိန်မြှင့်ပြီး လုပ်သင့်ပါတယ်။

လုပ်ငန်းသစ်စတာ၊ နေရာသစ်အစပြုတာတွေလည်း ကောင်းပါတယ်။ ရပ်ဝေးပြည်ပခရီးကောင်းတွေ ကြုံမယ်။

ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်း ရတတ်ပါတယ်။

မိတ်ဆွေ၊ ဆရာသမားတို့ရဲ့ အထင်အမြင် လွဲမှားခြင်းကိုတော့ ခံရတတ်တယ်။

မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်အလိပ်၊ လျှပ်စစ်ကိစ္စတွေမှာ အနှောက်အယှက် အထစ်အငေါ့တွေ များနေမယ်။

သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွား လုပ်ငန်းတွေမှာတော့ အောင်မြင်မှုကြီးများ ရရှိနိုင်ပါတယ်။

သူတစ်ပါးရဲ့ ပြဿနာမှာ ကြားညပ်ဖြေရှင်း ရတတ်တယ်။ စပ်တူကိစ္စများ မတင်မကျတွေ ဆုံးဖြတ်ရခက် နေလိမ့်မယ်။

ကျန်းမာရေး ဝမ်းဗိုက်၊ ဦးခေါင်း၊ အကြော၊ အဆစ် သတိပြုသင့်ပါတယ်။

အိမ်ထောင်ရှင်များအတွက် နီးတကျက်ကျက် ဝေးတသသ ဖြစ်နေလိမ့်မယ်။ ချစ်သူရည်းစားများအတွက်ကတော့

စိတ်ကောက်၊ စိတ်ဆိုးလို့ မကြာခဏ ပြန်ပြန်ချော့နေရမယ့် ကိန်းမျိုး ဖြစ်ပါတယ်။

ထီဝါသနာပါရင် (၆၄) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှာပြီး ထိုးပါ။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ရှောက်သီးသုတ် (၁) ပွဲလှူပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာသည်ကို တွေ့ကြုံ စံစားရပါလိမ့်မည်။

– ဗုဒ္ဓဟူး သားသမီးများ အတွက်

မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်း တွေမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊

စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။

စာချုပ်စာတမ်းကိစ္စတွေလည်း အဆင်ပြေမယ်။ ပြည်တွင်း၊ ပြည်ပခရီးကောင်းများ ကြုံရမယ့်အချိန်ပါပဲ။

ငွေကံလေးလည်း ကောင်းနေမယ်။ဘာသာရေးလုပ်ငန်းတွေ ဘုရားဖူးခရီးတွေ ပေါ်လာမယ်။

အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စတွေနဲ့ ပတ်သက်ရတတ်တယ်။ အောက်လက်ငယ်သားကိစ္စ၊

အထည်အလိပ်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်၊ အိမ်နေရာကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ဘူး။

လေထိုး၊ လေအောင့်၊ နှလုံး၊ ဒူး၊ နား၊ ရောဂါတွေ သတိထားသင့်ပါတယ်။

စက်ပစ္စည်း၊ ဆိုင်ခန်း၊ မြေ၊ အမွေ၊ ဖုန်းကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။

အိမ်ထောင်ရှင်များအတွက် ကြားလေသွေးလို့ နှစ်ပါးမသွေဝေးရတဲ့ အဖြစ်မျိုးပါ။

ချစ်သူရည်းစားများအတွက်ကတော့ အဆင်မပြေမှု လေးတွေဖြစ်ပြီးမှ ပြန်လည်သင့်မြတ် ပြေလည်သွားနိုင်ပါတယ်။

ထီဝါသနာပါရင် (၅၃) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ ကြာသပတေးထောင့်မှာ မုန့်စိမ်းပေါင်း(၅)ပန်းကန် လှူပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

– ကြာသပတေး သားသမီးများ အားလုံးအတွက်

ဒီရက်တွေအတွင်းမှာ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့် အချိန်မြှင့်သင့်တဲ့ အချိန်ပါပဲ။

ကံတရားက ကိုယ့်ကို မျက်နှာပေးတဲ့ ကိန်းမျိုး ဖြစ်ပါတယ်။ ငွေရွှင်မယ်။ ရွှေဝင်မယ်။

အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပြူတာ၊ ကင်မရာအလုပ်တွေမှာ အကျိုးအမြတ် များနိုင်ပါတယ်။

စပ်တူကိစ္စ၊ စာချုပ်စာတမ်းကိစ္စတွေတော့ သတိထားပါ။ ကိုယ့်ရဲ့ အောင်မြင်လာတဲ့အပေါ်

မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အမှုပတ်တတ်တယ်။

ပြည်တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်နေတတ်တယ်။ အောက်လက်ငယ်သား အကျိုးပေးမယ်။

