(၂)လအရွယ် သမီးလေးအပါအဝင် စိတ်မကောင်းစရာ မိသားစုရဲ့ သတင်း
မိသားစုလိုက် ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပါဂျဲရိုကားကို ပြန်လည်ဆယ်ယူရရှိ၊ အလောင်းပြန်မတွေ့သေး
မိသားစုလိုက်ကားဖြင့် ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပါဂျဲရိုးကားကို ယနေ့ညနေ ၆ နာရီခန့်က ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း အလောင်းပြန်မတွေ့သေးကြောင်းသိရသည်။
ရေကန်အတွင်းမှ ကားကို ဆယ်ယူနိုင်ပြီဖြစ်သော်လည်း ကားတွင် လူမတွေ့ရှိကြောင်း
ဖားကန့်မြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကားကိုတော့ဆယ်နိုင်ပြီ ကားထဲမှာ လူတော့မတွေ့သေးဘူး ကားတော့ရခဲ့ပြီ။
ကလေးရဲ့ စောင်၊ ပြီးတော့ စာရွက်စာတမ်းတွေတော့ ကားထဲမှာတွေ့တယ်။ ကျန်တာဘာမှမတွေ့ဘူး” ဟုသူကပြောသည်။
ပျောက်ဆုံးနေသည့် မိသားစုဝင်သုံးဦးကို Myanmar Rescue Phakant က ဆက်လက်ရှာဖွေနေကြောင်း သူကဆက်ပြောသည်။
ကားတွင် မော်မောင်းလယန်အကျိုးတူ ကုမ္ပဏီမှ မန်နေဂျာ အသက် ၂၉ နှစ်အရွယ် ကိုဒီးဒီး၊ အမျိုးသမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မနန်းဆိုသူနှင့် နှစ်လသားအရွယ် သမီးတစ်ဦးပါဝင်ပြီး
ဇွန်လ ၉ ရက်နေ့ နံနက်က ယာဉ်မတော်တဆမှုဖြစ်ကာ ရေကန်ထဲထိုးကျသွားခြင်းဖြစ်သည်။
ကားမှာ ပါဂျဲရိုအမျိုးအစား အိမ်စီးကားဖြစ်ပြီး လူမှုကယ်ဆယ်ရေးအသင်းများက ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက် ညောင်ကုန်းအနီးတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည် ကားတစ်စီးတိမ်းမှောက်ခဲ့ပြီ ယာဉ်မောင်းသူ လက်ကျိုးသည့် ဒဏ်ရာရရှိခဲ့သည်။
The 74 Media
unicode

The 74 Media. .
Crd