၉၁ နှစ်အရွယ်အမျိုးသမီးနှင့်ချစ်ကြိုက်ခဲ့သလို အသက်ကြီးကြီးအမျိုးသမီးတွေကိုမှစွဲလမ်းတယ်လို့ဆိုတဲ့ ၃၁ နှစ်အရွယ်အမျိုးသား..See more. ..

Lifestyle

၉၁ နှစ်အရွယ်အမျိုးသမီးနှင့်ချစ်ကြိုက်ခဲ့သလို အသက်ကြီးကြီးအမျိုးသမီးတွေကိုမှစွဲလမ်းတယ်လို့ဆိုတဲ့ ၃၁ နှစ်အရွယ်အမျိုးသား

USA နိုင်ငံတွင် My Strange Obsession ဟုခေါ်သောမှတ်တမ်းရုပ်ရှင်စီးရီးဆိုတဲ့အစီအစဉ်တစ်ခုရှိပါတယ်။ ၎င်း show ပွဲဟာ အခြားသူတို့၏စိတ်ဝင်စားမှုနှင့်ဝါသနာပါ၀င်မှုများကို အံ့ဩစေတဲ့ဇာတ်ကောင်များစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။


၎င်းထူးခြားဆန်းပြားတဲ့ဖြစ်စဉ်တွေအားလုံးထဲမှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး အသက်ကြီးတဲ့အမျိုးသမီးတွေကိုမှသဘောကျစွဲလမ်းတဲ့ Kyle Jones အမည်ရှိအမျိုးသားတစ်ဦးရဲ့ထူးခြားတဲ့ပုံပြင်တစ်ပုဒ်လည်း ပါဝင်နေခဲ့ပါတယ်။

၎င်းအစီအစဉ်ရဲ့ဗီဒီယိုကို အင်တာနက်ပေါ်မှာ ပြန်လည်ဝေမျှခဲ့ပြီးနောက် ကြည့်ရှုသူတွေကို ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့ပါတယ်။ ၎င်းShow ပွဲ၌ ပေါ်လာခဲ့တဲ့ Kyle က သူဟာနှစ်ပေါင်းများစွာကြာလာတဲ့အထိ အသက် ၆၀ ကျော်အမျိုးသမီးများနှင့်သာချိန်းတွေ့ခဲ့ပြီးသူ၏အသက်အကြီးဆုံးချစ်သူမှာ ၉၁ နှစ်အရွယ်ရှိကြောင်းအခိုင်အမာဝန်ခံခဲ့ပါတယ်။

Showပွဲအတွင်းမှာ Kyle က အသက်ကြီးတဲ့အမျိုးသမီးတွေကို စွဲလမ်းခဲ့ခြင်းကဘယ်လိုစခဲ့တယ်ဆိုတဲ့အကြောင်းများကိုလည်း ရှင်းပြခဲ့ပါတယ်။


သူဟာ အသက် ၁၈ နှစ်အရွယ်မှာ အသက် ၅၀ အရွယ်အမျိုးသမီးနှင့်ချိန်းတွေ့ခဲ့ပြီး ၁၂ နှစ်ကျောင်းသားအရွယ်တုန်းကလည်း သူ့ထပ်အသက်အများကြီး ကြီးတဲ့ဆရာမတစ်ဦးကို စွဲလမ်းခဲ့ပါသေးတယ်။Pennsylvania ပြည်နယ် Pittsburgh မြို့မှာနေထိုင်တဲ့ Kyle က “ အသက်ကြီးတဲ့အမျိုးသမီးတွေနဲ့ပတ်သက်သမျှအရာအားလုံးကို ငါ ချစ်တယ် ၊ သူတို့ရဲ့အနံ့အသက် ၊ စိတ်ခံစားချက် ၊ စိတ်ပိုင်းဆိုင်ရာတွေကို ငါချစ်တယ် ” ဟုဝန်ခံခဲ့ပါသေးတယ်။

၎င်းshow ရှိ episode တစ်ခုမှာ Kyle ဟာ ချိန်းတွေ့သည့်၀က်ဘ်ဆိုက်တစ်ခုတွင် အမျိုးသမီးများအား ရှာဖွေခဲ့ပြီး ရွှေရောင်ဆံပင်နှင့် အပြုံးလှတယ်လို့သူဆိုတဲ့ Karen အမည်ရှိ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို သတိပြုမိသွားခဲ့ပါတယ်။သူဟာ Karen က အရမ်းလှပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုခဲ့ပါသေးတယ်။


ထို့နောက် ၎င်းတို့ဟာ ချစ်ကြိုက်သွားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးမခွဲခွါချင်ခဲ့တာကြောင့် Kyle ရဲ့တိုက်ခန်းမှာ အတူတူနေထိုင်ခဲ့ကြပါတယ်။ Kyle ဟာ သူ၏ကိုယ်ပိုင်ဘ၀အကြောင်းကို showပွဲ၌ပင် ထုတ်ဖော်ပြသခဲ့ပါတယ်။

Kyle အား သူငယ်ချင်းဖြစ်သူတို့က သူ့ထက် ငယ်တဲ့မိန်းကလေးများနှင့်ချိန်းတွေ့ရန် ကြိုးစားစည်းရုံးခဲ့ကြသော်လည်း ဘယ်အရာကမှ Kyle ကို မတားဆီးနိုင်ခဲ့ပါဘူး။ အစီအစဉ်အဆုံးမှာ Kyle ဟာ Florida ပြည်နယ်သို့ပြန်သွားခဲ့ပြီး Jackie အမည်ရှိအသက်ကြီးကြီးအမျိုးသမီးနှင့် အခြားသောအဘွားအချို့နှင့်လည်း ထပ်မံတွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့ပါသေးတယ်။


