ဆယ္တန္းမွာ တႏိုင္ငံလုံး ပထမရတဲ့ ကေလးက ေထာက္ျပလိုက္တဲ့ ျမန္မာ့ပညာေရးစနစ္ အမွားမ်ား….
” ခုနက စင္ေပၚစကားတက္ေျပာတဲ့ ေမာင္ေလး မဟုတ္လား . . .” ” ဟုတ္ကဲ့ပါအစ္မ ” ”တစ္ႏိုင္ငံလုံးမွာ First ရထား တဲ့သူ ဆိုေတာ့ ေမာင္ေလးစကားက သူတို႔ အတြက္ သိပ္အေရးပါတယ္…ေမာင္ေလးေပး တဲ့ အႀကံရဲ႕ ဆိုးျခင္း ေကာင္းျခင္း ကို သူတို႔ ခံစားရလိမ့္မယ္…” ‘ဟုတ္ကဲ့ ကြၽန္ေတာ္လက္




”ေမာင္ေလးက ေျပာတယ္ … ဆယ္တန္းစာကို သင္တာ ဆယ္တန္းစာကို တတ္ေျမာက္ေအာင္လို႔ ေျပာတယ္ လက္ရွိ မွာက ဆယ္တန္းစာေမးပြဲဟာ တကၠသိုလ္ဝင္ခြင့္အတြက္ ဂိတ္တံခါးလိုျဖစ္ေနတယ္…အမ်ားစုဟာ ဆယ္တန္းစာကို အမွန္ တကယ္ တတ္ေျမာက္ဖို႔ထက္ အမွတ္ေကာင္းေကာင္းယူၿပီး လိုင္းေကာင္းေကာင္းကို ေ႐ြးခ်ယ္ခြင့္ရဖို႔ႀကိဳးစားေနၾကတယ္ အရွိတရားဟာ အမွတ္ေကာင္းမွ လိုင္းေကာင္းရမွာ … ဒါေၾကာင့္ လိုင္းေကာင္းရဖို႔ အမွတ္ေကာင္းေအာင္ ႀကိဳးစား ၾကမွာ ပဲ…ေမာင္ေလးလည္း ဒီပညာေရးစနစ္နဲ႔ first ျဖစ္လာခဲ့တာကိုး… ပညာေရးစနစ္ေျပာင္းခဲ့ရင္ ေမာင္ေလးလည္း first ျဖစ္ခ်င္မွ ျဖစ္မွာ”
”က်ေနာ္ first ရခဲ့တယ္… က်ေနာ္ေျဖတဲ့ႏွစ္မွာ က်ေနာ္ စာအတတ္ဆုံးပါလို႔ အဓိပၸာယ္မရသလို က်ေနာ္ အေအာင္ျမင္ဆုံး ပါလို႔လည္း အဓိပၸာယ္မရဘူး…ေျဖၿပီးခဲ့တဲ့အထိေတာ့ First ရေအာင္လုပ္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ႀကိဳးစားခဲ့တာပဲ…ေနာက္ေတာ့မွ က်ေနာ္ေတြးျဖစ္လာတာက… Firstရေတာ့ ဘာျဖစ္သလဲဆိုတာပဲ။ လူသိမ်ားလာတယ္… ဒါဟာ popular ပါ… Success မဟုတ္ဘူး။ ခက္ဆစ္ေတြ ၏သည္၍ မလြဲက်က္ခဲ့မိတယ္… ေျပာရမယ္ဆိုရင္ က်ေနာ္သိပ္ပင္ပန္းခဲ့တယ္…က်ေနာ္ဆရာဝန္မျဖစ္ခ်င္ဘူး။ အင္ဂ်င္နီယာမျဖစ္ခ်င္ဘူး… က်ေနာ္ျဖစ္ခ်င္တာ စာေရးဆရာ…
က်ေနာ့္ဝါသနာကို က်ေနာ္သိႏွင့္ေနၿပီးသား… ဒါေပမယ့္ တကၠသိုလ္ဝင္တန္းရဲ႕ pressure ေအာက္မွာ ျပင္ပစာေပကို အာ႐ုံစိုက္ခြင့္မရဘူး… က်ေနာ့္သူငယ္ခ်င္းတစ္ေယာက္က ႐ိုး႐ိုးပဲေအာင္တယ္…သူက guitor တအားတီးခ်င္တဲ့ေကာင္… အခ်ိန္ျပည့္ ဂစ္တာေလးနဲ႔…သူက ဒီတကၠသိုလ္ဝင္တန္းကို သူ႔ဝါသနာေနာက္သူစီးေျမာရင္း သက္ေတာင့္သက္သာေလး ေအာင္လာတာ….




