အရည်အချင်းမပြည့်မှီသော ဆရာဝန်နှင့် နှာခေါင်းခွဲစိတ်ကုသမှုခံယူပြီးနောက် နဂိုအလှလေးပါ ပျက်စီးသွားရသော မိန်းကလေး
ခွဲစိတ်ကုသမှုသည် အရမ်းခေတ်စားလာသည်နှင့်အမျှ အချို့မှာ ဖြစ်လာမည့်အကျိုးဆက်ကို သေချာမစဥ်းပဲ ခွဲစိတ်ဖို့သာ စိတ်အားထက်သန်နေကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ Gao Liu အမည်ရှိသော အသက် ၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဂွမ်ဒေါင်းပြည်နယ်ရှိ ဆေးခန်းတစ်ခုတွင် အလှအပအတွက် နှာခေါင်းအား ခွဲစိတ်ပြုပြင်ခဲ့သည်။
မိန်းကလေးမှာ နားအရိုးနုကို နှာခေါင်းတွင် အစားထိုးခွဲစိတ်အပြီး ၂လအကြာတွင် ထိတ်လန့်စရာကောင်းလောက်အောင် နှာခေါင်းထိပ်နားလေူမှာ မည်းလာပြီး အသားပုပ်သွားခဲ့သည်။
မိန်းကလေးအား ခွဲစိတ်ပေးလိုက်သော ဆရာဝန်မှာ ကျွမ်းကျွမ်းကျင်ကျင်မရှိသည့်အတွက်ကြောင့် အရည်အချင်းမပြည့်မှီမှုနှင့် ပေါင် ၅၄၁၀ဒဏ်ရိုက်ခံရပြီး တာဝန်မှ ၆လ ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။
မိန်းကလေးမှာ အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းသည် အန္တရာယ်ရှိကြောင်းကို အခြားသူများသိအောင် သတိပေးမျှဝေခဲ့သည်။
Zawgyi
အရည်အချင်းမပြည့်မှီသော ဆရာဝန်နှင့် နှာခေါင်းခွဲစိတ်ကုသမှုခံယူပြီးနောက် နဂိုအလှလေးပါ ပျက်စီးသွားရသော မိန်းကလေး
ခွဲစိတ်ကုသမှုသည် အရမ်းခေတ်စားလာသည်နှင့်အမျှ အချို့မှာ ဖြစ်လာမည့်အကျိုးဆက်ကို သေချာမစဉ်းပဲ ခွဲစိတ်ဖို့သာ စိတ်အားထက်သန်နေကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ Gao Liu အမည်ရှိသော အသက် ၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဂွမ်ဒေါင်းပြည်နယ်ရှိ ဆေးခန်းတစ်ခုတွင် အလှအပအတွက် နှာခေါင်းအား ခွဲစိတ်ပြုပြင်ခဲ့သည်။
မိန်းကလေးမှာ နားအရိုးနုကို နှာခေါင်းတွင် အစားထိုးခွဲစိတ်အပြီး ၂လအကြာတွင် ထိတ်လန့်စရာကောင်းလောက်အောင် နှာခေါင်းထိပ်နားလေူမှာ မည်းလာပြီး အသားပုပ်သွားခဲ့သည်။
မိန်းကလေးအား ခွဲစိတ်ပေးလိုက်သော ဆရာဝန်မှာ ကျွမ်းကျွမ်းကျင်ကျင်မရှိသည့်အတွက်ကြောင့် အရည်အချင်းမပြည့်မှီမှုနှင့် ပေါင် ၅၄၁၀ဒဏ်ရိုက်ခံရပြီး တာဝန်မှ ၆လ ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။
မိန်းကလေးမှာ အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းသည် အန္တရာယ်ရှိကြောင်းကို အခြားသူများသိအောင် သတိပေးမျှဝေခဲ့သည်။crd