အပျင်းထူးပြီး ချစ်သူကောင်လေးကို ပုဇွန်ထုပ် ခွါကျွေးခိုင်းမိတာကြောင့် See more..
Lifestyle
မည်သူမဆို ကိုယ်ချစ်တဲ့သူဆီကနေ ဂရုစိုက်မှု နွေးထွေးကြင်နာမှုတို့ကို လိုချင်တတ်ကြပြီး သူတို့ချစ်တဲ့သူက အလိုက်သတိနဲ့ ချစ်ပေးသည့်အခါ ကြည်နူးကြရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် စားသောက်ဆိုင်တစ်ခုတွင် နှစ်ယောက်အတူ အစားသွားစားခဲ့ရာ မထင်မှတ်ပဲ မိန်းကလေးမှ ချစ်သူကောင်လေးဧ။် လမ်းခွဲခြင်းကို ခံခဲ့ရသည်။
လမ်းခွဲရခြင်းအကြောင်းမှာ မည်သူမဆို အံ့သြသွားစေမည့် အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး အစားမှာစားချိန်တွင် ကောင်မလေးမှ ချစ်သူကောင်လေးအား ပုစွန်အခွံကို ခွာကျွေးရန် တောင်းဆိုခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ထိုသို့သော လုပ်ရပ်မျိုးသည် ချစ်သူကောင်လေးတိုင်းက သူတို့ချစ်သောမိန်းကလေးကို ပြောစရာမလိုအောင် အရမ်းဂရုစိုက်တတ်သည့် နည်းလေးဖြစ်ပြီး ကောင်မလေးတွေဆိုမှာလည်း သူတို့ကောင်လေးအပေါ် ဆိုးချင်နွဲ့ချင်ပြီး ဂရုစိုက်တာမျိုးလေး ခံချင်ကြ၍ဖြစ်သည်။
သို့သော်လည်း ထိုထူးဆန်းသည့် ကောင်လေးမှာ လမ်းခွဲစကားဆိုချိန်တွင် မိန်းကလေးအား သူမလုပ်နိုင်သည့်အရာများကို သူ့ကိုလုပ်ဆောင်ခိုင်း၍ စိတ်ပျက်သည်ဟု ဆိုခဲ့သည်။
မိန်းကလေးလည်း သူမကြုံတွေ့ရသော အဖြစ်အပျက်လေးကို ရင်နာနာနှင့် လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ ထင်မြင်ချက်များစွာ ပေးခဲ့ကြသည်။
Zawgyi
ပုစွန်ခွာကျွေးခိုင်းလို့ဆိုပြီး ချစ်သူကောင်လေးဧ။် လမ်းခွဲခြင်းကို ခံလိုက်ရသော မိန်းကလေး
Leave a Reply
Your email address will not be published.