သူက က်ေနာ့္ကို ေမးခြန္းေမးတယ္။ ေႏြဦးကာလာ ျမဴ ထေသာခါ ကို ဘယ္လိုနားလည္လဲတဲ့…တ်ာခ်င္းျဖစ္ေၾကာင္း ဝန္ႀကီးပေဒသရာဇာေရးေၾကာင္း ထန္းတက္သမားမိသားစုရဲ႕ဘဝကို သ႐ုပ္ေဖာ္ျခင္းျဖစ္ေၾကာင္း စာထဲကပါတဲ့အတိုင္း သူ႔ကို ေျပာျပမိတယ္…သူက ေခါင္းခါျပၿပီး ငါေမးတာအဲ့လိုမဟုတ္ဘူးတဲ့ ေခတ္ကိုႏႈိင္းယွဥ္မယ္ဆိုရင္ သူတို႔ေခတ္မွာ လည္း entertainment သေဘာေလးေတြရွိသတဲ့ဗ်ာ။ ဒါနန္းတြင္းက ျပည္သူကို ျပန္ေဖ်ာ္ေျဖေပးတာ မ်ိဳးျဖစ္ႏိုင္တယ္ တဲ့…
အင္မတန္ပူအိုက္တဲ့ အညာေဒသေႏြရာသီဟာ စိတ္ပ်က္ဖြယ္အတိပဲ… ဒီလိုအခ်ိန္အခါမ်ိဳးမွာ ေက်းလက္ေန ထန္းတက္ သမားမိသားစုရဲ႕ မျပည့္စုံမႈေလးကို က႐ုဏရသမွာ ဟာသေလးေႏွာရင္း ဘုရင့္နားေတာ္ေပါက္ေအာင္ ရည္႐ြယ္တာမ်ိဳး မျဖစ္ႏိုင္ဘူးလားတဲ့…
ဟုတ္တယ္ ဒါကဗ်ာ ဒါအႏုပညာ ဒါဟာ စာသက္သက္မဟုတ္ဘူး က်က္မွတ္ဖို႔မဟုတ္ဘူး ဒါဟာခံစားဖို႔ The whole burma first ရမယ့္သူက မသိခဲ့ဘူး… ဆယ္တန္းကို ႐ိုး႐ိုးေအာင္မယ့္သူက သိေနတယ္….သူစာေလ့လာခဲ့တယ္ ။သူေလ့လာ သမွ်ဟာ စာေမးပြဲမွာ အမွတ္ေကာင္းဖို႔ ရည္႐ြယ္ပုံမရဘူး။ အႏုပညာကို အႏုပညာလိုခံစားဖို႔လို႔ သူက ေတြးတယ္…




စာေမးပြဲကေမးတာကို က်ေနာ္ေျဖႏိုင္ခဲ့တယ္… ဝန္ႀကီးပေဒသရာဇာေပးတာကို က်ေနာ္လုံးဝမရခဲ့ဘူး အစ္မ… ဆယ္တန္းသင္႐ိုးဟာ က်ေနာ္တို႔ကို စာေမးပြဲေျဖဖို႔တစ္ခု တည္းရည္႐ြယ္ထားတာမဟုတ္ဘူး။ တခ်ိဳ႕စာေတြဟာ အႏုပညာ၊ တခ်ိဳ႕စာေတြဟာ အႀကံျပဳစာ ၊ တခ်ိဳ႕ စာေတြဟာ ေဆြးေႏြးတဲ့စာ…
ဟင္း.. က်ေနာ္တို႔ကေတာ့ဘာလာလာက်က္စာပဲ…ဆရာႀကီးမဟာေဆြေရးတဲ့ ”မွန္ကန္ျခင္းနဲ႔ရဲရင့္ျခင္း”ဟာ က်က္ဖို႔ မဟုတ္ဘူး… မေၾကာက္တရား ေဆာင္းပါးေတြကို သူ႔အျမင္သူ႔ရႈေထာင့္ေတြနဲ႔ မွ်ေဝခဲ့တဲ့ ဆရာႀကီးမဟာေဆြေခၚ ေနသူရိန္ ကေလာင္ရွင္ဟာ သူ႔စာေတြကို က်က္ေျဖေစဖို႔ ရည္႐ြယ္ခဲ့တာမဟုတ္ ဘူး…ကဗ်ာကို အလြတ္ရေအာင္ က်က္တိုင္း ကဗ်ာကိုခ်စ္ပါတယ္လို႔ အဓိပၸာယ္မရ ဘူး… ဝန္ခံရရင္ ဂစ္တာသမားေလးကို က်ေနာ္ သိပ္အားက်တာ….
