အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆိုး

Knowledge

Zawgyi

အသားေပါင္းအိုးကို အေငြ႕မထုတ္မိပဲ ထားမိလိုက္တဲ့ ျဖစ္ရပ္ဆိုး

အသားေပါင္းအိုးကို အေငြ႕မထုတ္မိရာကစတဲ့ ဆိုးက်ိဳးႀကီးေပါ့ေလ…..

မိသားစုေတြ Hot Pot လုပ္စားၾကမယ္ဆိုၿပီး…

ဝက္နံ႐ိုးေတြကို အသားေပါင္းအိုးသုံးမိရာက စတာပါပဲ..

ကိုယ့္ရဲ႕ဗဟုသုတနဲမႈေတြ သတိမမူမႈေတြ အမ်ားႀကီးေပါ့…

Meat နဲ႔ ေပါင္းထားၿပီး… Pressure 18 ကေန 4 ျဖစ္တဲ့အခ်ိန္ ညီမျဖစ္သူက ဟင္းရည္နဲမွာစိုးလို႔ဆိုၿပီး အဖုံးဖြင့္ရာက ဖြင့္မရတဲ့အခါ …

မီး plug ျဖဳတ္ၿပီး မီးဖိုေခ်ာင္ၾကမ္းျပင္မွာ ခ်ၿပီးဖြင့္ေတာ့ အိမ္မွာ ရွိေနၾကတာက ၄ ေယာက္ အေဖရယ္ ကိုယ္ရယ္ ညီမ ၂ ေယာက္ရယ္..

အတူတူ ဓါးဦးနဲ႔ ကလန႔္ၿပီးဖြင့္ေနၾကတာ.. ကိုယ္ကေတာ့ ဘယ္ရယ္မွန္းမသိ ႐ုတ္တရတ္ ဟင္း႐ြက္ေဆးၿပီးသား ဇကာေလး အျပင္သြားခ်ေနတဲ့အခ်ိန္ ..

စကၠန႔္ပိုင္းေလးတင္ကို ျဖစ္ပ်က္ကုန္တာကေတာ့… ဖုန္း ခနဲ အသံၾကားလိုက္ရတယ္ တစ္ဆက္တည္း ပူတယ္ ပူတယ္ဆိုၿပီး မီးဖိုခန္းမွာ ဆူညံပြက္ေလာ႐ိုက္ေနေတာ့ ေျပးၾကည့္တဲ့အခါ…

မီးဖိုခန္းတစ္ခုလုံး ေရေႏြးေငြ႕ေတြ မီးေလာင္သလိုပဲ ဖုံးေနခဲ့တာပဲ ေပါင္းအိုးပြင့္တဲ့အခ်ိန္ ထေပါက္တာ…

အားလုံး ဖ႐ိုဖရဲေတြနဲ႔ ကိုယ္လည္း ဘာလုပ္ေပးရမွန္းမသိ ျပာယာခတ္ၿပီး ငိုေနေတာ့ အေဖက ကိုယ့္ကို မ်က္ရည္သုတ္ေပးၿပီး သမီးမငိုနဲ႔ သမီးငိုရင္ အေဖ ပိုဆိုးတယ္တဲ့

ညီမျဖစ္သူကလည္း မမ ရတယ္ ဘာမွမျဖစ္ဘူးတဲ့… ဝမ္းကြဲ ညီမေလးကေတာ့ ဘာမွကိုမေျပာရွာဘူး ႐ုန္းရင္းဆန္ခတ္နဲ႔ သြားတိုက္ေဆးေတြ ပြတ္ေနၾကတာ..

