ကံကောင်းပြီးလာဘ်ရစေလို့ ထိုင်းပေါ့ပ်စတား စုဆောင်းထားတဲ့ လူသေမျက်နှာ အရေခွံတွေကို လာရောက်ဆုတောင်းသူတွေများပြား

International News

ကံကောင်းပြီးလာဘ်ရစေလို့ ထိုင်းပေါ့ပ်စတား စုဆောင်းထားတဲ့ လူသေမျက်နှာ အရေခွံတွေကို လာရောက်ဆုတောင်းသူတွေများပြား

နာမည်ကျော် ထိုင်းပေါ့ပ်ကြယ်ပွင့်ဟောင်းတစ်ဦးဟာ ယခင်က စံချိန်တင်နိုင်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာ ဂီတအလုပ်တွေကို မလုပ်တော့ပဲ ယခုအခါ လူသေတွေရဲ့ မျက်နှာအရေခွံတွေကို စုဆောင်းတဲ့ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေကာ သူ့ရဲ့ ဒီအလုပ်က လူအများကြား ရေပန်းစားနာမည်ကြီးနေတယ်လို့ သိရပါတယ်။

Jakkapong Jill Karnsomphot Jack-Jill ဟာ သူ့ရဲ့ အမွှာညီအကိုဖြစ်သူ Jakkaphan Jack Karnsomphot နဲ့ အတူ သူတို့အသိုင်းအဝိုင်းကြားထဲ ယခင်က လေးစားရိုသေခြင်းခံရတဲ့ လူတွေရဲ့ သေဆုံးပြီး ခြောက်ကပ်နေတဲ့ မျက်နှာ အရေပြားခွံတွေကို စုဆောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

Jack-Jill ဟာ ဂီတအလုပ်ကို မလုပ်တော့တာ နှစ်အတော်လေးကြာနေပြီး အခု ရက်သတ္တပတ် ထဲမှာ သူ့ရဲ့ လူသေတွေရဲ့ မျက်နှာအရေခွံခြောက်ပုံတွေကို ရိုက်ကူးထားတဲ့ဗွီဒီယိုဖိုင်တွေ ဟာ အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားပြီး လူကြိုက်များလာခဲ့ကာ လူစိတ်ဝင်စား မှုမြင့်တက်နေပါတယ်။

နောက်ပြီး ညီအစ်ကိုနှစ်ဦးသားဟာ အစွမ်းထက်တဲ့ ထိုင်းအဆောင်လက်ဖွဲ့တွေကို ဝယ်ယူရောင်းချခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။


ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယမြို့မှာ ၂၀၀၉ ခုနှစ်တုန်းက တွေ့ဆုံခဲ့တဲ့ ပေါင်လို့ခေါ်တဲ့ လျို့ဝှက် ဆန်းကြယ် အသက် ၉၁ နှစ်အရွယ် အဘိုးအိုတစ်ဦးဆီကနေ လူသေမျက်နှာ အရေခွံ ၂၀ ကို မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတယ်။


မျက်နှာအရေပြားတစ်ခုစီတိုင်းဟာ မြင့်မြတ်တယ်လို့ ယုံကြည်ကြပြီး ဒါတွေကို ဆုတောင်းသူ ဒါမှ မဟုတ် ပိုင်ဆိုင်သူတွေအတွက် ကံကောင်းစေနိုင်ကြောင်း Jack-Jill က ပြောကြားခဲ့ပါတယ်။ အချို့သော အရေခွံတွေဟာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီလို့လည်း ယူဆရပါတယ်။


ဒီ့အတွက်ကြောင့်လည်း ထိုင်းကြယ်ပွင့်ဟောင်း ဂီတသမားထံလာရောက်ပြီး လူသေမျက်နှာ အရေခွံတွေကို အနုပညာရှင်တွေ အများအပြားအပါအဝင် လာရောက်ဆုတောင်း သူတွေ အများအပြား နဲ့စည်ကားနေပြီး ကံဆိုးခြင်းတွေမှ ဝေးကွာဖို့နဲ့ လာဘ်လာဘ၊


အောင်မြင်ခြင်း တွေအတွက် ဖြစ်ကာ ထိုင်းဒရာမာနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကြားမှာလည်း ယုံကြည်ကြကြောင်း Jack-Jill က ပြောကြားခဲ့ ပါတယ်။

Ref:thethaiger

Crd

Leave a Reply

Your email address will not be published.