သူက ယူသေလာက္ရခဲ့တဲ့ေကာင္…သူက leisureကဗ်ာေလးနဲ႔ feelခံတတ္တယ္… က်ေနာ့္မွာေတာ့ ကဗ်ာသာ အလြတ္ရခဲ့တာ ကဗ်ာရဲ႕ အဓိပၸာယ္ကို ႏွလုံးသားက မခံစားတတ္ခဲ့ဘူး ”What is this life if full of care, we have no time to stand and stare”တဲ့…အဲ့ကဗ်ာကို မရပ္မနားက်က္ခဲ့တယ္။ အခုေတာ့ ရယ္မိတယ္သိလား relax ယူသင့္ ေၾကာင္း ျပတဲ့ကဗ်ာေလးကို ေမာပန္းစြာက်က္မိခဲ့တဲ့အျဖစ္ကို ရယ္ခ်င္ေနမိတယ္…”




”ဒီလိုလုပ္ခဲ့လို႔ ဒီလို first ျဖစ္ေနတာ မဟုတ္ဘူးလား” ”အစ္မ သုတစြယ္စုံေတြဖတ္ျဖစ္လားမသိဘူး ေမာင္သိန္းလြင္ ဘာသာျပန္တဲ့ Believe it or not ယုံခ်င္ယုံ မယုံခ်င္ေနထဲမွာလည္း ပါေလ့ရွိပါတယ္ ကမာၻ႔လက္သည္းအရွည္ဆုံး လူသားတဲ့ …ဂင္းနစ္မွတ္တမ္းဝင္ထားတယ္… လက္သည္းႀကီးေတြက တြန္႔လိမ္ရွည္လွ်ားေနတယ္… ဂင္းနစ္ဝင္ခ်င္ တာတစ္ခုတည္းနဲ႔ ကိုယ့္ကိုယ္ကို ဒုကၡိတျဖစ္ေအာင္ လုပ္တဲ့သူေတြ… သူတို႔ကေတာ့ ႀကံဖန္ ဂုဏ္ယူၾကတာေပါ့… တစ္ကမာၻလုံးမွာ ငါလက္သည္းအရွည္ဆုံးဆိုၿပီး…
အစ္မေတြးၾကည့္… ေန႔စဥ္ေနထိုင္ရွင္သန္မႈမွာ ဒီေသာက္ေရးမပါတဲ့ လက္သည္းရွည္ႀကီးေတြက ဘယ္ေလာက္ အေႏွာက္အယွက္ ေပးေနမလဲ… ႐ိုး႐ိုးသားသားေျဖၾကည့္ပါ။ ၾကည့္လို႔ ေရာတင့္တယ္ရဲ႕လား…ေနာက္ၿပီး ဘယ္သူ႔ အတြက္ အက်ိဳး ရွိလဲ…ဇြဲရွိတယ္ စိတ္ရွည္သည္းခံမႈရွိတယ္ ယုံၾကည္ခ်က္ရွိတယ္… ဒါေပမယ့္ အမ်ားေကာင္းဖို႔အတြက္ မဟုတ္သလို သူေကာင္းဖို႔လည္း မဟုတ္ဘူး… ႐ူးေၾကာင္မူးေၾကာင္ ကမာၻေက်ာ္လိုမႈအတြက္…




ဒါသူ႔အခြင့္အေရးဆိုတာ မွန္ပါရဲ႕။ အ႐ူးဘုံေျမႇာက္တဲ့ ဂင္းနစ္စံခ်ိန္တခ်ိဳ႕ကို က်ေနာ္ကေတာ့ ႀကိတ္ေလွာင္မိတာပဲ… အဲ့လိုပုံစံမ်ိဳးနဲ႔က်ေနာ္ the whole burma first ျဖစ္လာတယ္ the whole burma first ျဖစ္ဖို႔ အဓိပၸာယ္မရွိတာေတြ က်ေနာ္လုပ္ခဲ့ရတယ္ေလ” ”ဆရာဝန္ျဖစ္ခ်င္သူက အမွတ္ေကာင္းေအာင္ ေျဖဖို႔လိုတယ္ အမွတ္ေကာင္းမွလည္း ဆရာဝန္ ျဖစ္မယ္… ဒါေၾကာင့္ သူ႔ကို သင္တဲ့ guide ဆရာ သို႔မဟုတ္ က်ဴရွင္ဆရာဟာ စာကို အႏုပညာလို ခံစားဖို႔ထက္ အမွတ္ ရေအာင္ေျဖဖို႔ အဓိကထားသင္လိမ့္မယ္…အဲ့လိုသင္တဲ့ဆရာမွားေနလား”
”လမ္းကေကာက္ေတာ့ ေျခလွမ္းေတြကလည္း ေကာက္ေနရတယ္… ဆန္စင္ရာ က်ည္ေပြ႕လိုက္ရတဲ့ ပညာေရးစနစ္မွာ အမွတ္ေကာင္းေအာင္သင္ေနတဲ့ ဆရာေတြကို အျပစ္တင္ဖို႔က ခက္တယ္…ဆရာဝန္ျဖစ္လိုသူဟာ စာစီစာကုံး ေလ့က်င့္ ေနရတယ္။ close type ေျဖဖို႔ စာပိုဒ္လိုက္ က်က္ေနရတယ္…. definitionေတြကို a,an,the က အစ မလြဲေအာင္ က်က္ ေနရတယ္… ဒါဟာ သူ႔ဆရာဝန္ျဖစ္ဖို႔ လိုအပ္တဲ့ အရည္အခ်င္းအတြက္ အေထာက္အကူျဖစ္ရဲ႕လား…ဒါေပမယ့္ ဆရာဝန္ ျဖစ္ခ်င္သူကေတာ့ ဒီလိုက်က္ရမယ္…သင္ၾကားသူကလည္း ဒီလိုပဲ သင္ၾကားရလိမ့္မယ္…ေလွ်ာက္သူအမွားမဟုတ္သလို ဒီလိုေလွ်ာက္ဖို႔ အႀကံျပဳသူ အမွားလည္း မဟုတ္ဘူး ဒါဟာ လမ္းရဲ႕အမွား… ဒါဟာ ပညာေရးစနစ္ရဲ႕အမွား…’




