အိမ်ထောင်မပြုဘဲ ကလေးလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့တဲ့ အမျိုးသား..See more. ..

Knowledge

အိမ်ထောင်ကျပြီး ဇနီးမောင်နှံအများစုဟာ မိသားစုလေးတစ်ခု ဖန်တီးနိုင်ဖို့ အချိန်ယူရပါတယ်။

ငွေရေးကြေးရေး အဆင်မပြေလို့ ကလေးမယူသေးတာ၊ ချို့ယွင်းချက်ရှိလို့ သားသမီးမရနိုင်တာ စတဲ့ ပြဿနာတွေက ကလေးရဖို့ ကြန့်ကြာစေတဲ့ အကြောင်းတွေပါ။

ဒါပေမယ့် ကနေဒါနိုင်ငံသား နေသန်ချန်ဆိုသူ အမျိုးသားတစ်ဦးကတော့ ဖခင်တစ်ယောက်ဖြစ်ချင်တာကြောင့် ကလေးရဖို့အရေး (၈) နှစ်တိုင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

အသက်(၃၃) နှစ်ရှိပြီဖြစ်တဲ့ ချန်က “ကျွန်တော်က အခုထက်ထိ လူလွတ်တစ်ယောက်ပါ။ ကျွန်တော့်အတွက် သင့်တော်တဲ့ အမျိုးသမီးလည်း မတွေ့သေးပါဘူး။

ဒါပေမယ့် ကျွန်တော်က မိသားစုဘဝလေး ဖန်တီးချင်တယ်။ ကလေးလိုချင်တယ်။ သူများတွေလို အသက်ကြီးမှ ကလေးချီရတာမျိုး မဖြစ်ချင်ပါဘူး။” ဆိုပြီး ပြောပြခဲ့ပါတယ်။

ဒီလောက်တောင် ကလေးလိုချင်မှဖြင့် ကလေးမွေးစားလိုက်ပြီးရောလို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမယ့် ချန်ကတော့ သူ့အနေနဲ့ ကလေးမွေးစားဖို့

အေဂျင်စီတွေ အများကြီးကို လျှောက်လွှာတင်ပြီး ဖြစ်ပေမယ့် မအောင်မြင်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့်

ကလေးမိဘတွေက သူတို့သားသမီးကို လူပျိုလူလွတ်တစ်ယောက်က မွေးစားမှာကို လက်မခံချင်ဘူးလို့ ပြောပြပါတယ်။

ချန်အနေနဲ့ နောက်ဆုံးမှာ ရွေးစရာနည်းလမ်းမရှိတော့တာကြောင့် အငှားကိုယ်ဝန်နဲ့ ကလေးမွေးခိုင်းဖို့သာ စိတ်ကူးပေါ်ခဲ့ပါတယ်။

ကလေးမရနိုင်တဲ့ စုံတွဲတွေကြားမှာ ကိုယ်ဝန်ကိုယ်စားဆောင်တဲ့ကိစ္စက တွင်ကျယ်လာတာကြောင့် ချန်က ဒီနည်းလမ်းကိုပဲ အသုံးပြုဖို့စိတ်ကူးရခဲ့ပါတယ်။

သူ့အကြောင်းကြားရတဲ့ သူတွေကတော့ “ရည်းစားတစ်ယောက် လောက်ထားလိုက်ပါလား။ ဘာလို့ လက်ထပ်ပြီးတဲ့အထိ မစောင့်နိုင်ရတာလဲ။” စသဖြင့် ကလေးယူဖို့ ဝေဖန်ကြပေမယ့် ချန်ဟာ လက်မလျော့ခဲ့ပါဘူး။

အငှားကိုယ်ဝန်နဲ့ ပတ်သက်လို့ ချန်ဟာ အနှောင့်အယှက်အမျိုးမျိုးနဲ့ ကြုံပြီးကာမှ အခုလို ကလေးရခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အငှားကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကလေးပျက်ကျတာ၊ ကလေးသေတာစတဲ့ ပြဿနာတွေကို တွေ့ကြုံခဲ့ရပါသေးတယ်။ နှစ်ပေါင်းများစွာ စောင့်အပြီး

ဒေါ်လာ (၂၅၀,၀၀၀) လောက် အငှားကိုယ်ဝန်တွေအတွက် ကုန်ကျပြီးနောက်မှာတော့ သမီးလေးတစ်ယောက်ကို ရယူနိုင်ခဲ့ပါပြီ။ ချန်က “အခုတော့ ကျွန်တော့်မှာ သမီးလေးရှိပြီ။

မိသားစုလေးရပြီ။ သူများကလေးတွေက မိစုံဖစုံရှိပေမယ့် ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့ သမီးလေးကို နှစ်ယောက်စာ ပိုပြီး စောင့်ရှောက်ရမယ်။” လို့လည်း ပြောပြသွားပါတယ်။

ချန်ကတော့ သူ့အဖြစ်ဟာ မိန်းမမယူချင်ပဲ ကလေးပဲလိုချင်တဲ့ အမျိုးသားတွေအဖို့တော့ စိတ်အားတက်ဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ဆိုသွားပါသေးတယ်။Credit

Unicode

ချန်ကတော့ သူ့အဖြစ်ဟာ မိန်းမမယူချင်ပဲ ကလေးပဲလိုချင်တဲ့ အမျိုးသားတွေအဖို့တော့ စိတ်အားတက်ဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ဆိုသွားပါသေးတယ်။crd

Leave a Reply

Your email address will not be published.