အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့… See more

News

Zawgyi

အၿငိမ္းစားျမန္မာစာကထိက ဆရာမႀကီးတဦး ေနအိမ္အတြင္း လက္ႏွစ္ဖက္ကို ဖုန္းအားသြင္းႀကိဳးနဲ႔… See more

ရန္ကုန္ ၊မရမ္းကုန္းၿမိဳ့နယ္ ၊၉ ရပ္ကြက္၊ ကမၻာေအးဘုရားလမ္းမွာေနထိုင္တဲ့ အၿငိမ္းစားဆရာမႀကီးတဦး ေနအိမ္အတြင္း လက္ကို ႀကိဳးတုပ္ကာ အသတ္ခံခဲ့ရမွု မေန႔ ဇြန္ ၁၁ ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့တယ္လို့ သိရပါတယ္။

အသတ္ခံရတဲ့ ဆရာမႀကီးဟာ ရန္ကင္းပညာေရးေကာလိပ္၊ ျမန္မာစာ(ကတိက-ၿငိမ္း) ေဒၚညႊန႔္ညႊန႔္စိန္ အသက္ ၆၅ ႏွစ္ျဖစ္ၿပီး ေနအိမ္ အိပ္ခန္း ခုတင္ေဘးၾကမ္းခင္းေပၚမွာ ေဘးတစ္ေစာင္း ဒူးေကြးလ်က္အေနအထားနဲ႔ လက္ႏွစ္ဖက္ကို ဖုန္းအားသြင္းႀကိဳးနဲ႔ ခ်ည္တုပ္ထားေၾကာင္း၊ မ်က္လုံး ႏွစ္ဖက္လုံး ဖူးေရာင္ဒဏ္ရာ၊ ဘယ္ဘက္ မ်က္ခုံးေအာက္ ထိုးသြင္းဒဏ္ရာေတြနဲ႔ အသတ္ခံထားရတာျဖစ္တယ္လို့ သိရပါတယ္။

” သူ႔တူေျပာပုံအရေတာ့ လက္ပ္ေတာ့နဲ႔ ဖုန္းမရွိေတာ့ဘူးေျပာတယ္။ေနအိမ္မွာပဲ ဝင္လုပ္သြားတာ၊ဆရာမႀကီးကတစ္ေယာက္ထဲေနတာ။ေလာေလာဆယ္သိရတာေတာ့လက္ပ္ေတာ့နဲ႔ဖုန္းပဲေပါ့။ ဆရာမႀကီးကလည္း တစ္ေယာက္ထဲေနတာဆိုေတာ့ ဘာပစၥည္းေတြပါသြားလည္းမသိရဘူး။လက္ကိုႀကိဳးတုပ္ထားတယ္

ဦးေခါင္းကိုရိုက္ခံထားရတယ္။မေန႔ကေတာ့ ေဆး႐ုံကိုပို့ထားတယ္။ “လို့ ကူညီကယ္ဆယ္ေရးလုပ္ခဲ့တဲ့ ပရဟိတသမားတစ္ဦးကေျပာပါတယ္။အၿငိမ္းစားဆရာမႀကီး ေဒၚညြန္႔ညြန္စိန္ဟာ ေနအိမ္မွာ တစ္ေယာက္ထဲေနထိုင္သူျဖစ္ေၾကာင္း ၊ လက္ရွိမွာေတာ့ ဆရာမႀကီး႐ုပ္အေလာင္းကို ေျမာက္ဥကၠလာပေဆး႐ုံကိုပို့ေဆာင္ထားတယ္လို့သိရပါတယ္။

“ဆရာမႀကီးကတိုက္အမွတ္(၃၀၁/ခ)၊ ပထမလႊာ၊ အခန္းအမွတ္ (ခ/၁၂)မွာ တစ္ေယာက္ထဲေနတာ။အျမဲေတြ႕ေနရတယ္ သူကတစ္ေယာက္ထဲဆိုေတာ့ သတိေတာ့ရွိတယ္၊လူရင္းပဲဝင္လို့ရတယ္၊ ဆရာမႀကီးကို လက္ျပန္ႀကိဳးပါတုပ္ၿပီးသတ္သြားတာ ရင္ထဲနင့္ေနေအာင္ခံစားရတယ္။ပစၥည္းယူ႐ုံတင္ အားမရဘူး လူကိုပါသတ္သြားတယ္ “လို့ ဆရာမႀကီးရဲ့တပည့္တေယာက္ကေျပာပါတယ္။