”တကယ္လည္း ဆရာဝန္ပညာဟာ အခက္ဆုံးပညာရပ္တစ္ခုမဟုတ္လား ဒါေၾကာင့္လည္း အေတာ္ဆုံးေတြကို ေတာင္းဆို တဲ့ သေဘာပါပဲ” ”အခက္ဆုံးပညာရပ္ရယ္လို႔ေတာ့ မသတ္မွတ္ေကာင္းပါဘူး….ကဲဗ်ာ… အစ္မ သတ္မွတ္ သလိုဆို က်ေနာ္က ေလာေလာဆယ္မွာ အေတာ္ဆုံးပဲ… ဆရာဝန္ေလွ်ာက္မယ္ဆို က်ေနာ္ပါမွာပဲ… ဆရာဝန္ျဖစ္ဖို႔ က်ေနာ္က အသင့္ေတာ္ဆုံးပါလို႔ အစ္မထင္လား”
‘…” ”ေျဖပါအစ္မရဲ႕ လက္ရွိပညာေရးစနစ္ကို ယုံစားၿပီး ေမာင္ေလးက အသင့္ေတာ္ဆုံးပါလို႔ ေျဖၾကည့္လိုက္ပါလား…အစ္မ အလြဲႀကီးလြဲသြားမယ္…က်ေနာ့္ဝါသနာက အဓိပၸာယ္ရွိတဲ့စာေရးသူျဖစ္ဖို႔ပဲ ဒီႏိုင္ငံမွာ ဝါသနာမပါဘဲ အမွတ္ကို ႏွေျမာလို႔ ေဆးေက်ာင္းတက္ေနသူေတြ ဘယ္ေလာက္ေတာင္ရွိေနၾကမလဲ…”
”ဒါေပမယ့္ ဒီလိုလိုင္းေတြကို အမွတ္နဲ႔ မခြဲလို႔လည္းမျဖစ္ဘူးေလ ၂၄၀ နဲ႔ ေဆးေက်ာင္းေတြ ေလွ်ာက္ေနၾကမွာေပါ့…” ”ေလွ်ာက္ပါေစေပါ့အစ္မရယ္” ”ဘယ္ျဖစ္မလဲ… အမွတ္မ်ားရင္ အမွတ္မ်ားတဲ့ ေကာင္းက်ိဳးကို ခံစားသင့္တာေပါ့” ”ဆယ္တန္းမွာ သင္ရသမွ်ဟာ general သေဘာေလာက္ပါပဲအစ္မ။ ဒီ generalမွာ ထူးခြၽန္တာနဲ႔ပဲ တကၠသိုလ္လို specialized မွာ ထူးခြၽန္ပါလိမ့္မယ္လို႔ ေလွနံဓါးထစ္မွတ္လို႔မရဘူး ဒီအတြက္ ဝင္ခြင့္စာေမးပြဲေတြလိုတယ္… မင္းေဆး ေက်ာင္း တတ္ဖို႔အရည္အခ်င္း ျပည့္မွီရဲ႕လား ဒါကိုစစ္ေဆးဖို႔ ေဆးေက်ာင္းဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲလိုမယ္ botany ယူဖို႔ အရည္အခ်င္းျပည့္ မွီမမွီ စစ္ဖို႔လည္း လိုအပ္တာပဲ…ပညာရပ္တိုင္းမွာ အဓိပၸာယ္ကိုယ္စီ အခက္အခဲကိုယ္စီ ဝါသနာလိုအပ္မႈ ကိုယ္စီရွိေနၾကတာပဲ…




ဆရာဝန္ကို လူေတာ္ေတြလုပ္ botanyကို လူညံ့ေတြလုပ္ဆိုရင္ အဲ့ဒိ education plan ကို မွားတယ္လို႔ သတ္မွတ္မယ္….Major တိုင္းဟာ လိုအပ္တဲ့အရည္အခ်င္းနဲ႔ ဝါသနာကို ျပန္ေတာင္းဆိုရမယ္….ဒီအတြက္လည္း ေက်ာင္းသူေက်ာင္းသား ေတြကို ႀကိဳ informလုပ္ရမယ္… တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီး ေနာက္ ေ႐ြးခြင့္ရွိေသာ majorမ်ားဆိုၿပီး… ပၪၥမတန္း ေလာက္ကတည္းက စမိတ္ဆက္ေပးထားသင့္တယ္။ ဒါမွ ေက်ာင္းသားဟာ သူ႔ဝါသနာ သူ႔ ဗီဇကို ကြဲျပားစြာ နားလည္ လာမွာ…ဒါမွ ျပတ္သားတဲ့ေ႐ြးခ်ယ္မႈကို ေက်ာင္းသားက လုပ္ေဆာင္ႏိုင္မွာ
ဝါသနာရယ္ ဝါသနာပါရာကို လုပ္ခြင့္ရေသာအခြင့္အေရးရယ္။ ႀကိဳးစားမႈရယ္ေပါင္းမွ ကြၽမ္းက်င္သူျဖစ္မယ္…အကယ္၍ အဲ့ဒိအလုပ္မွာ ပါရမီမ်ားပါခဲ့မယ္ဆိုရင္သူဟာ ကြၽမ္းက်င္မႈအျပင္ စြန္႔ဦးတီထြင္သူ အျဖစ္ပါ လမ္းအသစ္ေဖာက္လိမ့္မယ္ ျမန္မာႏိုင္ငံမွာ စြန္႔ဦးတီထြင္သူေတြ ေပ်ာက္ရွေနတယ္… ျပန္ရွာေဖြခ်င္တယ္…”
”The whole burma first ရျခင္းအေပၚမွာ ေမာင္ေလး ဘယ္လို ခံစားရလဲ” ”ေပ်ာ္မယ္လို႔ ထင္ခဲ့ဖူးပါတယ္ ေအာင္စာရင္း မထြက္ခင္မွာ က်ေနာ္ေလွ်ာက္မိတဲ့ လမ္းအပိုတခ်ိဳ႕ အတြက္ ႏွေျမာသလိုခံစားရတယ္။ ဒီလမ္းအပိုေတြမွ မေလွ်ာက္ရင္ the whole burma firstမျဖစ္ႏိုင္ဘူးေလ… ေျပးလမ္းက ေကြ႕ေကာက္ေနေတာ့ အေကာက္အတိုင္း က်ေနာ္ေျပးခဲ့တယ္ ၿပိဳင္ပြဲစည္းကမ္းနဲ႔ကိုက္ညီလို႔ က်ေနာ္ ပထမရတယ္… တခ်ိဳ႕က အေျဖာင့္အတိုင္းေျပးတယ္… သူတို႔ က စာတတ္ဖို႔ကို ဦးစားေပးၿပီးေျပးတယ္
