လာလည်မဲ့သူတစ်ယောက်မှမရှိကြောင်းကို social media တွင်မျှဝေခဲ့ပြီးနောက် မထင်မှတ်ထားလောက်အောင် See more..

Knowledge

အမျိုးသားတစ်ဦးဟာ အလွန်ဆိုးဝါးလှတဲ့ကားမတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့ရပြီးနောက် ဆေးရုံတင်လိုက်ရတဲ့အခါ သူ့မိသားစု သို့မဟုတ် သူငယ်ချင်းတွေကတောင် သူ့အား ဘယ်သူမှ လာမကြည့်ခဲ့ကြပါဘူး။ ထို့ကြောင့် သူဟာ သူ့မှာ သူ့ကိုလာလည်မဲ့ဧည့်သည်တစ်ဦးတစ်ယောက်မှမရှိကြောင်းကို သူကိုယ်တိုင်လက်ဖြင့် Twitter မှာ post တစ်ခုအဖြစ်a တင်ခဲ့ပါတော့တယ်။ အဆိုပါ Ibrahim အမည်ရှိအမျိုးသားဟာ ဆိုးရွားလှတဲ့ယာဉ်မတော်တဆမှုကြောင့် အကြောသေသွားခဲ့ရပါတယ်။


Ibrahim က သူ့ Twitter မှာ “ ကျွန်တော့် နာမည် Ibrahim ပါ ၊ ကျွန်တော် King Khalid ဆေးရုံမှာဆေးရုံတင်ထားရတယ် ၊ ကျွန်တော်ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး အကြောသေသွားခဲ့တယ်၊ ဒါမဲ့ ကျွန်တော့်ကိုလာကြည့်မယ့်သူတစ်ယောက်မှမရှိဘူး ၊ ကျွန်တော့်အဖေနဲ့ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုတစ်ချိန်လုံးလျစ်လျူရှုထားခဲ့တယ်၊ ကျွန်တော့်မှာ နောက်ထပ်ဆန္ဒတစ်ခုရှိလည်းတယ် ၊ ဂျာမနီမှာရိုးတွင်းခြင်ဆီအစားထိုးကုသဖို့တစ်ယောက်ယောက်က ကျွန်တော့်ကိုကူညီပေးဖို့မျှော်လင့်မိတယ် ” ဟု ရေးသားခဲ့ပါတယ်။


ထို့နောက် လူအများက သူ့အား ပြောစရာမလိုအောင် တုံ့ပြန်ပေးခဲ့ကြပြီး သူ့ဆီကိုလာလည်ဖို့ ဆေးရုံသို့ စီတန်းပြီးအများကြီးရောက်လာခဲ့ကြပါတယ်။ ထိုမျှသာမက သူ၏ခွဲစိတ်မှုအတွက် ဒေါ်လာ ၁၃,၀၀၀ ကျော်ကိုလည်း စုဆောင်းပေးခဲ့ကြသလို သူ့နဲ့လုံးဝသူစိမ်းသာသာဖြစ်နေတဲ့လူများစွာဟာ ပန်းများယူလာပြီး သူ့နှင့်စကားလာပြောပေးခဲ့ကြပါတယ်။


အချို့ကလည်း ဆေးရုံကအစားအစာတွေကဘယ်လိုလဲဆိုတာကို ကျွန်တော်တို့အားလုံးကောင်းကောင်းသိတဲ့အတွက် သူစားဖို့အရသာရှိတဲ့အစားအစာတွေကိုတောင် ယူလာပေးခဲ့ကြပါတယ်။ ထို့ပြင် နေ့တိုင်းလိုလို သူ့ဆီကို ဧည့်သည်အသစ်များရောက်လာကြပြီး လူတွေကလည်း သူ့ကို သဘောကျချစ်ခင်ခဲ့ကြပါတယ်။

ထို့ပြင် Twitter တွင် သူ့အကြောင်းနှင့်ပတ်သက်ပြီး #visitibrahim ဆိုတဲ့ hagtag ဖြင့် trending ဖြစ်ခဲ့ပါသေးတယ်။သူစိမ်းများက သူ့ကိုအစားအစာခွံကျွေးဖို့တောင် ၎င်းတို့ရဲ့အချိန်ကိုဖြုန်းခဲ့ကြသလို ဒေသခံရဲများကလည်း သူ့ထံလာလည်ခဲ့ကြပါတယ်။ Ibrahim ဟာ နေ့တိုင်း ပန်းတွေအများကြီးကို လက်ခံရရှိခဲ့ပြီး သူဟာ သဘောကောင်းကြင်နာတတ်လွန်းတဲ့သူစိမ်းတို့ကြောင့် နေ့တိုင်းလိုလို အမှန်တကယ်ကောင်းချီးများစွာကို ခံစားခဲ့ရပါတယ်။

ဘယ်လောက်အံ့ဩစရာကောင်းလိုက်တဲ့ story လဲဗျာ။ ၎င်းအဖြစ်အပျက်က လူသားအပေါ်ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ထို့ပြင် Ibrahim ဟာ ထိုကဲ့သို့ကောင်းမွန်တဲ့ချစ်ခြင်းမေတ္တာကောင်းချီးများစွာပေးခံခဲ့ပြီး ယနေ့ထိတိုင် တစ်ရက်လျှင်ရာနှင့်ချီသော သူ့နဲ့လုံးဝကိုမသိကျွမ်းတဲ့သူစိမ်းဧည့်သည်များစွာကိုလည်း ဆက်လက်လက်ခံရရှိနေဆဲဖြစ်ပါတယ်။