Zawgyi

၉၁ နှစ်အရွယ်အမျိုးသမီးနှင့်ချစ်ကြိုက်ခဲ့သလို အသက်ကြီးကြီးအမျိုးသမီးတွေကိုမှစွဲလမ်းတယ်လို့ဆိုတဲ့ ၃၁ နှစ်အရွယ်အမျိုးသား

USA နိုင်ငံတွင် My Strange Obsession ဟုခေါ်သောမှတ်တမ်းရုပ်ရှင်စီးရီးဆိုတဲ့အစီအစဉ်တစ်ခုရှိပါတယ်။ ၎င်း show ပွဲဟာ အခြားသူတို့၏စိတ်ဝင်စားမှုနှင့်ဝါသနာပါဝင်မှုများကို အံ့ဩစေတဲ့ဇာတ်ကောင်များစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။ ၎င်းထူးခြားဆန်းပြားတဲ့ဖြစ်စဉ်တွေအားလုံးထဲမှာ အသက် ၃၁ နှစ်အရွယ်ရှိပြီး အသက်ကြီးတဲ့အမျိုးသမီးတွေကိုမှသဘောကျစွဲလမ်းတဲ့ Kyle Jones အမည်ရှိအမျိုးသားတစ်ဦးရဲ့ထူးခြားတဲ့ပုံပြင်တစ်ပုဒ်လည်း ပါဝင်နေခဲ့ပါတယ်။


၎င်းအစီအစဉ်ရဲ့ဗီဒီယိုကို အင်တာနက်ပေါ်မှာ ပြန်လည်ဝေမျှခဲ့ပြီးနောက် ကြည့်ရှုသူတွေကို ချက်ချင်းပင် အံ့အားသင့်သွားစေခဲ့ပါတယ်။ ၎င်းShow ပွဲ၌ ပေါ်လာခဲ့တဲ့ Kyle က သူဟာနှစ်ပေါင်းများစွာကြာလာတဲ့အထိ အသက် ၆၀ ကျော်အမျိုးသမီးများနှင့်သာချိန်းတွေ့ခဲ့ပြီးသူ၏အသက်အကြီးဆုံးချစ်သူမှာ ၉၁ နှစ်အရွယ်ရှိကြောင်းအခိုင်အမာဝန်ခံခဲ့ပါတယ်။


Showပွဲအတွင်းမှာ Kyle က အသက်ကြီးတဲ့အမျိုးသမီးတွေကို စွဲလမ်းခဲ့ခြင်းကဘယ်လိုစခဲ့တယ်ဆိုတဲ့အကြောင်းများကိုလည်း ရှင်းပြခဲ့ပါတယ်။ သူဟာ အသက် ၁၈ နှစ်အရွယ်မှာ အသက် ၅၀ အရွယ်အမျိုးသမီးနှင့်ချိန်းတွေ့ခဲ့ပြီး ၁၂ နှစ်ကျောင်းသားအရွယ်တုန်းကလည်း သူ့ထပ်အသက်အများကြီး ကြီးတဲ့ဆရာမတစ်ဦးကို စွဲလမ်းခဲ့ပါသေးတယ်။Pennsylvania ပြည်နယ် Pittsburgh မြို့မှာနေထိုင်တဲ့ Kyle က “ အသက်ကြီးတဲ့အမျိုးသမီးတွေနဲ့ပတ်သက်သမျှအရာအားလုံးကို ငါ ချစ်တယ် ၊ သူတို့ရဲ့အနံ့အသက် ၊ စိတ်ခံစားချက် ၊ စိတ်ပိုင်းဆိုင်ရာတွေကို ငါချစ်တယ် ” ဟုဝန်ခံခဲ့ပါသေးတယ်။


၎င်းshow ရှိ episode တစ်ခုမှာ Kyle ဟာ ချိန်းတွေ့သည့်ဝက်ဘ်ဆိုက်တစ်ခုတွင် အမျိုးသမီးများအား ရှာဖွေခဲ့ပြီး ရွှေရောင်ဆံပင်နှင့် အပြုံးလှတယ်လို့သူဆိုတဲ့ Karen အမည်ရှိ အသက်ကြီးကြီးအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို သတိပြုမိသွားခဲ့ပါတယ်။သူဟာ Karen က အရမ်းလှပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုခဲ့ပါသေးတယ်။ ထို့နောက် ၎င်းတို့ဟာ ချစ်ကြိုက်သွားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦးမခွဲခွါချင်ခဲ့တာကြောင့် Kyle ရဲ့တိုက်ခန်းမှာ အတူတူနေထိုင်ခဲ့ကြပါတယ်။ Kyle ဟာ သူ၏ကိုယ်ပိုင်ဘဝအကြောင်းကို showပွဲ၌ပင် ထုတ်ဖော်ပြသခဲ့ပါတယ်။


Kyle အား သူငယ်ချင်းဖြစ်သူတို့က သူ့ထက် ငယ်တဲ့မိန်းကလေးများနှင့်ချိန်းတွေ့ရန် ကြိုးစားစည်းရုံးခဲ့ကြသော်လည်း ဘယ်အရာကမှ Kyle ကို မတားဆီးနိုင်ခဲ့ပါဘူး။ အစီအစဉ်အဆုံးမှာ Kyle ဟာ Florida ပြည်နယ်သို့ပြန်သွားခဲ့ပြီး Jackie အမည်ရှိအသက်ကြီးကြီးအမျိုးသမီးနှင့် အခြားသောအဘွားအချို့နှင့်လည်း ထပ်မံတွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ crd

Leave a Reply

Your email address will not be published.