ကိုယ္လည္း အေယာင္ေယာင္အမွားမွားနဲ႔ body lotion ဗူးႀကီး သြားေပးေသးတာ… ေလ့လာမႈနည္းတဲ့ အက်ိဳးေတြေပါ့…

အဲဒီလိုနဲ႔ ေဆး႐ုံေျပးတဲ့အခ်ိန္မွာကတည္းက ညီမျဖစ္သူက အေရျပားေတြ ကြာေနခဲ့ၿပီ (သြားတိုက္ေဆးက ပိုဆိုးေစသတဲ့) ေနာက္ဆုံး အခုလို အေျခအေနနဲ႔ အေဖရယ္ ဝမ္းကြဲညီမေလးရယ္က ေျခေထာက္တစ္ဖက္စီ ညီမအရင္းျဖစ္သူကေတာ့ မ်က္ႏွာကလြဲရင္ တစ္ကိုယ္လုံး နီးနီးပါပဲ…

ေမ့ေဆးေပးၿပီး operation ဝင္ခဲ့ရတယ္…

ေျပာခ်င္တာက ဒီလိုအျဖစ္အပ်က္ေတြကို သင္ခန္းစာယူၿပီး ကိုယ္သုံးမယ့္ လွ်ပ္စစ္ပစၥည္းရဲ႕ အက်ိဳးအေၾကာင္း အဆိုးအေကာင္းကို ေသခ်ာေလ့လာၿပီးမွ သုံးပါ… အပူေလာင္လွ်င္ အပူခ်ိန္က်ေအာင္သာ လုပ္ပါ…

ကိုယ္ခ်က္ေပးေနတဲ့အိုး ကိုယ္ဝင္ေပးေနတဲ့ မီးဖိုေခ်ာင္မွာ ကိုယ္ကမပါသြားပဲ ကံဖယ္ခဲ့တယ္ပဲ ေျပာရမလားပဲ…

အဲဒီျမင္ကြင္းလည္း မ်က္လုံးထဲက မထြက္ဘူး စိတ္လည္းေတာ္ေတာ္မေကာင္းျဖစ္ရပါတယ္… အဆိုးဆုံးခံရတဲ့ ညီမေလးတစ္ဖြဖြ ေျပာေနတဲ့ စကားေလးက မမ မျဖစ္လို႔ေတာ္ေသးတယ္တဲ့

အေငြ႕မထုတ္မိတဲ့အိုးက တည္ေနရင္း အလိုလို ထေပါက္မယ့္အျဖစ္ကေနဆိုေတာ့ အသက္ေဘးေတာ့ လြတ္ခဲ့ၾကတာေပါ့ေလ….

ကံၾကမၼာဆိုတာ… ႀကိဳမျမင္ႏိုင္ဘူးေလ….

အားလုံးပဲ သတိထားၾကႏိုင္ဖို႔ သတိေပးပါရေစ….

Credit – Thinzar Myintmo

Unicode

အသားပေါင်းအိုးကို အငွေ့မထုတ်မိပဲ ထားမိလိုက်တဲ့ ဖြစ်ရပ်ဆိုး

အသားပေါင်းအိုးကို အငွေ့မထုတ်မိရာကစတဲ့ ဆိုးကျိုးကြီးပေါ့လေ…..

မိသားစုတွေ Hot Pot လုပ်စားကြမယ်ဆိုပြီး…

ဝက်နံရိုးတွေကို အသားပေါင်းအိုးသုံးမိရာက စတာပါပဲ..

ကိုယ့်ရဲ့ဗဟုသုတနဲမှုတွေ သတိမမူမှုတွေ အများကြီးပေါ့…

Meat နဲ့ ပေါင်းထားပြီး… Pressure 18 ကနေ 4 ဖြစ်တဲ့အချိန် ညီမဖြစ်သူက ဟင်းရည်နဲမှာစိုးလို့ဆိုပြီး အဖုံးဖွင့်ရာက ဖွင့်မရတဲ့အခါ …

မီး plug ဖြုတ်ပြီး မီးဖိုချောင်ကြမ်းပြင်မှာ ချပြီးဖွင့်တော့ အိမ်မှာ ရှိနေကြတာက ၄ ယောက် အဖေရယ် ကိုယ်ရယ် ညီမ ၂ ယောက်ရယ်..

အတူတူ ဓါးဦးနဲ့ ကလန့်ပြီးဖွင့်နေကြတာ.. ကိုယ်ကတော့ ဘယ်ရယ်မှန်းမသိ ရုတ်တရတ် ဟင်းရွက်ဆေးပြီးသား ဇကာလေး အပြင်သွားချနေတဲ့အချိန် ..

