Rain (For Ialinks)
Unicode
ချစ်သူဟောင်းကောင်လေးမှ မင်္ဂလာလက်ဖွဲ့အနေနဲ့ ဓာတ်ပုံဆရာလုပ်ပေးမည်ဟုဆိုသောအခါ ဓာတ်ပုံရိုက်ခမကုန်တော့၍ ဝမ်းသာစွာ လက်ခံလိုက်မိသော ဇနီးမောင်နှံရဲ့အဖြစ်
တရုတ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် သူတို့ရဲ့ မင်္ဂလာပွဲအတွက်ကို သတို့သမီးရဲ့ ချစ်သူဟောင်းကောင်လေးက မင်္ဂလာလက်ဖွဲ့အနေနဲ့ ဓာတ်ပုံအလကားရိုက်ပေးမည်ဟု ပြောဆိုခဲ့ရာ သူတို့နှစ်ဦးလည်း ထွေထွေထူးထူးမစဥ်းစားပဲ သဘောတူလက်ခံခဲ့သည်။
အမှန်တကယ်တမ်း ရည်းစားဟောင်းကောင်လေးသည် သူတို့နှစ်ဦးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံကို ကောင်းကောင်းမရိုက်ပေးပဲနဲ့ ရုပ်ဆိုးသောပုံများနှင့် Snapပုံများကိုသာ ရိုက်ပေးရင်း သူ့အားထားရစ်ခဲ့သော သတို့သမီးကို လက်စားချေခဲ့သည်။
ထိုဇနီးမောင်နှံနှစ်ဦးလည်း ရိုက်ထားသော ဓာတ်ပုံတွေကို ပြန်ကြည့်ရင်း ရယ်ရမလိုငိုရမလိုဖြစ်မိကာ ရည်းစားဟောင်းဆီကနေ ဓာတ်ပုံအလကား ရိုက်ပေးဖို့ခွင့်ပြုမိတာကို နောင်တရနေခဲ့ကြသည်။
Rain (For Ialinks)
Crd