မြောက်ဥက္ကလာပဆေးရုံကြီးက ရင်ခွဲရုံမှာ သေလူတယောက်ဆီက လက်စွပ်ချွတ် မရလို့ ချွတ်ပေးဖို့ ဖုန်းဆက်လာသောအခါ

Knowledge

တနေ့က မြောက်ဥက္ကလာပဆေးရုံကြီးက ရင်ခွဲရုံမှာ သေလူတယောက်ဆီက လက်စွပ်ချွတ် မရလို့ ချွတ်ပေးဖို့ အကူအညီဖုန်းဝင်လာခဲ့တယ်။

ကူညီပေးမယ်ဆိုပြီး ကိုယ့်ဘက်ကလည်း အကြောင်းပြန်ပေးလိုက်တယ်လေ။ရင်ခွဲရုံရောက်သွားတော့ အေးစိမ့်နေတဲ့အခန်းထဲမှာလည်း လူသေတွေ အစီအရီနဲ့ပေါ့။

ကိုယ်ကတော့ ရင်ခွဲတဲ့ကျောက်ကုတင်ကြီးပေါ်က ရင်ဘတ်ဟောင်းလောင်း အေးစက်စက်နဲ့သေလူရဲ့လက်ကို ကိုင်တွယ်လို့ အထိအခိုက်မရှိအသပ်ရပ်ဆုံးချွတ်ပေးခဲ့ရတာပေါ့။

အဲ့လိုနဲ့ အသိတခု ခေါင်းထဲရောက်ခဲ့ရတယ်။တကယ်တော့ ဘုရားဟောတရားလိုပါပဲလားသေတဲ့အခါ ပါသွားမှာကပြုခဲ့တဲ့ကုသိုလ်နဲ့ အကုသိုလ် တွေပါပဲ။တခြားအသုံးအဆောင်ပစ္စည်းမှန်သမျှ ထားခဲ့ရမှာချည်းပါပဲ။ရှင်ချိန်မှာ လောဘ ဒေါသ မောဟမာန်မာနတွေ သံသယတွေနဲ့ တကယ်တမ်း လက်တွဲတွေဖြုတ်ကြရတော့ အကုန်ထားခဲ့ရပြီး ပြာဖြစ်သွားရတာပါပဲ။

ချစ်ကြပါ မာန်မာနတွေလျှော့လို့ သံသယတွေ ဖျောက်ပစ်ကြစမ်းပါရှင်ခြင်းက အစိုးမရပါဘူးသေခြင်းသာ တကယ်ကြုံရမှာပါ။မိတ်ဆွေအသက်ရှင်စဉ်မှာ… ချစ်နိုင်သမျှ ချစ်ပေးပါနော်…ပြီး..ခွဲခွာနိုင်ဖို့လည်း.အသင့်ပြင်ထားပေးပါ..။

ကိုယ်ချစ်ရတဲ့သူတွေဟာ…ကိုယ့်အနားမှာ အမြဲရှိနေမှာ သေချာရဲ့လား..သုသာန်မှာ..ခေါင်းတိုင်ကထွက်လာတဲ့ မီးခိုးတွေ ကုန်ဆုံးသွားချိန်… ဘဝတစ်ခုဟာ.. အပြီးသတ်သွားတယ်..။

ကျွန်တော်တို့ချစ်သော…ဇနီး ခင်ပွန်း..သားသမီး..မိဘ..မောင်နှမ..အားလုံး ဒီလမ်းကိုသွားရမှာ သိသိကြီးနဲ့ ကျွန်တော်တို့ဘာတွေလုပ်နေကြသလဲ…။ရန်ဖြစ်ကြတယ်..စိတ်ကောက်ကြတယ်..မာနပြိုင်ကြတယ်..ဓနပြိုင်ကြတယ်..ကဲ့ရဲ့ကြတယ်..စွတ်စွဲကြတယ်.. ရှုံ့ချကြတယ်..ပစ်ပယ်ကြတယ်.. အနိုင်ယူကြတယ်.. စွန့်ပစ်ကြတယ်…

