နှစ်လစာ လစာမရသေးတဲ့ ဆရာအတွက် အခန်းတွင်းရန်ပုံငွေရှာကာ ဆရာ့အား အံ့အားသင့်သွားအောင် စပရိုက်လုပ်ပေးခဲ့ကြတဲ့ တပည့်များ

Knowledge

နှစ်လစာ လစာမရသေးတဲ့ ဆရာအတွက် အခန်းတွင်းရန်ပုံငွေရှာကာ ဆရာ့အား အံ့အားသင့်သွားအောင် စပရိုက်လုပ်ပေးခဲ့ကြတဲ့ တပည့်များ (ရုပ်သံ)

စာသင်ခန်းနံရံများအတွင်း၌ ဆရာသမားများလုပ်ဆောင်ရတဲ့အရာများဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပြီး အထူးသဖြင့် လူတိုင်းလိုလိုဟာ ဆရာတစ်ယောက်ဖြစ်ဖို့ မလွယ်ကူလှပါဘူး။ သို့ပေမဲ့ မည်သို့သောစိန်ခေါ်မှုပင်ဖြစ်စေကာမူ ဆရာသမားများစွာဟာ ကျောင်းသားများအား ၎င်းတို့ရဲ့မှန်ကန်တဲ့စိတ်ထားကို ပုံဖော်ပေးကြသလို ၎င်းတို့ရဲ့အခန်းကဏ္ဍာများအပေါ် ဂုဏ်ယူကြတဲ့အတွက် ၎င်းဟာ အမှန်ပင် ဆုလာဘ်တစ်ခုပါဘဲ။


ကျောင်းဆရာတစ်ဦးဖြစ်တဲ့ Bruno Rafael Paica အတွက် ဘရာဇီးတွင် အစားထိုးဆရာအဖြစ် အလုပ်လုပ်တဲ့အခါ သူရင်ဆိုင်ရမည့်စိန်ခေါ်မှုများကို သူကောင်းကောင်းကြီးသိနေခဲ့ပါတယ်။ စိန်ခေါ်မှုများထဲမှတစ်ခုမှာ အချိန်မီလစာမရခြင်းလည်း ပါဝင်နေပါတယ်။ Bruno ဟာ လုပ်ခလစာစာရင်းတွင်မပါဝင်တာကြောင့် သူဟာ နှစ်လလုံးလုံးလစာမရခဲ့ပါဘူး။ သို့သော် သူဟာ ကျောင်းသို့လာ၍ ပုံမှန်အတိုင်းသင်ပေးနေခဲ့ပါတယ်။


Bruno ဟာ သူ့တပည့်တွေက သူ့အတွက် အထူးအစီစဉ်တစ်ခုခုစီစဉ်ခဲ့တယ်ဆိုတာကို မသိနေခဲ့ပါဘူး။ ကမ္ဘာတစ်ဝှမ်းရှိလူသန်းပေါင်းများစွာကို လှုံ့ဆော်စေခဲ့တဲ့ Facebook post တစ်ခုတွင် တစ်နေ့မှာ Bruno ဟာ သူ့ရဲ့အတန်းထဲသို့ နေ့စဉ်ပုံမှန်အတိုင်း ဝင်ရောက်ခဲ့ပါတယ်။ ဗီဒီယိုထဲအရ ကျောင်းသားများဟာ ပုံမှန်ထက်ပိုမိုကောင်းမွန်တဲ့အပြုအမူကိုပြသနေခဲ့တာကြောင့် Brunoကို စူးစမ်းလိုစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။


ထို့နောက် ကျောင်းသားများက သူ့ကိုပြတင်းပေါက်အပြင်ဘက်မှာ တစ်ခုခုကိုဖတ်ရန်တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းတွင် အရိပ်အကဲခတ်မြန်တဲ့ Bruno ဟာ ကျောင်းသားများက ၎င်းတို့ရဲ့စားပွဲတိုင်းမှာ ရေးထားခဲ့သည့်မှတ်စုများကို ဖတ်ကြည့်ရန် သူ့အားမတောင်းဆိုခင်မှာ သူက ၎င်းမှတ်စုများကို အရင်သွားဖတ်ခဲ့ပါတယ်။


