9.Jun.2022 မှ 15.Jun.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
သင့်ရဲ့ အောင်မြင်မှု့ကလက်တကမ်း မှာရှိနေတယ်။ သင်မလုပ်လျှင် အရာရာသူတပါး ဦးသွား မည်။
ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်မှ အောင်မြင်မည်။ အိမ်ထောင်ရေးမှာ စိတ်ရှုပ်ရ မည်။
အိမ်ထောင်ဘက်၍ ဆွေမျိုးတွေဒုက္ခပေးတာမျိုးကြုံရတတ်ပါတယ်။လုပ်ငန်းသစ်တခုလဲစဖြစ် မည်။
နေရာသစ်တစ်ခုလည်းရောက်မည်။ အလုပ်ပြောင်းလဲ မှု့ (သို့မဟုတ်) နေရာပြောင်းရွှေ့ မှု့ ဖြစ်မည်။




ရာထူးတက် မည်။ရည်ရွယ်ချက်များ အကောင်အထည်ဖော်အောင်မြင်မည်။ အချစ်ရေးမှာ စိတ်ရှုပ်ရမည်။
ချစ်ရသူတစ်ဦးဦးထံမှ လက်ဆောင်ရမည်။ သူတပါး ကို ကတိအရမ်းမပေးရ။ အကြီး အကဲ ကူညီမှု့ရမည်။
အလှူ အတန်းများမြင်ပါသည်။ စောပါသေးတယ်။ အေးပါသေးတယ်။ ပူပါသေး တယ်။
မိုးချုပ်သွားပြီးပဲ နောက်ရက်လုပ်လျှင် ရသေးတယ် ၊ ရက်တွေကျန်ပါ သေး တယ်။ ကိုယ်မလုပ် လည်း ရတာပဲ
စသဖြင့် အချိန်ဆွဲရာကနေလုပ်ငန်းမပြီးပြတ်မှုတွေ ဖြစ်လာမည်။ အဲဒီ စိတ်ဓာတ် ဤ ကာလ အတွင်း လုံးဝ မရှိအောင် ထားပါ။
ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရေကိုအချိန် ဆွဲပြီး မချိုးပါနှင့်။အရောင်းအဝယ်များကောင်းနိုင်တယ်။
သို့သော်အနှောင့်အယှက်မကင်းဘူး။ ဂရုစိုက် ပါ။ ပညာရေး အပေါ် သိပ်ပြီး စိတ်မပါသလိုဖြစ်နေမည်။
အကျိုးပေးဂဏန်း ၁/၂/၉
အထူးဟော ကံသင့်ရုံသာရှိသည်။ယတြာ ငှက်စာကျွေးပါ။
#တနင်္လာ
လုပ်ငန်းခွင်အတွင်းဦးဆောင်နေရသူဆိုမှန်ကန်မှု့ကို ဦးစားပေး ဆောင်ရွက်ဖြစ်မည်။ သင့်ရဲ့ စိတ်က ဘက်မလိုက်တရားမျှတမှု့ရှိသည်။
မျှတစွာ ဆောင်ရွက်ဖြစ်မည်။ ကျန်းမာရေးအလွန် ကောင်းနေမည်။ စိတ်သွားတိုင်း ကိုယ်ပါမဲ့နေ့ရက်တွေပါပဲ။
ခိုင်မာသော ဆုံးဖြတ်ချက် တခု ချဖြစ်မည်။ ဆုံးဖြတ်ချက် အတိုင်းအောင်မြင်မှု့ ရမည်။ ခရီးတစ်ခု မရည်ရွယ်ဘဲ သွားရမည်။
လုပ်ငန်းဟောင်းတို့ အပြီးသတ်ဆောင်ရွက်မှု့ အောင်မြင်မည်။ ၀င်ငွေ ၊ ထွက်ငွေကြမ်းနေမည်။
ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ ကြိုးစားမှု့ တိုင်း ထိုက်တန်သောအောင်မြင်မှု့ ရနေမည်။ခရီးဝေးယာယီ မြင်ပါတယ်။
အချစ်ရေးကံကောင်းပါတယ်။ဥစ္စာဓနကြွယ်ဝမှု့လမ်းကြောင်းပေါ် ကိုရောက်သော အလုပ် (သို့မဟုတ်)
အပေါင်းအသင်းရဲ့ ကူညီမှု့ တို့ရမည်။တည့်မတ်စွာ သွားနေသောလမ်းကြောင်းပေါ်မှ ကွေ့ကောက်ဖို့
တွန်းအားပေးမဲ့သူတွေရှိနေတတ်ပါတယ်။ အချစ်ရေးမှာ ကံအလွန်ကောင်းနေမည်။ ချစ်သူရဲ့တန်ဖိုး ထားခြင်းကိုခံရမည်။
အိမ်ထောင်ရေးသာယာမည်။မိသားစုကိုအချိန်ပေးနိုင်မည်။ပညာရေးနဲ့ပတ်သက်ပြီး အားရစရာကောင်းမည်။
မိမိတတ်သိထားသမျှတွေကို မျှဝေခွင့်ရမည်။
အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော အလုပ်အတွက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပါပြီ
ယတြာ ဓမ္မဒါနအလှူလေးတွေပြုလုပ်ပေးပါ




#အင်္ဂါ
ခရီးသစ် ၊ နေရာသစ် နှင့် အတူ အခွင့်အလမ်းအသစ်လည်း ရမှာသေချာနေပါတယ်။ စက်ကား ပြောင်းလဲမှု့ နှင့်
အလုပ်ပြောင်းလဲမှု့တွေ ဖြစ်လာပါမည်။ အရာရာ ကွက်ကျော်မြင် တတ်ပြီး ရည်ရွယ် ချက် ကြီးကြီးဖြင့်
ဆုံးဖြတ်ချက် ခိုင်မာစွာ ထားပြီး ဆောင်ရွက်သွားနိုင်မှာပါ။ လုပ်ပါ သင့်ရဲ့ လုပ်ဆောင် ချက် သေချာပေါက်အောင်မြင်မှု့ ရပါလိမ့်မည်။
သင်နဲ့စပ်တူလုပ်သူရဲ့ ဆောင်ရွက်မှု့ အားမရသော် လည်းသင့်ရဲ့ကြိုးစားမှု့ကြောင့်စပ်တူအလုပ်တွေ အောင်မြင်ပါလိမ့်မည်။
စကားပြောဆင်ခြင်ပါ။ စကား ရှုပ်မည်။ ထိခိုက်ရှနာ ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ ချစ်သူထံမှ လက်ဆောင်ကောင်းရမည်။
မမျှော်လင့် ထားတဲ့သူနဲ့ဆုံတွေရမည်။အပေါင်းအသင်းဆိုးနဲ့ဆုံတွေ့တတ်သည်။ အတိုက်အခံတွေရှိသည်။
သူများ ပြောစကားအရမ်းမယုံရ။ ငွေကြေးကိစ္စ ရှုပ်မည်။ လူယုံမထားရ။ ချစ်သူကသင့်ကို လှည့်စားနေသည် ဟု
သင်ထင်မြင်ယူဆနေလိမ့်မည်။ကျန်းမာရေးညံ့နေတာမျိုးတော့ မတွေ့ရပါ။ ခြေ ချော် ၊ လက်ချော် ခိုက်မိတတ်သည်။
သတိထားသွားလာပါ။ အိမ်ထောင်ရေးအညံ့မရှိပါဘူး။ အမျိုးသားဆို လိင်ကိစ္စ မရှုပ်မိ စေနဲ့။
