







Credit
UNICODE
မင်းသမီး အိန္ဒြာကျော်ဇင် သတင်းနဲ့ ပတ်သက်ပြီး အသိတရားတစ်ခုရလိုက်တဲ့အကြောင်း ပြောပြလာတဲ့ အေးသောင်း
ပရိသတ်ကြီးရေ လက်ရှိလူမူ့ကွန်ယက်ပေါ်မှာ မင်းသမီး အိန္ဒြာကျော်ဇင် ရဲ့ သတင်းအမှားတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မအေးသောင်း ကတော့ သတင်းအမှားဖြန့်တဲ့ Page တွေကို သတိပေးစကားပြောလိုက်ပါတယ်။ ဒါအပြင် သတင်းအမှားတွေဖြန့်ပြီး ပရိသတ်နဲ့အနုပညာရှင်တွေကို ရန်တိုက်ပေး၍ စီးပွားရေးလုပ်နေတဲ့ Page တွေကိုကြည့်ပြီး အသိတရားတစ်ခုရလိုက်တယ်လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။




အေးသောင်း ရေးသားထားတာကတော့ ” Page အတုတွေက သူတို့ like နဲ့ Follower လိုချင်လို့ပေါက်ကရခေါင်းစဉ်နဲ့သတင်းတွေတင်တယ်။ သူတို့သတင်း link ထဲဝင်ကြည့်ရင်ပိုက်ဆံတွေရကြတယ်။ အနုပညာရှင်တွေကြောင့်ငွေဝင်ပြီး အဲ့လူတွေကိုမဟုတ်မမှန်ခေါင်းစဉ်တွေတပ်ပြီးလုပ်စားကြတယ်။ မသိတဲ့သူတွေက ဝင်ကြည့် စိတ်တိုလို့ဝင်ရေးရေး ချစ်လို့ဝင်ရေးရေးသူတို့က react လုပ်တာနဲ့အဆင်ပြေနေကြပြီ။ အဲ့ဒီ့ Page အတုတွေက Follower မနဲဘူး။
ပြီးရင် အဲ့ page ကိုပြန်ရောင်းစားအလုပ်ဖြစ်နေကြတာ။ နစ်နာသူကတော့ ပရိတ်သတ်နဲ့အနုပညာရှင်ပဲ။ တကယ်ကသူတို့ကကျပိုက်ဆံယူသွားတာ။ မသိကြတဲ့ပရိတ်သတ်တွေအများကြီးပါပဲ။ ပြောချင်တာက Page အတုတွေ အနုပညာရှင်တွေကြောင်ပဲပိုက်ဆံရတယ် ။ အဲ့အနုပညာရှင်တွေကိုပဲ ပေါက်ကရခေါင်းစဉ်တပ် စော်ကားတာတသက်လုံးမကောင်းစားဘူး။




ရတဲ့ဥစ္စာလည်းမမြဲစေရဘူး။ အပူစာတွေစားပြီးနေနိုင်ပါစေနော်။ မသိချင်ယောင်ဆောင်ပေးထားကြတဲ့ အနုပညာမောင်နှမတွေအများကြီးနော်။ ကျွန်တော် /မ တို့ Page ကတော့ရတယ် အနုပညာရှင်မကောင်းကြောင်းရေးပြီးမှ ထမင်းစားရတာမဟုတ်ဖူးဆိုတဲ့မာနလေးရှိရင် welcome ပါ “လို့ ရေးသားထားပါတယ်။
မင်းသမီး အိန္ဒြာကျော်ဇင် အနုပညာဆက်မလုပ်တော့ဘူးဆိုတဲ့ သတင်းတွေဟာ သတင်းအမှားသာဖြစ်တယ်လို့ အူဝဲရဲ့အစ်မဖြစ်သူရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ဒါကြောင့် အူဝဲရဲ့အနုပညာကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ပရိသတ်တွေကို သတင်းအမှားတွေမယုံကြဖို့နဲ့ အသိပေးထားပပါတယ်။ အူဝဲ ဟာ ကျန်းမာရေးအခြေအနေကြောင့် အနားယူနေရပြီး ကိုယ်တိုင်ပရိသတ်ရှေ့ကို ထွက်ပြဖို့စဥ်းစားနေတယ်လို့လဲ သိရပါတယ်။
Credit