က်ေနာ္က အမွတ္ရဖို႔ ဦးစားေပးၿပီးေျပးတယ္။ အမွတ္မ်ားၿပိဳင္ပြဲမွာ က်ေနာ္ firstရခဲ့တယ္ က်ေနာ္ ေပ်ာ္သင့္ရဲ႕လားလို႔ ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္မိေနတုန္းပဲ”
Crd
Zawgyi
ဆယ်တန်းမှာ တနိုင်ငံလုံး ပထမရတဲ့ ကလေးက ထောက်ပြလိုက်တဲ့ မြန်မာ့ပညာရေးစနစ် အမှားများ….
” ခုနက စင်ပေါ်စကားတက်ပြောတဲ့ မောင်လေး မဟုတ်လား . . .” ” ဟုတ်ကဲ့ပါအစ်မ ” ”တစ်နိုင်ငံလုံးမှာ First ရထား တဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့ အတွက် သိပ်အရေးပါတယ်…မောင်လေးပေး တဲ့ အကြံရဲ့ ဆိုးခြင်း ကောင်းခြင်း ကို သူတို့ ခံစားရလိမ့်မယ်…” ‘ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်”
”မောင်လေးက ပြောတယ် … ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့ ပြောတယ် လက်ရှိ မှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်…အများစုဟာ ဆယ်တန်းစာကို အမှန် တကယ် တတ်မြောက်ဖို့ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို ရွေးချယ်ခွင့်ရဖို့ကြိုးစားနေကြတယ် အရှိတရားဟာ အမှတ်ကောင်းမှ လိုင်းကောင်းရမှာ … ဒါကြောင့် လိုင်းကောင်းရဖို့ အမှတ်ကောင်းအောင် ကြိုးစား ကြမှာ ပဲ…မောင်လေးလည်း ဒီပညာရေးစနစ်နဲ့ first ဖြစ်လာခဲ့တာကိုး… ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း first ဖြစ်ချင်မှ ဖြစ်မှာ”
”ကျနော် first ရခဲ့တယ်… ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့ အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံး ပါလို့လည်း အဓိပ္ပာယ်မရဘူး…ဖြေပြီးခဲ့တဲ့အထိတော့ First ရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာပဲ…နောက်တော့မှ ကျနော်တွေးဖြစ်လာတာက… Firstရတော့ ဘာဖြစ်သလဲဆိုတာပဲ။ လူသိများလာတယ်… ဒါဟာ popular ပါ… Success မဟုတ်ဘူး။ ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်… ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်…ကျနော်ဆရာဝန်မဖြစ်ချင်ဘူး။ အင်ဂျင်နီယာမဖြစ်ချင်ဘူး… ကျနော်ဖြစ်ချင်တာ စာရေးဆရာ…
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား… ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressure အောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး… ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်…သူက guitor တအားတီးချင်တဲ့ကောင်… အချိန်ပြည့် ဂစ်တာလေးနဲ့…သူက ဒီတက္ကသိုလ်ဝင်တန်းကို သူ့ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ….