ပညာရေးမှာ ကြိုးစားပေမဲ့ သင်ထားတာတွေ ပြန်ပြန်မေ့သွားတတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၇/၀
အထူးဟော ကံအညံ့တွေ၊အတိုက်အခိုက်တွေရှိနေတယ်။
ယတြာ အိမ်ခြံအတွင်းကို သန့်ရှင်းရေးလုပ်ပေးပါ
#ဗုဒ္ဓဟူး/ရာဟု
အတိုက်အခံလေးတွေ ရှိပါတယ်။ ကျော်နိုင်မှာပါ။ အားနာတာတွေ ကိုတော့ လျော့သင့်ပါတယ်။
အခွင့်အရေးရချိန်မို့ ရအောင်ယူပါ။ရစရာ ငွေမရနိုင်သေးပါ။ ကိုယ်လုပ်သော အလုပ် အပေါ် ၊
ကိုယ်ပြောသော စကား အပေါ် ကိုယ်သွားသော ခရီး အပေါ် နှင့် ဆောင်ရွက်မှု့ တွေ အားလုံးပေါ်မှာ ဟုတ်ပါ့မလား
ဖြစ်နိုင်ပါ့မလား ရယ်လို့ သံသယ (သို့မဟုတ်) စိတ်တထင့်ထင့် ဖြစ်ကြရတတ်မည်။ စိတ်မထင့်ပါနှင့်။
ရည်ရွယ်ချက်တွေများပြီး ရည်ရွယ်ချက် အတိုင်း ဖြစ်မလာ၍ စိတ်မောလူမော မဖြစ်ပါနှင့်။
ကောင်းသောအကျိုးဆက်တွေရလာတော့မှာပါ။ထီထိုးပါ။ ထီပေါက်ကံအားကောင်းမည်။ ခရီးဝေးသွားရမည်။
တကြိမ် နှင့် မပြီးလျှင် ၂ ကြိမ် သွားရလိမ့်မည်။သင့်ရဲ့ဆောင်ရွက်မှု့ အားလုံး ထဲမှ တချို့ မြန်ဆန်စွာ
ကောင်းသတင်း ကြားရပြီး တချို့ ကိစ္စ တွေ မှာတော့ နှောင့်နှေး ပြီးမှ အောင်မြင်မှာ သေချာပါတယ်။
လုံးဝ မအောင်မြင်တာ မရှိဘူးလို့ ဟောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ တင်မက မိသားစုအရေး၊
ဆွေမျိုးသားချင်းအရေးပါ ဆောင်ရွက်ဖြစ်ပါမည်။ရည်းစား နှင့်သဘောထား ကွဲလွဲ မည်။ဒါပေမဲ့ ပြန်အဆင်ပြေမည်။
စာမေးပွဲ ဖြေဆိုမှု၊အင်တာဗျူးကိစ္စ၊ အလုပ်လျှောက်ခြင်း များအောင် မြင်မှု့ ရမည်။ကျန်းမာရေးအဆိုးသိပ်မရှိပါဘူး။
နှာစေး၊ချောင်းဆိုးလောက်ပါပဲ။အကျိုးပေးဂဏန်း ၁/၅/၈
အထူးဟော အောင်မြင်မှုအတွက်အချိန်ပေးရမယ်။
ယတြာ ကွေကာအုပ်ဖျော်ပြီး အိမ်ကဘုရားမှာကပ်လှူပေးပါ




#ကြာသပတေး
သင့်ရည်မှန်းချက် သင့်ရဲ့ဆောင်ရွက်ချက် ကတော့ ရာနှုံးပြည့် အောင်မြင်မှာပါ။ သင့်အပေါ်
အကူအညီပေးသူ တွေလည်းပေါ်လာပါလိမ့်မည်။ ကျန်းမာရေး ၊ စီးပွားရေး ၊ အချစ်ရေး ၊