Zawgyi

လာလည်မဲ့သူတစ်ယောက်မှမရှိကြောင်းကို social media တွင်မျှဝေခဲ့ပြီးနောက် မထင်မှတ်ထားလောက်အောင် သူစိမ်းဧည့်သည်များစွာကိုလက်ခံရရှိခဲ့ရတဲ့ အကြောသေလူနာတစ်ဦး


အမျိုးသားတစ်ဦးဟာ အလွန်ဆိုးဝါးလှတဲ့ကားမတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့ရပြီးနောက် ဆေးရုံတင်လိုက်ရတဲ့အခါ သူ့မိသားစု သို့မဟုတ် သူငယ်ချင်းတွေကတောင် သူ့အား ဘယ်သူမှ လာမကြည့်ခဲ့ကြပါဘူး။ ထို့ကြောင့် သူဟာ သူ့မှာ သူ့ကိုလာလည်မဲ့ဧည့်သည်တစ်ဦးတစ်ယောက်မှမရှိကြောင်းကို သူကိုယ်တိုင်လက်ဖြင့် Twitter မှာ post တစ်ခုအဖြစ်a တင်ခဲ့ပါတော့တယ်။ အဆိုပါ Ibrahim အမည်ရှိအမျိုးသားဟာ ဆိုးရွားလှတဲ့ယာဉ်မတော်တဆမှုကြောင့် အကြောသေသွားခဲ့ရပါတယ်။


Ibrahim က သူ့ Twitter မှာ “ ကျွန်တော့် နာမည် Ibrahim ပါ ၊ ကျွန်တော် King Khalid ဆေးရုံမှာဆေးရုံတင်ထားရတယ် ၊ ကျွန်တော်ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး အကြောသေသွားခဲ့တယ်၊ ဒါမဲ့ ကျွန်တော့်ကိုလာကြည့်မယ့်သူတစ်ယောက်မှမရှိဘူး ၊ ကျွန်တော့်အဖေနဲ့ကျွန်တော့်အစ်ကိုက ကျွန်တော့်ကိုတစ်ချိန်လုံးလျစ်လျူရှုထားခဲ့တယ်၊ ကျွန်တော့်မှာ နောက်ထပ်ဆန္ဒတစ်ခုရှိလည်းတယ် ၊ ဂျာမနီမှာရိုးတွင်းခြင်ဆီအစားထိုးကုသဖို့တစ်ယောက်ယောက်က ကျွန်တော့်ကိုကူညီပေးဖို့မျှော်လင့်မိတယ် ” ဟု ရေးသားခဲ့ပါတယ်။

ထို့နောက် လူအများက သူ့အား ပြောစရာမလိုအောင် တုံ့ပြန်ပေးခဲ့ကြပြီး သူ့ဆီကိုလာလည်ဖို့ ဆေးရုံသို့ စီတန်းပြီးအများကြီးရောက်လာခဲ့ကြပါတယ်။ ထိုမျှသာမက သူ၏ခွဲစိတ်မှုအတွက် ဒေါ်လာ ၁၃,၀၀၀ ကျော်ကိုလည်း စုဆောင်းပေးခဲ့ကြသလို သူ့နဲ့လုံးဝသူစိမ်းသာသာဖြစ်နေတဲ့လူများစွာဟာ ပန်းများယူလာပြီး သူ့နှင့်စကားလာပြောပေးခဲ့ကြပါတယ်။


အချို့ကလည်း ဆေးရုံကအစားအစာတွေကဘယ်လိုလဲဆိုတာကို ကျွန်တော်တို့အားလုံးကောင်းကောင်းသိတဲ့အတွက် သူစားဖို့အရသာရှိတဲ့အစားအစာတွေကိုတောင် ယူလာပေးခဲ့ကြပါတယ်။ ထို့ပြင် နေ့တိုင်းလိုလို သူ့ဆီကို ဧည့်သည်အသစ်များရောက်လာကြပြီး လူတွေကလည်း သူ့ကို သဘောကျချစ်ခင်ခဲ့ကြပါတယ်။

ထို့ပြင် Twitter တွင် သူ့အကြောင်းနှင့်ပတ်သက်ပြီး #visitibrahim ဆိုတဲ့ hagtag ဖြင့် trending ဖြစ်ခဲ့ပါသေးတယ်။သူစိမ်းများက သူ့ကိုအစားအစာခွံကျွေးဖို့တောင် ၎င်းတို့ရဲ့အချိန်ကိုဖြုန်းခဲ့ကြသလို ဒေသခံရဲများကလည်း သူ့ထံလာလည်ခဲ့ကြပါတယ်။ Ibrahim ဟာ နေ့တိုင်း ပန်းတွေအများကြီးကို လက်ခံရရှိခဲ့ပြီး သူဟာ သဘောကောင်းကြင်နာတတ်လွန်းတဲ့သူစိမ်းတို့ကြောင့် နေ့တိုင်းလိုလို အမှန်တကယ်ကောင်းချီးများစွာကို ခံစားခဲ့ရပါတယ်။



ဘယ်လောက်အံ့ဩစရာကောင်းလိုက်တဲ့ story လဲဗျာ။ ၎င်းအဖြစ်အပျက်က လူသားအပေါ်ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ထို့ပြင် Ibrahim ဟာ ထိုကဲ့သို့ကောင်းမွန်တဲ့ချစ်ခြင်းမေတ္တာကောင်းချီးများစွာပေးခံခဲ့ပြီး ယနေ့ထိတိုင် တစ်ရက်လျှင်ရာနှင့်ချီသော သူ့နဲ့လုံးဝကိုမသိကျွမ်းတဲ့သူစိမ်းဧည့်သည်များစွာကိုလည်း ဆက်လက်လက်ခံရရှိနေဆဲဖြစ်ပါတယ်။crd

Leave a Reply

Your email address will not be published.