စက္ကန့်ပိုင်းလေးတင်ကို ဖြစ်ပျက်ကုန်တာကတော့… ဖုန်း ခနဲ အသံကြားလိုက်ရတယ် တစ်ဆက်တည်း ပူတယ် ပူတယ်ဆိုပြီး မီးဖိုခန်းမှာ ဆူညံပွက်လောရိုက်နေတော့ ပြေးကြည့်တဲ့အခါ…

မီးဖိုခန်းတစ်ခုလုံး ရေနွေးငွေ့တွေ မီးလောင်သလိုပဲ ဖုံးနေခဲ့တာပဲ ပေါင်းအိုးပွင့်တဲ့အချိန် ထပေါက်တာ…

အားလုံး ဖရိုဖရဲတွေနဲ့ ကိုယ်လည်း ဘာလုပ်ပေးရမှန်းမသိ ပြာယာခတ်ပြီး ငိုနေတော့ အဖေက ကိုယ့်ကို မျက်ရည်သုတ်ပေးပြီး သမီးမငိုနဲ့ သမီးငိုရင် အဖေ ပိုဆိုးတယ်တဲ့

ညီမဖြစ်သူကလည်း မမ ရတယ် ဘာမှမဖြစ်ဘူးတဲ့… ဝမ်းကွဲ ညီမလေးကတော့ ဘာမှကိုမပြောရှာဘူး ရုန်းရင်းဆန်ခတ်နဲ့ သွားတိုက်ဆေးတွေ ပွတ်နေကြတာ..

ကိုယ်လည်း အယောင်ယောင်အမှားမှားနဲ့ body lotion ဗူးကြီး သွားပေးသေးတာ… လေ့လာမှုနည်းတဲ့ အကျိုးတွေပေါ့…

အဲဒီလိုနဲ့ ဆေးရုံပြေးတဲ့အချိန်မှာကတည်းက ညီမဖြစ်သူက အရေပြားတွေ ကွာနေခဲ့ပြီ (သွားတိုက်ဆေးက ပိုဆိုးစေသတဲ့) နောက်ဆုံး အခုလို အခြေအနေနဲ့ အဖေရယ် ဝမ်းကွဲညီမလေးရယ်က ခြေထောက်တစ်ဖက်စီ ညီမအရင်းဖြစ်သူကတော့ မျက်နှာကလွဲရင် တစ်ကိုယ်လုံး နီးနီးပါပဲ…

မေ့ဆေးပေးပြီး operation ဝင်ခဲ့ရတယ်…

ပြောချင်တာက ဒီလိုအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး ကိုယ်သုံးမယ့် လျှပ်စစ်ပစ္စည်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို သေချာလေ့လာပြီးမှ သုံးပါ… အပူလောင်လျှင် အပူချိန်ကျအောင်သာ လုပ်ပါ…

ကိုယ်ချက်ပေးနေတဲ့အိုး ကိုယ်ဝင်ပေးနေတဲ့ မီးဖိုချောင်မှာ ကိုယ်ကမပါသွားပဲ ကံဖယ်ခဲ့တယ်ပဲ ပြောရမလားပဲ…

အဲဒီမြင်ကွင်းလည်း မျက်လုံးထဲက မထွက်ဘူး စိတ်လည်းတော်တော်မကောင်းဖြစ်ရပါတယ်… အဆိုးဆုံးခံရတဲ့ ညီမလေးတစ်ဖွဖွ ပြောနေတဲ့ စကားလေးက မမ မဖြစ်လို့တော်သေးတယ်တဲ့

အငွေ့မထုတ်မိတဲ့အိုးက တည်နေရင်း အလိုလို ထပေါက်မယ့်အဖြစ်ကနေဆိုတော့ အသက်ဘေးတော့ လွတ်ခဲ့ကြတာပေါ့လေ….

ကံကြမ္မာဆိုတာ… ကြိုမမြင်နိုင်ဘူးလေ….

အားလုံးပဲ သတိထားကြနိုင်ဖို့ သတိပေးပါရစေ….

Credit – Thinzar Myintmo

Leave a Reply

Your email address will not be published.