အဖေလို အနုပညာသွေးပါတဲ့လူကြမ်းမင်းသားကြီးရဲ့ သမီးချောလေး ဇင်စန္ဒာထွန်း…

Cele News

အဖေလို အနုပညာသွေးပါတဲ့လူကြမ်းမင်းသားကြီးရဲ့ သမီးချောလေး ဇင်စန္ဒာထွန်း…

မင်းမင်းဆိုတဲ့ လူကြမ်းမင်းသားကြီးကို အားလုံးပဲမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။ အတိုက်အခိုက်အခန်းတွေ၊ ဘိန်းရောင်း‌တဲ့အခန်းတွေ ၊ မင်းသမီးကိုလိုက်နောက်ယှက်တဲ့အခန်းတွေနဲ့ လူဆိုးဂိုဏ်းအခန်းတွေမှာ သရုပ်ဆောင်လေ့ရှိတဲ့ မြန်မာလူကြမ်းကြီးက အခုဆိုရင် အနုပညာအလုပ်တွေကိုအရင်လောက် လုပ်ဖြစ်ဖို့မလွယ်ကူတော့ပါဘူး…

အနုပညာလုပ်ငန်းတွေကို အများကြီးရပ်ဆိုင်းထားတဲ့အချိန်မှာ ဇာတ်ဆောင်မင်းသားမင်းသမီးတွေတောင် ရိုက်ရက်တွေနားထားရတော့ လူကြမ်းမင်းသားတွေ ဇာတ်ပို့ဇာတ်ရံတွေက ပိုလို့တောင် အလုပ်နည်းနေမှာ အသေချာပါပဲ…ဒါကြောင့်လည်း လူကြမ်းကြီးမင်းမင်းက အခုဆိုရင် ကားမောင်းပြီးမိသားစုကိုရှာကျွေးနေတယ်လို့ သိရပါတယ်။

သူ့မှာ သိပ်ကိုချစ်စရာကောင်းပြီး အနုပညာ ပိုးပါတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်… သူ့နာမည်ကတော့ ဇင်စန္ဒာထွန်း ပါ… နာမည်လေးနဲ့လိုက်ပြီး သိပ်ကို ချစ်ဖို့ကောင်းတဲ့သူမဟာ သရုပ်ဆောင်ရတာ ဝါသနာပါတဲ့ သူလေးပါ။သူမဖေဖေက သူမကို အများကြီးပံ့ပိုးပေးချင်ပြီး သူ့သမီးလေးအတွက် အမြဲကြိုးစားနေတဲ့ ဖခင်ကြီးဆိုရင်လည်းမမှားပါဘူးနော်…

ဘယ်လောက်ပဲ မပြည့်စုံမှုတွေရှိနေပါစေ, ဘယ်လောက်ပဲ ပင်ပန်းပါစေ သားသမီးအတွက်ဆိုရင် ပေးဆပ် အားပေးပြီး အကောင်းဆုံးထောက်ပံ့ပေးချင်တာက မိဘဆိုတိုင်းပါပဲ…ဇာတ်လမ်းထဲမှာ လူကြမ်းကြီးဆိုပေမယ့်လည်း သမီးလေးအတွက်တော့ နှလုံးသားနုတဲ့ သူရဲကောင်းကြီးပါပဲနော်….

ချစ်စရာကောင်းတဲ့ ဇင်စန္ဒာထွန်းရဲ့ပုံလေးတွေကိုလည်းတင်ပေးလိုက်ပါတယ်…ကဲ လူကြမ်းမင်းသားကြီး ကိုမင်းမင်းရဲ့ သမီးကို အားပေးကြမယ်မလား ပရိတ်သတ်ကြီးတို့….
Credit

Leave a Reply

Your email address will not be published.