ဆရာမႀကီး အသတ္ခံရၿပီးေနာက္ အေနာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕နဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက စစ္ေဆးမွုေတြျပဳလုပ္ခဲ့ၿပီး တရားခံ ဖမ္းဆီးရမိေရးေဆာင္ရြက္ေနတယ္လို့သိရပါတယ္။ရန္ကုန္မွာ ေနအိမ္အတြင္းဝင္ေရာက္လုယက္တာေတြ၊ ေနထိုင္သူအိမ္ရွင္ေတြကို အႏၲရာယ္ေပးတာေတြ၊လူသတ္တာေတြ၊လမ္းမေပၚမွာ ရိုက္ႏွက္ၿပီးပစၥည္းလုယက္တာေတြဟာ ခပ္စိပ္စိပ္ျဖစ္လာေနပါတယ္။

#voiceofmyanmar

Unicode

အငြိမ်းစားမြန်မာစာကထိက ဆရာမကြီးတဦး နေအိမ်အတွင်း လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့… See more

ရန်ကုန် ၊မရမ်းကုန်းမြို့နယ် ၊၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာနေထိုင်တဲ့ အငြိမ်းစားဆရာမကြီးတဦး နေအိမ်အတွင်း လက်ကို ကြိုးတုပ်ကာ အသတ်ခံခဲ့ရမှု မနေ့ ဇွန် ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ ဆရာမကြီးဟာ ရန်ကင်းပညာရေးကောလိပ်၊ မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ နှစ်ဖြစ်ပြီး နေအိမ် အိပ်ခန်း ခုတင်ဘေးကြမ်းခင်းပေါ်မှာ ဘေးတစ်စောင်း ဒူးကွေးလျက်အနေအထားနဲ့ လက်နှစ်ဖက်ကို ဖုန်းအားသွင်းကြိုးနဲ့ ချည်တုပ်ထားကြောင်း၊ မျက်လုံး နှစ်ဖက်လုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်ဘက် မျက်ခုံးအောက် ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

” သူ့တူပြောပုံအရတော့ လက်ပ်တော့နဲ့ ဖုန်းမရှိတော့ဘူးပြောတယ်။နေအိမ်မှာပဲ ဝင်လုပ်သွားတာ၊ဆရာမကြီးကတစ်ယောက်ထဲနေတာ။လောလောဆယ်သိရတာတော့လက်ပ်တော့နဲ့ဖုန်းပဲပေါ့။ ဆရာမကြီးကလည်း တစ်ယောက်ထဲနေတာဆိုတော့ ဘာပစ္စည်းတွေပါသွားလည်းမသိရဘူး။လက်ကိုကြိုးတုပ်ထားတယ်

ဦးခေါင်းကိုရိုက်ခံထားရတယ်။မနေ့ကတော့ ဆေးရုံကိုပို့ထားတယ်။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပရဟိတသမားတစ်ဦးကပြောပါတယ်။အငြိမ်းစားဆရာမကြီး ဒေါ်ညွန့်ညွန်စိန်ဟာ နေအိမ်မှာ တစ်ယောက်ထဲနေထိုင်သူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ ဆရာမကြီးရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

“ဆရာမကြီးကတိုက်အမှတ်(၃၀၁/ခ)၊ ပထမလွှာ၊ အခန်းအမှတ် (ခ/၁၂)မှာ တစ်ယောက်ထဲနေတာ။အမြဲတွေ့နေရတယ် သူကတစ်ယောက်ထဲဆိုတော့ သတိတော့ရှိတယ်၊လူရင်းပဲဝင်လို့ရတယ်၊ ဆရာမကြီးကို လက်ပြန်ကြိုးပါတုပ်ပြီးသတ်သွားတာ ရင်ထဲနင့်နေအောင်ခံစားရတယ်။ပစ္စည်းယူရုံတင် အားမရဘူး လူကိုပါသတ်သွားတယ် “လို့ ဆရာမကြီးရဲ့တပည့်တယောက်ကပြောပါတယ်။

ဆရာမကြီး အသတ်ခံရပြီးနောက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ရန်ကုန်မှာ နေအိမ်အတွင်းဝင်ရောက်လုယက်တာတွေ၊ နေထိုင်သူအိမ်ရှင်တွေကို အန္တရာယ်ပေးတာတွေ၊လူသတ်တာတွေ၊လမ်းမပေါ်မှာ ရိုက်နှက်ပြီးပစ္စည်းလုယက်တာတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

#voiceofmyanmar

Crd

Leave a Reply

Your email address will not be published.