သူက ကျနော့်ကို မေးခွန်းမေးတယ်။ နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့…တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ကို ပြောပြမိတယ်…သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့ ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ခေတ်မှာ လည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ။ ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ မျိုးဖြစ်နိုင်တယ် တဲ့…
အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ… ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက် သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့…
ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ ဒါဟာ စာသက်သက်မဟုတ်ဘူး ကျက်မှတ်ဖို့မဟုတ်ဘူး ဒါဟာခံစားဖို့ The whole burma first ရမယ့်သူက မသိခဲ့ဘူး… ဆယ်တန်းကို ရိုးရိုးအောင်မယ့်သူက သိနေတယ်….သူစာလေ့လာခဲ့တယ် ။သူလေ့လာ သမျှဟာ စာမေးပွဲမှာ အမှတ်ကောင်းဖို့ ရည်ရွယ်ပုံမရဘူး။ အနုပညာကို အနုပညာလိုခံစားဖို့လို့ သူက တွေးတယ်…
စာမေးပွဲကမေးတာကို ကျနော်ဖြေနိုင်ခဲ့တယ်… ဝန်ကြီးပဒေသရာဇာပေးတာကို ကျနော်လုံးဝမရခဲ့ဘူး အစ်မ… ဆယ်တန်းသင်ရိုးဟာ ကျနော်တို့ကို စာမေးပွဲဖြေဖို့တစ်ခု တည်းရည်ရွယ်ထားတာမဟုတ်ဘူး။ တချို့စာတွေဟာ အနုပညာ၊ တချို့စာတွေဟာ အကြံပြုစာ ၊ တချို့ စာတွေဟာ ဆွေးနွေးတဲ့စာ…
ဟင်း.. ကျနော်တို့ကတော့ဘာလာလာကျက်စာပဲ…ဆရာကြီးမဟာဆွေရေးတဲ့ ”မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်း”ဟာ ကျက်ဖို့ မဟုတ်ဘူး… မကြောက်တရား ဆောင်းပါးတွေကို သူ့အမြင်သူ့ရှုထောင့်တွေနဲ့ မျှဝေခဲ့တဲ့ ဆရာကြီးမဟာဆွေခေါ် နေသူရိန် ကလောင်ရှင်ဟာ သူ့စာတွေကို ကျက်ဖြေစေဖို့ ရည်ရွယ်ခဲ့တာမဟုတ် ဘူး…ကဗျာကို အလွတ်ရအောင် ကျက်တိုင်း ကဗျာကိုချစ်ပါတယ်လို့ အဓိပ္ပာယ်မရ ဘူး… ဝန်ခံရရင် ဂစ်တာသမားလေးကို ကျနော် သိပ်အားကျတာ….
သူက ယူသလောက်ရခဲ့တဲ့ကောင်…သူက leisureကဗျာလေးနဲ့ feelခံတတ်တယ်… ကျနော့်မှာတော့ ကဗျာသာ အလွတ်ရခဲ့တာ ကဗျာရဲ့ အဓိပ္ပာယ်ကို နှလုံးသားက မခံစားတတ်ခဲ့ဘူး ”What is this life if full of care, we have no time to stand and stare”တဲ့…အဲ့ကဗျာကို မရပ်မနားကျက်ခဲ့တယ်။ အခုတော့ ရယ်မိတယ်သိလား relax ယူသင့် ကြောင်း ပြတဲ့ကဗျာလေးကို မောပန်းစွာကျက်မိခဲ့တဲ့အဖြစ်ကို ရယ်ချင်နေမိတယ်…”
”ဒီလိုလုပ်ခဲ့လို့ ဒီလို first ဖြစ်နေတာ မဟုတ်ဘူးလား” ”အစ်မ သုတစွယ်စုံတွေဖတ်ဖြစ်လားမသိဘူး မောင်သိန်းလွင် ဘာသာပြန်တဲ့ Believe it or not ယုံချင်ယုံ မယုံချင်နေထဲမှာလည်း ပါလေ့ရှိပါတယ် ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသားတဲ့ …ဂင်းနစ်မှတ်တမ်းဝင်ထားတယ်… လက်သည်းကြီးတွေက တွန့်လိမ်ရှည်လျှားနေတယ်… ဂင်းနစ်ဝင်ချင် တာတစ်ခုတည်းနဲ့ ကိုယ့်ကိုယ်ကို ဒုက္ခိတဖြစ်အောင် လုပ်တဲ့သူတွေ… သူတို့ကတော့ ကြံဖန် ဂုဏ်ယူကြတာပေါ့… တစ်ကမ္ဘာလုံးမှာ ငါလက်သည်းအရှည်ဆုံးဆိုပြီး…
