ယခုလတ်တလော လူတိုင်းစိတ်၀င်စားနေတဲ့ ဘုန်းကြီးနဲ့ မင်းသမီးပြဿနာ
International News
Shan234 လည်းရသလို ထိုင်းထီလည်း ကံစမ်းလို့ရပါတယ်။
SG Betting Service
Lucky Queen Family
Senior Agent
09425796045
unicode
ယခုလတ်တလော လူတိုင်းစိတ်ဝင်စားနေတဲ့ ဘုန်းကြီးနဲ့ မင်းသမီးပြဿနာ
ကိုယ်သိသလောက်ပါ။ မှားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။
Miruna Magar ဆိုတာ နီပေါမော်ဒယ်သရုပ်ဆောင်ပါ။ Civil Center မှာ ပရိတ်သတ်တွေကြား တိုးဝှေ့နေစဉ်မှာ လားမားဘုန်းကြီး Purba Lama ကလည်း စင်တာမှာ ရှိနေပြီး လူအုပ်ကြားထဲ ရောက်နေခဲ့ပါတယ်။
မင်းသမီးက တိုးဝှေ့နေစဉ် မင်းသမီးရဲ့ ဖင်ကို တစ်စုံတစ်ယောက်က လှမ်းကိုင်ပါတယ်။ အစပိုင်းမှာ မင်းသမီးလည်း မတော်တဆဆိုပြီး ထားလိုက်တယ်။ နောက်တော့ သုံးလေးခါလောက်ကိုင်တော့ သူလှည့်ကြည့်ချိန်မှာ ဘုန်းကြီးကို တွေ့ပါတယ်။
သူလည်း ဘုန်းကြီးကိုမြင်တော့ ဒေါသပိုထွက်ပြီး ပါးရိုက်လိုက်ပါတယ်။ (သူ့ အင်တာဗျူးမှာ ပြောထားတာပါ) ဘုန်းကြီးလည်း ရုတ်တရက်ပါးရိုက်ခံလိုက်ရတော့ အတော်ရှက်သွားဟန်တူပါတယ်။ သူ မဟုတ်ကြောင်း သူမလုပ်ကြောင်း ရှင်းပြပါသေးတယ်။
မင်းသမီးက သူ့နောက်မှာ ဘုန်းကြီးပဲရှိနေတာကို လိမ်ရမလားဆိုပြီး အတင်းအကျပ် အရှက်ခွဲပါတယ်။ ဘုန်းကြီးကို ပါးရိုက်တယ်။ ထိုင်ထလုပ်ခိုင်းတယ်။ ပြီးတော့ ရဲလက်အပ်လိုက်ပါတယ်။
တကယ့်အမှန်တရားက CCTV ကိုပြန်ကြည့်ချိန်မှာ ဘုန်းကြီးက ဖင်ကိုင်ခဲ့တာမဟုတ်ပဲ တခြားတစ်ယောက်ကကိုင်ပြီး ရှောင်ထွက်သွားခဲ့တာပါ။ ​ဘုန်းကြီးက သူမင်းသမီးမှန်းလည်း မသိပါဘူးတဲ့။ သူ့လမ်းသူသွားနေခဲ့တာ ဖြစ်ပါတယ်။
အဖြစ်မှန်ကို သိပြီးနောက် မင်းသမီးက ဘုန်းကြီးကိုရော ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတစ်ခုလုံးကို တောင်းပန်ခဲ့ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို မသိပဲ ဘုန်းကြီးစော်ကားပြီး ပါးရိုက်ခဲ့တဲ့ မင်းသမီးကိုတော့ သူ့ရဲ့ ဇာတ်ကားတွေကို မကြည့်ဖို့နဲ့ အားမပေးဖို့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။
ပြန်ပြီး တရားစွဲဖို့လည်း တိုက်တွန်းနေကြပါတယ်။
အဖြစ်မှန်ကို မသိပဲ လိုင်းပေါ်တင်ခဲ့တဲ့သူတွေလည်း ဘုန်းကြီးကို ပြန်လည်တောင်းပန်ခဲ့ကြပါတယ်။ လူတွေက အဖြစ်မှန်ကိုသိတာ နောက်မှပါ။
ဘုန်းကြီးက အရင်အရှက်ကွဲရပါတယ်။ ဘုန်းကြီးရဲ့ ပတ်ဝန်းကျင် ဒကာ ဒကာမတွေပြောချက်အရ ဘုန်းကြီးဟာ အလွန်အေးဆေးပြီး တရားဘာဝနာသာ အားထုတ်တတ်သူဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဆိုရှယ်မီဒီယာမှာ ထောက်ခံထားကြပါတယ်။
ဒါက ကျွန်တော်သိသလောက်ပါ။ မှားခဲ့တာရှိရင် ပြင်ဖတ်ပေးကြပါ။ crd
Leave a Reply
Your email address will not be published.