သရက်ကင်သည်လေးဘဝမှ အွန်လိုင်းစျေးသည်မလေးအဖြစ် ပြောင်းလဲ ရောင်းချတော့မည့် ဂျမ်းတောလေးတို့ ညီအမ ၂ယောက်

Cele News

Zawgyi







Unicode

သရက်ကင်သည်လေးဘဝမှ အွန်လိုင်းဈေးသည်မလေးအဖြစ် ပြောင်းလဲ ရောင်းချတော့မည့် ဂျမ်းတောလေးတို့ ညီအမ ၂ယောက်

ပရိသတ်ကြီးရေ စကားမြန်မြန်ပြောတတ်တဲ့ သမန်းကုန်းက သရက်ကင်သည်မလေး ဂျမ်းတောကို အားလုံးပဲ သိကြမှာပါနော် အခုလတ်တလောမှာ ဂျမ်းတောရဲ့ စကားပြောပုံလေးကို ချစ်မြတ်နိုးလို့ အွန်လိုင်းမှာ မျှဝေသူများစွာရှိနေပါတယ်

ဂျမ်းတောလေးဟာ သရက်ကင်ရောင်းပြီး မောင်နှမဆယ်ယောက်နဲ့ မိခင်ကြီးကို ပြုစုပေးနေတာပဲဖြစ်ပါတယ် ရောင်းမဲ့သရက်ကင်တွေကိုတော့ သူမရဲ့ဖခင်က ပြုပြင်ပေးပါတယ် မိခင်ကြီးက ကျန်းမာရေးမကောင်းမွန်တာကြောင့် မကြာခဏဆိုသလို ဆေးကုသမှုတွေခံယူနေရပြီး

မကြာသေးခင်ရက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ထို့ကြောင့် ပရိသတ်တွေဟာ မောင်နှတွေများစွာနဲ့ကျန်ရစ်ခဲ့တဲ့ အကြီးဆုံးမလေး ဂျန်းတောအတွက်များစွာစိတ်မကောင်းဖြစ်နေခဲ့ပါတယ် အငယ်ဆုံးသားလေးက နို့မပြတ်သေးတာကြောင့် မိခင်ဖြစ်သူနဲ့ လိပ်ပြာခွဲခဲ့ရပါတယ်

သူမကို သးနာကြတဲ့ ပရိသတ်တွေကလည်း တတ်နိုင်သမျှအလှူငွေတွေ ပေးအပ်ကြတာကြောင့် မိခင်ကြီးရဲ့ နာရေးနေ့မှာတင် သိန်း ၂၀ ကျော်ရရှိခဲ့ပါတယ်ထို့နောက်မှာလည်း အလှူငွေတွေဆက်တိုက်ပေးလှူနေကြတာဖြစ်ပါတယ် ထိုအလှူငွေကိုတော့ ဟာသသရုပ်ဆောင် စည်သူပလပ်ကျွတ် မှတာဝန်ယူပေးအပ်နေတာဖြစ်ပါတယ်

အခုဆိုရင် စည်သူပလပ်ကျွတ် က ဂျမ်းတောလေးတို့ညီအမ ၂ ယောက်ကို အွန်လိုင်းကနေပဲ ဈေးရောင်းချဖို့အတွက် ပြင်ဆင်ပေးနေတာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးလည်း ဂျမ်းတောလေးတို့ညီအမအတွက်အနုပညာကြေးလေးရအောင် အားပေးခဲ့ကြပါဦးနော်crd

Leave a Reply

Your email address will not be published.