အစ်မတွေးကြည့်… နေ့စဉ်နေထိုင်ရှင်သန်မှုမှာ ဒီသောက်ရေးမပါတဲ့ လက်သည်းရှည်ကြီးတွေက ဘယ်လောက် အနှောက်အယှက် ပေးနေမလဲ… ရိုးရိုးသားသားဖြေကြည့်ပါ။ ကြည့်လို့ ရောတင့်တယ်ရဲ့လား…နောက်ပြီး ဘယ်သူ့ အတွက် အကျိုး ရှိလဲ…ဇွဲရှိတယ် စိတ်ရှည်သည်းခံမှုရှိတယ် ယုံကြည်ချက်ရှိတယ်… ဒါပေမယ့် အများကောင်းဖို့အတွက် မဟုတ်သလို သူကောင်းဖို့လည်း မဟုတ်ဘူး… ရူးကြောင်မူးကြောင် ကမ္ဘာကျော်လိုမှုအတွက်…
ဒါသူ့အခွင့်အရေးဆိုတာ မှန်ပါရဲ့။ အရူးဘုံမြှောက်တဲ့ ဂင်းနစ်စံချိန်တချို့ကို ကျနော်ကတော့ ကြိတ်လှောင်မိတာပဲ… အဲ့လိုပုံစံမျိုးနဲ့ကျနော် the whole burma first ဖြစ်လာတယ် the whole burma first ဖြစ်ဖို့ အဓိပ္ပာယ်မရှိတာတွေ ကျနော်လုပ်ခဲ့ရတယ်လေ” ”ဆရာဝန်ဖြစ်ချင်သူက အမှတ်ကောင်းအောင် ဖြေဖို့လိုတယ် အမှတ်ကောင်းမှလည်း ဆရာဝန် ဖြစ်မယ်… ဒါကြောင့် သူ့ကို သင်တဲ့ guide ဆရာ သို့မဟုတ် ကျူရှင်ဆရာဟာ စာကို အနုပညာလို ခံစားဖို့ထက် အမှတ် ရအောင်ဖြေဖို့ အဓိကထားသင်လိမ့်မယ်…အဲ့လိုသင်တဲ့ဆရာမှားနေလား”
”လမ်းကကောက်တော့ ခြေလှမ်းတွေကလည်း ကောက်နေရတယ်… ဆန်စင်ရာ ကျည်ပွေ့လိုက်ရတဲ့ ပညာရေးစနစ်မှာ အမှတ်ကောင်းအောင်သင်နေတဲ့ ဆရာတွေကို အပြစ်တင်ဖို့က ခက်တယ်…ဆရာဝန်ဖြစ်လိုသူဟာ စာစီစာကုံး လေ့ကျင့် နေရတယ်။ close type ဖြေဖို့ စာပိုဒ်လိုက် ကျက်နေရတယ်…. definitionတွေကို a,an,the က အစ မလွဲအောင် ကျက် နေရတယ်… ဒါဟာ သူ့ဆရာဝန်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းအတွက် အထောက်အကူဖြစ်ရဲ့လား…ဒါပေမယ့် ဆရာဝန် ဖြစ်ချင်သူကတော့ ဒီလိုကျက်ရမယ်…သင်ကြားသူကလည်း ဒီလိုပဲ သင်ကြားရလိမ့်မယ်…လျှောက်သူအမှားမဟုတ်သလို ဒီလိုလျှောက်ဖို့ အကြံပြုသူ အမှားလည်း မဟုတ်ဘူး ဒါဟာ လမ်းရဲ့အမှား… ဒါဟာ ပညာရေးစနစ်ရဲ့အမှား…’
”တကယ်လည်း ဆရာဝန်ပညာဟာ အခက်ဆုံးပညာရပ်တစ်ခုမဟုတ်လား ဒါကြောင့်လည်း အတော်ဆုံးတွေကို တောင်းဆို တဲ့ သဘောပါပဲ” ”အခက်ဆုံးပညာရပ်ရယ်လို့တော့ မသတ်မှတ်ကောင်းပါဘူး….ကဲဗျာ… အစ်မ သတ်မှတ် သလိုဆို ကျနော်က လောလောဆယ်မှာ အတော်ဆုံးပဲ… ဆရာဝန်လျှောက်မယ်ဆို ကျနော်ပါမှာပဲ… ဆရာဝန်ဖြစ်ဖို့ ကျနော်က အသင့်တော်ဆုံးပါလို့ အစ်မထင်လား”
‘…” ”ဖြေပါအစ်မရဲ့ လက်ရှိပညာရေးစနစ်ကို ယုံစားပြီး မောင်လေးက အသင့်တော်ဆုံးပါလို့ ဖြေကြည့်လိုက်ပါလား…အစ်မ အလွဲကြီးလွဲသွားမယ်…ကျနော့်ဝါသနာက အဓိပ္ပာယ်ရှိတဲ့စာရေးသူဖြစ်ဖို့ပဲ ဒီနိုင်ငံမှာ ဝါသနာမပါဘဲ အမှတ်ကို နှမြောလို့ ဆေးကျောင်းတက်နေသူတွေ ဘယ်လောက်တောင်ရှိနေကြမလဲ…”
