Zawgyi
အမျိုးသမီးငယ်ကို ခါးပိုက်နှိုက် ၄ ယောက်လက်က ကယ်တယ်လိုက်တဲ့ တာဝန်သိ ကားစပယ်ယာလေး
ရန်ကုန်ရောက်ရင်သတိထားဖို့အလုံကီလီကနေ ရန်ကင်းမိုးကောင်းဘက်ကိုပြေးဆွဲတဲ့( ၃၃ ) မီနီဘတ်စ်ကိုစီးခဲ့ပါတယ်။သခင်မြပန်းခြံအကျော်မှာ မိန်းကလေးတယောက်ကိုခါးပိုက်နှိုက် ၄ယောက်ခန့်ဝိုင်းပြီးပိုက်ဆံအိတ်ကိုဓါးနဲ့ခွဲပါတယ်။
ဒါကိုရိပ်မိတဲ့စပယ်ယာလေးကအမကားခမပေးရသေးဘူးနော်လို့ အရိပ်အမြွက်သတိပေးလိုက်လို့ မအောင်မြင်ခဲ့ရတဲ့ခါးတွေက နောက်မှတ်တိုင်မှာပြဿနာရှာပြီး ဒရိုင်ဘာကိုပါဓါးနဲ့ထောက်ပြီးလက်သီးနဲ့ဝိုင်းထိုးကြပါတယ်။
ကံကောင်းထောက်မစွာပဲ ကားပေါ်ပါသူများနဲ့ပါတ်ဝန်းကျင်ကြောင့် ဒုစရိုက်သမားတွေကားပေါ်က ဆင်းပြေးသွားကြပါတယ်။မင်းတို့ကားကိုမှတ်ထားမယ်လို့လဲ ကြိမ်းဝါးသွားကြပါတယ် ။
စပါယ်ယာလေးခမျာကံကောင်းလို့မျက်စိဘေးနဲနဲထိပြီး ညှပ်ရိုးအောက်နားလေး ဓါးနဲနဲချစ်မိသွားတယ်။
တာဝန်သိစပယ်ယာလေးကိုချီးကျူးမိသလို ဒုစရိုက်မှုတွေပေါများလာတာလဲစိတ်ပူမိပါတယ်။
အားလုံးသတိဝီရိယနဲ့နေထိုင်သွားလာကြဖို့လို သလိုရဲတပ်ဖွဲ့အနေနဲ့လဲ ခါတိုင်းထက်ပိုကြိုးစားဖို့လိုနေပြီဆိုတာ ထင်ရှားနေပါတယ်။
Credit original
Unicode