လမ်းဘေးမှာ တောင်းရမ်းနေသော သူတောင်းစားမလေးကို မြင်မြင်ချင်း ဂရုဏာသက်ကာ ချစ်မိသွားပြီးSee more..

Lifestyle







Rain (For Ialinks)

Unicode

လမ်းဘေးမှာ တောင်းရမ်းနေသော သူတောင်းစားမလေးကို မြင်မြင်ချင်း ဂရုဏာသက်ကာ ချစ်မိသွားပြီး တစ်ဘဝလုံးစာ တာဝန်ယူလက်ထပ်လိုက်သော လူငယ်လေး

အချစ်ဆိုသောအရာသည် ဆန်းကြယ်သောအရာတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ဖူးစာရှင် အိမ်ထောင်ဖက်များကို ဘယ်လိုအချိန် ဘယ်နေရာမှာ ဘယ်လိုအနေအထားမျိုးနဲ့ ဆုံတွေ့ရမလဲဆိုတာမသိနိုင်ပဲ ရေစက်ပါလာသည့်အခါ တူတူပေါင်းဖက်ကြရပြန်သည်။


သို့ဖြစ်၍ အာဖရိကရှိ လူငယ်ကောင်လေးတစ်ဦးသည် သူလက်ထပ်မည့် ချစ်သူမိန်းကလေးမှာ တစ်ချိန်က ဆင်းရဲနွမ်းပါး၍ လမ်းဘေးမှာ တောင်းရမ်းသူတစ်ယောက်ဖြစ်ခဲ့ကြောင်း အများမှ သိရှိသွားချိန်တွင် အံ့အားသင့်ကုန်ကြသည်။

လူငယ်ကောင်လေးသည် ချမ်းသာသော အသိုင်းအဝိုင်းကဖြစ်ပြီး လမ်းဘေးမှာ ဗိုက်အရမ်းဆာပြီး တောင်းရမ်းနေသော မိန်းကလေးကို တွေ့ရှိချိန် မတူသလိုမတန်သလိုမျိုး ဆက်ဆံခြင်းမရှိပဲ သနားဂရုဏာစိတ်ထားကာ စားစရာအချို့ပေးပြီး အိမ်လိုက်ပို့ပေးခဲ့သည်။



နောက်ရက်တွေမှာ လူငယ်ကောင်လေးသည် တောင်းရမ်းသူမိန်းကလေးအိမ်သို့သွားရောက်ကာ အဝတ်အစားအသစ်လေးတွေ ဝယ်ပေးခဲ့ပြီး သူမအား မြင်မြင်ချင်း မေတ္တာသက်ဝင်နေကြောင်းနှင့်တစ်ဘဝလုံးစာ တာဝန်ယူ လက်ထပ်လိုကြောင်း ဖွင့်ပြောခဲ့သည်။

Rain (For Ialinks)

Crd

Leave a Reply

Your email address will not be published.