”ဒါပေမယ့် ဒီလိုလိုင်းတွေကို အမှတ်နဲ့ မခွဲလို့လည်းမဖြစ်ဘူးလေ ၂၄၀ နဲ့ ဆေးကျောင်းတွေ လျှောက်နေကြမှာပေါ့…” ”လျှောက်ပါစေပေါ့အစ်မရယ်” ”ဘယ်ဖြစ်မလဲ… အမှတ်များရင် အမှတ်များတဲ့ ကောင်းကျိုးကို ခံစားသင့်တာပေါ့” ”ဆယ်တန်းမှာ သင်ရသမျှဟာ general သဘောလောက်ပါပဲအစ်မ။ ဒီ generalမှာ ထူးချွန်တာနဲ့ပဲ တက္ကသိုလ်လို specialized မှာ ထူးချွန်ပါလိမ့်မယ်လို့ လှေနံဓါးထစ်မှတ်လို့မရဘူး ဒီအတွက် ဝင်ခွင့်စာမေးပွဲတွေလိုတယ်… မင်းဆေး ကျောင်း တတ်ဖို့အရည်အချင်း ပြည့်မှီရဲ့လား ဒါကိုစစ်ဆေးဖို့ ဆေးကျောင်းဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲလိုမယ် botany ယူဖို့ အရည်အချင်းပြည့် မှီမမှီ စစ်ဖို့လည်း လိုအပ်တာပဲ…ပညာရပ်တိုင်းမှာ အဓိပ္ပာယ်ကိုယ်စီ အခက်အခဲကိုယ်စီ ဝါသနာလိုအပ်မှု ကိုယ်စီရှိနေကြတာပဲ…
ဆရာဝန်ကို လူတော်တွေလုပ် botanyကို လူညံ့တွေလုပ်ဆိုရင် အဲ့ဒိ education plan ကို မှားတယ်လို့ သတ်မှတ်မယ်….Major တိုင်းဟာ လိုအပ်တဲ့အရည်အချင်းနဲ့ ဝါသနာကို ပြန်တောင်းဆိုရမယ်….ဒီအတွက်လည်း ကျောင်းသူကျောင်းသား တွေကို ကြို informလုပ်ရမယ်… တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး နောက် ရွေးခွင့်ရှိသော majorများဆိုပြီး… ပဉ္စမတန်း လောက်ကတည်းက စမိတ်ဆက်ပေးထားသင့်တယ်။ ဒါမှ ကျောင်းသားဟာ သူ့ဝါသနာ သူ့ ဗီဇကို ကွဲပြားစွာ နားလည် လာမှာ…ဒါမှ ပြတ်သားတဲ့ရွေးချယ်မှုကို ကျောင်းသားက လုပ်ဆောင်နိုင်မှာ
ဝါသနာရယ် ဝါသနာပါရာကို လုပ်ခွင့်ရသောအခွင့်အရေးရယ်။ ကြိုးစားမှုရယ်ပေါင်းမှ ကျွမ်းကျင်သူဖြစ်မယ်…အကယ်၍ အဲ့ဒိအလုပ်မှာ ပါရမီများပါခဲ့မယ်ဆိုရင်သူဟာ ကျွမ်းကျင်မှုအပြင် စွန့်ဦးတီထွင်သူ အဖြစ်ပါ လမ်းအသစ်ဖောက်လိမ့်မယ် မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သူတွေ ပျောက်ရှနေတယ်… ပြန်ရှာဖွေချင်တယ်…”
”The whole burma first ရခြင်းအပေါ်မှာ မောင်လေး ဘယ်လို ခံစားရလဲ” ”ပျော်မယ်လို့ ထင်ခဲ့ဖူးပါတယ် အောင်စာရင်း မထွက်ခင်မှာ ကျနော်လျှောက်မိတဲ့ လမ်းအပိုတချို့ အတွက် နှမြောသလိုခံစားရတယ်။ ဒီလမ်းအပိုတွေမှ မလျှောက်ရင် the whole burma firstမဖြစ်နိုင်ဘူးလေ… ပြေးလမ်းက ကွေ့ကောက်နေတော့ အကောက်အတိုင်း ကျနော်ပြေးခဲ့တယ် ပြိုင်ပွဲစည်းကမ်းနဲ့ကိုက်ညီလို့ ကျနော် ပထမရတယ်… တချို့က အဖြောင့်အတိုင်းပြေးတယ်… သူတို့ က စာတတ်ဖို့ကို ဦးစားပေးပြီးပြေးတယ်
ကျနော်က အမှတ်ရဖို့ ဦးစားပေးပြီးပြေးတယ်။ အမှတ်များပြိုင်ပွဲမှာ ကျနော် firstရခဲ့တယ် ကျနော် ပျော်သင့်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိနေတုန်းပဲ”
(Ko Ngal)
Crd