အလုပ်အကိုင် တွေ အောင်မြင်မှု့နှင့် အတူ ငွေဝင် လာကိန်းလည်းရှိနေပါတယ်။ အထင်မြင်လွဲ နေသော သူတွေ ကလည်း
ယုံကြည်အားကိုးမှု့တွေ ပြုလာပါလိမ့်မည်။ အရာရာကို စောင့်စားနေခြင်း ၊ မျှော်ကိုးနေခြင်း ၊ အရှိန်ယူနေခြင်း တို့ဖြစ်စေပြီး
ရှေ့တိုးရလျှင် ကောင်းနိုးနိုး နောက်ဆုတ်ရလျှင် ကောင်းနိုးနိုး တွေဝေမှု့ ငေးမောမှု့ တွေ ရှိနေရင်
မစဉ်းစားဘဲရဲရဲတင်းတင်းလုပ်ကိုင် လိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။ အားနည်းချက်ကတော့ လူမှုရေးကိစ္စတွေပါပဲ။
ဆွေမျိုးသားချင်း ကြား အပေါင်းအသင်း ကြား ၊ လင် မယား ကြား ၀င်မရှုပ် နှင့် ကိုယ်ခံရတတ်တယ်။
နောက်ဆုံးကိုယ်တရားခံဖြစ်တတ်တယ်။ အချစ်ရေးမှာ မချစ်ဘဲနှင့်အပျော်မကြံနှင့်။မလွန်ကျူးလိုက်ပါနဲ့။
ယူလိုက်ရတတ်တယ်။အိမ်ထောင်ရေးမှာ အိမ်ထောင် ဘက်နဲ့ အပေးအယူတည့်လိမ့်မယ်။
နားလည်မှုတွေလဲ တည်ဆောက်နိုင်ပါလိမ့်မယ်။ အလှူ ကြီးပေးရတတ်ပါတယ်။
ပညာရေးအထူးကောင်းတယ်။ ဆရာကောင်းတွေထံဆည်း ကပ်ခွင့်ရ မည်။
အကျိုးပေးဂဏန်း ၅/၆/၉ အထူးဟော ကံအင်အားကောင်းနေမယ်
ယတြာ လမ်းပြုပြင်ပါ။ ရေမြောင်းတွေရေစီး၊ရေလာကောင်းအောင်လုပ်ပေးပါ။




#သောကြာ
လုပ်ဖော်ကိုင်ဖက်တွေ၊စပ်တူလုပ်သူတွေအထင်မြင်လွဲမှားမှု့များ အတွေးအခေါ်လွဲချော်မှု့များ ကြောင့်
မိမိကရှင်းပြနေရလိမ့်မယ်။မိသားစုချင်းသဘောထား ကွဲလွဲရတတ်တယ်။ ပစ္စည်းငွေကြေး ကိစ္စ၊
အမွေကိစ္စ အလုပ်ကိစ္စ ၊တခုခု ရှုပ်လိမ့်မည်။ သင်လုပ်သမျှ အောင်မြင်ပြီ ဖြစ်ပါတယ်။ အန္တရာယ် လည်း ကင်းပါပြီ။
ထီတော့ထိုးဖြစ်အောင်ထိုးလိုက်ပါ။ ၅ အစ ၂ ပိတ်ထိုးပါ။ ထီပေါက်ကိန်း (သို့မဟုတ်) ငွေရကိန်း ရှ်ိနေလို့ပါ။
ပျင်းရိနေသူများစီးပွားရေး ပြေလည်လိုက် မပြေ လည်လိုက် ဖြစ်နေမည်။ ပစ္စည်းအ၀ယ်မှား တတ်၍ ဂရုစိုက်ပါ။
ကျန်းမာရေး အစာအိမ်ဂရုစိုက်ပါ။ အမာစာများသိပ်မစားပါနှင့်။ အစပ်လျှော့ပါ၊၊စကားပြောဆင်ခြင်ပါ။
ကိုယ်ကစနောက်လိုက်တာဖြစ် ပေမဲ့ တဖက်လူကကိုယ့်ကို အထင်လွဲသွားတတ်လို့ပါ။ အချစ်ရေးကောင်းနေမည်။