အိမ်ထောင်ရှင်များအတွက် စိတ်ဝမ်းကွဲရတတ်တယ်။

ချစ်သူရည်းစားများအတွက်ကတော့ သတင်းကောင်း ကြားရတတ်တယ်။ ခရီးကောင်း သွားရမယ်။

ထီဝါသနာပါရင် (၂၄) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရအောင်ရှာပြီး ထိုးပါ။

ကျန်းမာရေး သွားနာ၊ သွေးတိုး၊ သွေးအားနည်း၊ အဆစ်အမြစ်တွေကိုက် ဖြစ်တတ်ပါတယ်။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ ဗုဒ္ဓဟူးထောင့်မှာ လ္ဘက်ရည်(၆)ခွက်၊ ကိတ်မုန့် (၂)ချပ် လှုပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

– သောကြာ သားသမီးများ အားလုံးအတွက်

ဒီရက်တွေအတွင်းမှာ အိမ်၊ ဆိုင်၊ စက်၊ အသုံးအဆောင်သစ်တွေ တခုပြီးတခု ဝင်လာတတ်ပါတယ်။

တစ်ခုရှိတာက ရှိပြီးသားပစ္စည်းကတော့ ထွက်တာ၊ ပျက်တာ များနေမယ်။

ငွေများများ ကိုင်မထားသင့်ဘူး။ အဲဒီ ငွေဟာ ဆေးဖိုးဝါးခ ဖြစ်သွားတတ်တယ်။ ဆန်၊ ဆီး၊ ဆေး၊

ဆား၊ စက်မှု၊ စာအုပ်စာတမ်း၊ အိမ်ဆောက်ပစ္စည်း၊ စပ်တူရှယ်ယာကိစ္စ၊ အဆောက်အဦးကိစ္စတွေ

အောင်မြင်၊ အကျိုးပေးမယ့် အချိန်မျိုး ဖြစ်ပါတယ်။ခရီးသွားလာရေးကိစ္စတွေ အလွဲလွဲအချောချော ဖြစ်နေတတ်တယ်။

နိုင်ငံခြား ရပ်ဝေးနဲ့ပတ်သက်လို့ မထင်မှတ်ပဲ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်တယ်။

မိတ်ဆွေရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ်စရာ ခေါင်စားရတတ်တယ်။

ဘာမဆို မတင်မကျ၊မရေမရာ ဖြစ်နေတတ်တာ လေးကို သတိပြုပါ။ စိတ်ရှည်ပါ။

အိမ်ထောင်ရှင်များအတွက် အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူရည်းစားများအတွက်ကတော့

ကံနိမ့်နေတဲ့ ကိန်းမျိုးမို့ လွမ်းသူရင်မော ဖြစ်နေတတ်ပါတယ်။

ထီဝါသနာပါရင် (၁၃) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။

ကျန်းမာရေး ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းမူး၊ ဇက်ကြောတတ်၊ ခါးနာ ရောဂါများ ဂရုစိုက်ပါ။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ အုန်းနို့ခေါက်ဆွဲ (၃) ပန်းကန် လှူပါ။

မိမိကိုယ်တိုင်လဲ စားရင်း လိုရာဆုတောင်းပါလေ သင်၏ အခက်အခဲများ ပြေပျောက်၍

ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

– စနေ သားသမီးများ အားလုံးအတွက်

ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိကြီးစွာ ထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်းသလို ဖြစ်နေတယ်။

ပြဿနာကြီးတွေလဲ ဖြေးရှင်းနေရတတ်တယ်။ကိုယ့်ကိစ္စ မဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညှပ်တတ်ပါတယ်။

ဆီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ် ဒုက္ခပေးတတ်တယ်။ ခရီးကံ အလွန်ကောင်းသောအချိန် ဖြစ်ပါတယ်။

အဝေးကလည်း အကူအညီကောင်းတွေ ရတတ်တယ်။အိမ်ကိစ္စ၊ အဖိုးတန်ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။

အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်းတွေ အကျိုးပေးမယ့် အချိန်ဖြစ်ပါတယ်။

မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ အိမ်ထောင်ရှင်များအတွက်

အိမ်ထောင်ဖက်ရဲ့ သတင်းကောင်း ကြားရတတ်ပြီး ချစ်သူရည်းစားများအတွက်ကတော့

ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုး ဖြစ်နေပါတယ်။

ထီဝါသနာပါရင် (၁၆) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။

ယၾတာ

ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ ထီးနီးသက်စေ့ လှူဒါန်းပြီး လိုရာဆုတောင်းပါလေ

သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။

Credit – ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်

Leave a Reply

Your email address will not be published.