စာသင်ခန်းကို လှည့်ပတ်ကြည့်ပြီးနောက် Bruno ဟာ သူ့ရဲ့ဆရာ့စားပွဲဆီသို့ လမ်းလျှောက်သွားခဲ့ပြီးနောက်မှာ သူဟာ စားပွဲပေါ်ရှိသေတ္တာသေးသေးလေးတစ်လုံးကို တွေ့သွားခဲ့ပါတယ်။ ထိုသေတ္တာလေးထဲမှာ ကျောင်းသားများစုဆောင်းထားခဲ့တဲ့ရန်ပုံငွေမှ ငွေသားများပါဝင်တာကြောင့် Bruno ဟာ တပည့်တွေက သူ့အတွက် ရန်ပုံငွေတွေစုထားခဲ့တယ်ဆိုတာကိုသိလိုက်တော့ သူ့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။

ကျောင်းသားများဟာ သူဖြတ်သန်းခဲ့ရသည့်စိတ်ဆင်းရဲမှုကို သိနေခဲ့ကြပြီး ၎င်းငွေများက သူ့ဝန်ကိုသက်သာစေရန်ကူညီပေးလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြပုံရပါတယ်။ ထို့နောက် Bruno ဟာ သူ့ကျောင်းသားများရဲ့စေတနာနှင့်စဉ်းစားဉာဏ်တို့ကြောင့် စိတ်လှုပ်ရှားသွားခဲ့ပြီး သိသာစွာမျက်ရည်များ စီးကျသွားခဲ့ရပါတယ်။

စာသင်ကာလ နှစ်လသာရှိသေးပြီး သူ့တပည့်များက ၎င်းတို့အတွက် သူလုပ်ပေးခဲ့တာတွေအတွက်ကို ကျေးဇူးတင်ကြောင်းပြနေပုံအရ Bruno ဟာ သူ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး ၎င်းစိန်ခေါ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာကို သက်သေပြနေခဲ့ပါတယ်။


ဗီဒီယိုရဲ့အဆုံးမှာ Bruno ဟာ တပည့်များရဲ့စပရိုက်ကြောင့် အံ့ဩမျက်ရည်ကျလာတဲ့အခါ စာသင်ခန်းထဲရှိကျောင်းသားအားလုံးကလည်း နှစ်သိမ့်ပေးဖို့ သူ့အား ပြေးဖက်နေခဲ့ကြတာကို မြင်တွေ့နိုင်ပါတယ်။ ဒါဟာ စာအသင်အပြကောင်းပြီး သဘောကောင်းတဲ့ဆရာနှင့် သိတတ်လွန်းတဲ့တပည့်တို့ကြားက အဖိုးတန်သံယောဇဉ်နှောင်ကြိုးတစ်ခုပါဘဲ။

Zawgyi

နှစ်လစာ လစာမရသေးတဲ့ ဆရာအတွက် အခန်းတွင်းရန်ပုံငွေရှာကာ ဆရာ့အား အံ့အားသင့်သွားအောင် စပရိုက်လုပ်ပေးခဲ့ကြတဲ့ တပည့်များ (ရုပ်သံ)


စာသင်ခန်းနံရံများအတွင်း၌ ဆရာသမားများလုပ်ဆောင်ရတဲ့အရာများဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပြီး အထူးသဖြင့် လူတိုင်းလိုလိုဟာ ဆရာတစ်ယောက်ဖြစ်ဖို့ မလွယ်ကူလှပါဘူး။ သို့ပေမဲ့ မည်သို့သောစိန်ခေါ်မှုပင်ဖြစ်စေကာမူ ဆရာသမားများစွာဟာ ကျောင်းသားများအား ၎င်းတို့ရဲ့မှန်ကန်တဲ့စိတ်ထားကို ပုံဖော်ပေးကြသလို ၎င်းတို့ရဲ့အခန်းကဏ္ဍာများအပေါ် ဂုဏ်ယူကြတဲ့အတွက် ၎င်းဟာ အမှန်ပင် ဆုလာဘ်တစ်ခုပါဘဲ။ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ Bruno Rafael Paica အတွက် ဘရာဇီးတွင် အစားထိုးဆရာအဖြစ် အလုပ်လုပ်တဲ့အခါ သူရင်ဆိုင်ရမည့်စိန်ခေါ်မှုများကို သူကောင်းကောင်းကြီးသိနေခဲ့ပါတယ်။ စိန်ခေါ်မှုများထဲမှတစ်ခုမှာ အချိန်မီလစာမရခြင်းလည်း ပါဝင်နေပါတယ်။ Bruno ဟာ လုပ်ခလစာစာရင်းတွင်မပါဝင်တာကြောင့် သူဟာ နှစ်လလုံးလုံးလစာမရခဲ့ပါဘူး။ သို့သော် သူဟာ ကျောင်းသို့လာ၍ ပုံမှန်အတိုင်းသင်ပေးနေခဲ့ပါတယ်။