အမျိုးမျိုးသော..စိတ်မိုက်တွေနဲ့…မောဟတွေ.လောဘတွေ.ဒေါသတွေနဲ့…ချစ်တဲ့သူတွေကို ချစ်ပေးဖို့..ဂရုစိုက်ပေးဖို့..မေ့လျော့နေကြတယ်..။

ကျွန်တော်တို့မေ့လျော့ကြပုံက..သူတို့ဟာ တသက်လုံးရှိနေမှာလိုလို…တကယ်လို့ မနက်ဖြန် သူတို့သေမယ်ဆိုတာသိရင်..ဒီနေ့ သူ့ကို တင်းကျပ်စွာပွေ့ဖက်ထားပြီး.. ချစ်သောစကားကို ဆိုမိကြမယ်မှတ်လား..

နောက်လ မှာ သူသေမှာသိရင် ခုချိန်မှာ သူဆန္ဒ္ဒကိုဖြည့်ဆည်းပေးမိကြမယ်မှတ်လား..။ ဒါပေမယ့် သူဟာအကြာကြီးမသေပဲရှိဦးမယ် လို့သာထင်ပြီး မေ့မေ့လျော့လျော့ပဲနေမိကြတယ်…

ဗြုန်းကနဲသေချိန်… ငါဘာလေးလုပ်မပေးလိုက်ရလေခြင်းလို့..နောင်တကြီးစွာဖြစ်ကြရတယ်..။ သူရှိတုန်းက ဒီလိုလေးပြောဖြစ်ခဲ့ရင်ဆိုတဲ့နောင်တနဲ့ ကြီးစွာသောကရောက်ကြရတယ်..။

ငါသည် ဘယ်အချိန်မှာမဆိုသေနိုင်သည်.. ငါသည် ဘယ်နေရာမှာမဆို သေနိုင်သည်.. ငါသည် ဘယ်ပုံစံနဲ့မဆို သေနိုင်သည်..တဲ့.. ဘုရား ဟေါခဲ့တာပါ..။အဲဒါဟာ.. မနက်ဖြန်ဆိုရင်ရော…။ ကိုယ်ချစ်ရသူ နက်ဖြန်သေမှာဆိုရင်ရော..ကိုယ်..မနက်ဖြန်သေမှာ ဆိုရင်ရော..ဒီလိုတွေးမိလာတဲ့အခါ…

သားသမီးကိုမှာစရာလေးတွေ ပြောထားပေးဖို့.. မိဘကို အရာရာဖြည့်ဆည်းပေးဖို့.. ဇနီးခင်ပွန်းကို ကြင်နာဖေးမပေးဖို့..အရာရာခွင့်လွှတ်ပြီး.. နားလည်ပေးဖို့.. ကျွန်တော်တို့ အဆင်သင့်ဖြစ်သွားပါတယ်။

ထားလိုက်စမ်းပါ.. မာနတွေ..သိက္ခာတွေ..ပကာသနတွေ.. ချစ်တဲ့သူကို ချစ်တယ် လို့ပြောလိုက်စမ်းပါ..။ မိုးရွာထဲ ထွက်သီချင်းဆိုချင် ဆိုပစ်စမ်းပါ.. ကလေးတယောက်လို လမ်းလျှောက်ချင်လျှောက်ပစ်စမ်းပါ..