စန်းအလွန်ပွင့်မည်၊၊ ချစ်ရသူကိုမိမိခံစားချက် တွေကိုဖွင့်ပြောသင့်သည်။စိတ်ကောက်နေသူကိုပြန်ချော့လိုက်ပါ။
ဆုံးဖြတ်ရခက်သည့် ကိစ္စများ ပေါ် လာ၍ တိုင်ပင်ရမည့် သူရှာကြံလိုစိတ် ၊ အကြံဉာဏ်ပေးမဲ့လူကို
မေးလိုစိတ် တွေ ရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာသည်းခံနိုင်မှသာယာလိမ့်မယ်။ ပညာရေးအားကောင်းပါ တယ်၊၊
မိမိသာသင်ယူ လိုစိတ် ၊တတ်မြောက်လိုစိတ်ရှိပါစေ။
အကျိုးပေးဂဏန်း ၃/၆/၇
အထူးဟော စန်းအားကောင်းမယ်။
ယတြာ လက်ဖက်လေးသုပ်ပြီးဘုရားကပ်ပါ
#စနေ




မရောက်ဘူးသောခရီး မပေါင်းဘူးသော မိတ်ဆွေ တွေတွေ့မည်။ ကတိမလွန် စကားမကျွံစေ နှင့်။
ငွေရကိန်းရှိတယ်။ ထီပေါက် ၊ အမွေရ ၊ မြေရောင်း တခုခု ကြောင့်ရမည်။ဆုံးဖြတ်ချက်ကို အပြီး မချဘဲ စောင့်လိုက်ပါ။
အမှန်အတိုင်း အကောင်းရောက်လာပါမည်။ အခက်အခဲ တခု ကို ကျော်လွှား ချင်၏။ ထိုးဖောက်ချင်၏။
မိသားစု တားမြစ်မှု့ လည်း နားမ၀င်ဖြစ်နေမည်။ ကိန်းခန်း နက္ခတ်အလိုအရ ဤ ကာလ မှာ
သင့်ရဲ့ဆောင်ရွက်မှု့ တွေ လွဲမှားနိုင်ပါတယ်။စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ စိတ်မတည်ငြိမ်ဘဲ လေလွင့်နေတတ်၏။
ရည်ရွယ်ချက်တွေလည်း အမျိုးမျိုးချမှတ်တတ်၏။ ဆုံးဖြတ်ချက်တွေလည်း စိတ်ထဲပေါ်လာတိုင်း အမျိုးမျိုး ဆုံးဖြတ်တတ်၏။
အရာရာ ဘယ်ကိုယုံရမှန်း မသိဝေဖန်မရ ဖြစ်နေ ရတတ်ပါသည်။ သင်ကား မိသားစု ထက်
အပေါင်းအသင်း ကို ဦးစားပေးတတ်၏။ အပေါင်းအသင်း ပြောစကား ယုံတတ်၏။




ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အညံ့အဆိုးကင်းနေတတ် ပါတယ်။ အချစ် ရေးနဲ့ ပတ်သက်ပြီးတော့
အလုပ်များနေတဲ့ချစ်သူကြောင့်ဆုံရဖို့ခက်ခဲပါတယ်။ အိမ်ထောင်ရေးအဆင် ပြေ သာယာပါလိမ့်မယ်။
ပညာရေးအညံ့များနေတတ်ပါတယ်။ထင်သလောက် မတိုးတတ်နိုင်ပါ။
အကျိုးပေးဂဏန်း ၁/၄/၇
အထူးဟော ကံအညံ့လေးတွေရှိနေတတ်ပါတယ်။
ယတြာ ကျန်းမာရေးအားနည်သူကို ဆေးဝါးဓာတ်စာလှူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695 / 09 44 5555 695
Credit