Bruno ဟာ သူ့တပည့်တွေက သူ့အတွက် အထူးအစီစဉ်တစ်ခုခုစီစဉ်ခဲ့တယ်ဆိုတာကို မသိနေခဲ့ပါဘူး။ ကမ္ဘာတစ်ဝှမ်းရှိလူသန်းပေါင်းများစွာကို လှုံ့ဆော်စေခဲ့တဲ့ Facebook post တစ်ခုတွင် တစ်နေ့မှာ Bruno ဟာ သူ့ရဲ့အတန်းထဲသို့ နေ့စဉ်ပုံမှန်အတိုင်း ဝင်ရောက်ခဲ့ပါတယ်။ ဗီဒီယိုထဲအရ ကျောင်းသားများဟာ ပုံမှန်ထက်ပိုမိုကောင်းမွန်တဲ့အပြုအမူကိုပြသနေခဲ့တာကြောင့် Brunoကို စူးစမ်းလိုစိတ်ဖြစ်ပေါ်စေခဲ့ပါတယ်။

ထို့နောက် ကျောင်းသားများက သူ့ကိုပြတင်းပေါက်အပြင်ဘက်မှာ တစ်ခုခုကိုဖတ်ရန်တောင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းတွင် အရိပ်အကဲခတ်မြန်တဲ့ Bruno ဟာ ကျောင်းသားများက ၎င်းတို့ရဲ့စားပွဲတိုင်းမှာ ရေးထားခဲ့သည့်မှတ်စုများကို ဖတ်ကြည့်ရန် သူ့အားမတောင်းဆိုခင်မှာ သူက ၎င်းမှတ်စုများကို အရင်သွားဖတ်ခဲ့ပါတယ်။


စာသင်ခန်းကို လှည့်ပတ်ကြည့်ပြီးနောက် Bruno ဟာ သူ့ရဲ့ဆရာ့စားပွဲဆီသို့ လမ်းလျှောက်သွားခဲ့ပြီးနောက်မှာ သူဟာ စားပွဲပေါ်ရှိသေတ္တာသေးသေးလေးတစ်လုံးကို တွေ့သွားခဲ့ပါတယ်။ ထိုသေတ္တာလေးထဲမှာ ကျောင်းသားများစုဆောင်းထားခဲ့တဲ့ရန်ပုံငွေမှ ငွေသားများပါဝင်တာကြောင့် Bruno ဟာ တပည့်တွေက သူ့အတွက် ရန်ပုံငွေတွေစုထားခဲ့တယ်ဆိုတာကိုသိလိုက်တော့ သူ့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။

ကျောင်းသားများဟာ သူဖြတ်သန်းခဲ့ရသည့်စိတ်ဆင်းရဲမှုကို သိနေခဲ့ကြပြီး ၎င်းငွေများက သူ့ဝန်ကိုသက်သာစေရန်ကူညီပေးလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြပုံရပါတယ်။ ထို့နောက် Bruno ဟာ သူ့ကျောင်းသားများရဲ့စေတနာနှင့်စဉ်းစားဉာဏ်တို့ကြောင့် စိတ်လှုပ်ရှားသွားခဲ့ပြီး သိသာစွာမျက်ရည်များ စီးကျသွားခဲ့ရပါတယ်။


စာသင်ကာလ နှစ်လသာရှိသေးပြီး သူ့တပည့်များက ၎င်းတို့အတွက် သူလုပ်ပေးခဲ့တာတွေအတွက်ကို ကျေးဇူးတင်ကြောင်းပြနေပုံအရ Bruno ဟာ သူ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး ၎င်းစိန်ခေါ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာကို သက်သေပြနေခဲ့ပါတယ်။

ဗီဒီယိုရဲ့အဆုံးမှာ Bruno ဟာ တပည့်များရဲ့စပရိုက်ကြောင့် အံ့ဩမျက်ရည်ကျလာတဲ့အခါ စာသင်ခန်းထဲရှိကျောင်းသားအားလုံးကလည်း နှစ်သိမ့်ပေးဖို့ သူ့အား ပြေးဖက်နေခဲ့ကြတာကို မြင်တွေ့နိုင်ပါတယ်။ ဒါဟာ စာအသင်အပြကောင်းပြီး သဘောကောင်းတဲ့ဆရာနှင့် သိတတ်လွန်းတဲ့တပည့်တို့ကြားက အဖိုးတန်သံယောဇဉ်နှောင်ကြိုးတစ်ခုပါဘဲ။crd

Leave a Reply

Your email address will not be published.