ပျော်ပျော်ပါးပါးကခုန်ချင် ကပစ်လိုက်စမ်းပါ..ကိုယ်တိုင်လဲ လုပ်ပစ်လိုက်ပါ..သူ့ကိုလဲ ခွင့်ပြုလိုက်ပါ..။သူ..ဆိုတာ..သေပြီးရင်…တသက်လုံးမတွေ့ရတော့ဘူးလေ..။အိပ်မက်မှာတွေ့ချင်ရင်တောင်..တွေ့ခွင့်မရတော့တာမျိုးပါ..။

ဒါကြောင့်..ရှင်နေစဉ်ကာလ… ချစ်တယ်လို့ပြောဖို့ဝန်မလေးကြပါနဲ့..။ ဆန္ဒ တွေဖြည့်ဆည်းပေးဖို့ မမေ့လျော့ကြပါနဲ့..။သားလေး ဘာလိုချင်လဲ လို့တခါမေးတိုင်း..မေမေ..ဘာလိုအပ်လဲ..ဖေဖေ..ဘာလုပ်ပေးရမလဲ.. ဆိုတာပါ.. တွဲပြီးသတိရမိပါစေ..။

ချစ်သက်တမ်းဘယ်လောက်ကြာလာလာ…မေကြီးရော.မင်းကိုကိုယ်ချစ်လိုက်တာ..ဖေကြီးရေ..ကျေးဇူးတင်ပါတယ်နော်..လို့..ချစ်ခင်ယုယမှုလေးတွေ ပြပေးလိုက်ကြစမ်းပါ..။

ဆိုးပေမိုက်မဲ တဲ့ သားကိုလည်းတသက်လုံးစကားကောင်းကောင်းမပြောခဲ့တဲ့ဖေဖေကသားလေး..မင်းကိုအဖေ ချစ်တယ်လို့ ပြောပေးလိုက်ပါ.။ဖေဖေသားကို ခွင့်လွှတ်ပါ လို့ထိုင်ကန်တော့လိုက်ပါ..။

ချစ်လျက်နဲ့ ကျောခိုင်းနေတဲ့ ချစ်သူတွေပြေးဖက်လိုက်ကြစမ်းပါ…။ အဲဒီ မာနဆိုတာတွေဟာ..သေဆုံး သွားချိန်မှာ အလကားပါပဲ..။ပြီး…တနေ့..သေမှာ..ဘယ်သူအရင်လဲမသိလေတော့..သဲအူပြတ်မတတ် မခံစားရအောင်..သူလည်း..ရုပ်နဲ့ နာမ်..တချိန်ပျက်စီးမယ်..ငါလည်း ရုပ်နဲ့နာမ်..တချိန်ပျက်သုန်းမယ်….သူ့သက်တမ်းရှိသလောက်ပဲနေမယ်..စသည်…

မရဏနုသတိလေး ညအိပ်ကာနီးတိုင်းဆင်ခြင်ပြီးသေချင်တဲ့အချိန်သေကြမယ်..ရေစက်ပါလို့တွေ့ကြပြီး သံသရာမှာလည်း တွေ့ဆုံနိုင်သေးတယ်ဆိုတာ…

နှလုံးသားထဲစွဲထင်အောင် လေ့ကျင့်ထားကြဖို့လဲ လိုအပ်ပါတယ်…ကိုယ်တိုင်လည်း သေတတ်အောင်..သူသေလည်း ကျန်နေတတ်အောင်..လေ့ကျင့်ကြဖို့လိုတယ်…

ကျွန်တော်တို့ဟာ သေချာပေါက်သေကြမှာပဲလေ..။ဒီတော့..မသေခင်.. မေတ္တာထားချစ်ခင်ပေးကြပါ..ပျော်ရွှင်လွတ်လပ်စွာနေထိုင်သွားကြပါ..ပြီး…သေရင်ခွဲခွာဖို့အတွက်လည်း အသင့်ပြင်ထားကြပါ..လို့ဒီနေ့ခံစားရတာလေး ချရေးလိုက်ပါတယ်..။

( Dr sndh ရဲ့ စာသားတချို့ မှီငြမ်းလို့ ကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံကို ပေါင်းစပ်ရေးသားထားခဲ့ပါတယ် )

ကိုသားသား #Credit

Leave a Reply

Your email address will not be published.