Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြားလာ

Knowledge

ယခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်းက Kpay အသုံးပြုကာ ငွေရေး ကြေးရေး သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်သည့် လိမ်လည်မှုများ ပိုမိုများပြား လာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လိမ်လည်သူများသည် သက်ကြီး ရွယ်အိုများနှင့် နည်းပညာအားနည်းသူများကို ပစ်မှတ်ထားကာ Face book, Viber အစရှိသည့် လူမှုကွန်ရက် စာမျ က်နှာများမှ တဆင့်သော်လည်းကောင်း၊ ဖုန်း SMS မှသော်လည်းကောင်း ချဉ်းကပ်၍ လိမ်လည်နေကြခြင်းဖြစ်သည်။

ယင်းသို့ လိမ်လည်ခံရသူများထဲတွင် အချို့တွင် နာ မည်ကြီးသူများနှင့် အနုပညာရှင် အချို့ပါ ဝင်နေကြော င်းလည်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဒုတိယ ဥက္ကဋ္ဌ သရုပ်ဆောင် ဦးဝင်းမြိုင် ယင်းကဲ့သို့ လိမ်လည်ခံရပြီး ၎င်း၏ KPay အတွင်းမှ ငွေကြေးအချို့ ဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။

“ဒီအသက်အရွယ်တွေက IT နည်းပညာကို သိပ်ပြီးတော့ လက်လှမ်းမမီကဘူး။ များသောအားဖြင့်က၊ ရုတ်တ ရက်ကျတော့ သတိလွတ်တယ်။ သတိလွတ်တော့ အဲဒီ ဂဏန်း (၆) လုံးကို ပြောလိုက်မိတယ်။ကိုယ့်ဆီမှာ K pay ရှိတယ် ၊ Wave pay ရှိတယ် ဆိုရင် သက်ဆိုင်ရာက ကျလာတဲ့ Pin Code ကို ဘယ်သူ့ကိုမှ မပြော မိပါစေနဲ့လို အထပ်ထပ် အခါခါ ပြောချင်တယ်” ဟု ဦးဝင်းမြိုင်က သတိပေးစကား ပြော သည်။

၎င်းအနေဖြင့် Kpay အကောင့်မှ ငွေများ လိမ်လည်ခံရ‌သော်လည်း အကောင့်အတွင်း ငွေအများအပြား ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၄၀၀၀၀ ကျပ်သာ ပါသွားကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုကာ အသုံး ပြု၍ရသည့် ငွေကြေး သုံးစွဲမှုများကို အသုံးပြုသူ သန်းနှင့်ချီ ရှိနေပြီး ယင်းအသုံးပြုသူများထဲမှ နည်းပညာ အားနည်းသူများကို အဓိက ပစ်မှတ်ထား လိမ် လည်နေကြခြင်းဖြစ်ပြီး အရေးယူနိုင်မှု အားနည်းနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

” မြန်မာနိုင်ငံမှာ Wave Money, Kpay, AYA Pay, CB Pay စဖြင့်ပေါ့ အဲဒါသုံးတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ အဓိက အလိမ်ခံနေရတဲ့သူတွေက နည်းပညာ မကျွမ်း ကျင်တဲ့သူတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေက လူတွေလည်း ပါတော့ ပါတယ်။

အလိမ်ခံရတဲ့သူတွေ မှာ တချို့ဆို တော်တော် နစ်နာကြရတယ်။ ဒါပေမဲ့ အရေးယူနိုင်မှုကြတော့ တော် တော် အားနည်းတယ်။ ပါသွားရင် ဆုံးတာက များတယ်”ဟု နည်းပညာကျွမ်းကျင်သူ ကိုကျော်စွာစိုးက သုံးသပ်ပြောဆိုသည်။အဆိုပါ လိမ်လည်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်းကတည်းက ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး

Wave Money သုံးစွဲသူများ အများဆုံး အလိမ်ခံခဲ့ရသော်လည်း ယခု ရက်ပိုင်းအတွင်း Kpay သုံးစွဲသူများကြား လိမ်လည်ခံရမှု ခပ်စိပ်စိပ် ဖြစ်ပွားနေခြင်း ဖြစ် သည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား FB မက်ဆင်ဂျာမှ တဆင့် KPay မှ တာဝန်ရှိသူ ယောင်ဆောင်ကာ လိမ်လည်ရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မှတ်ပုံတင် နံပါတ်လာတောင်းတယ်။မ‌ပေးရင် အကောင့်ကို တစ်လ ပိတ်မယ်တဲ့။မယုံလို့မ​ပေးလိုက်ဘူး။ အားမရသေးလို့ ဘဏ်ကို သွားပြီးမေးကြည့်တော့ သမီးတို့ဆီက ပို့တာ မဟုတ်ဘူး။အန်တီမပေးလိုက်တာ ကံ ကောင်းတယ်လို့ ပြန်ပြောတယ်။ အဲဒီလို အလိမ်ခံနေရတာ အများကြီးလို့ ပြောတယ်” ဟု

အဆိုပါ အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။သူမအား လိမ်လည်​တောင်းဆိုထားသည့် SS ကိုပုံတွင်ကြည့်ရူ့နိုင်ပါသည်။အဆိုပါ လိမ်လည်မှုများ မကြုံရစေရန် သက်ဆိုင် ရာ ကုမ္ပဏီနှင့် ဘဏ်တာဝန်ရှိသူများအနေဖြင့် အ သိပညာ ဖြန့်ဝေမှုများကို ပိုမိုကျယ်ပျံ့စွာ လုပ် ဆောင်သင့်ပြီး အလွ ယ်တကူ တိုင်ကြားနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊

လျှင်မြန်စွာ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကို အား စိုက် လုပ်ဆောင်ပေးသင့်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားသည်။”အခုနောက်ပိုင်း နေ့စဉ်ရက်ဆက် ကြားလာရတာပဲ။ တာဝန်ရှိတဲ့သူတွေ ဘက်က အသိပညာပေးတဲ့ကိစ္စတွေကို ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ဖြစ်အောင် နည်းလမ်းရှာသင့်တယ်။

မသိတဲ့နားမလည်တဲ့သူတွေ မခံရအောင်ပေါ့။ ပါသွားပြီဆိုရင်လည်း ဘယ်လို ပြန်ရအောင်လုပ်မလဲ။ လိမ်တဲ့သူရဲ့ လိုကေးရှင်းကို ရှာပြီး အမြန် အကောင့်ပိတ် ပစ်တာမျိုးပေါ့ ၊ ဒါမျိုးတွေကို ဖိဖိစီးစီး ပို လုပ်သင့်တယ် ” ဟု ကိုကျော်စွာစိုးက ပြောသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

Kpay သုံးစြဲသူမ်ားကို ပစ္မွတ္ထား လိမ္လည္မႈမ်ား ပိုမိုမ်ားျပာလာ

ယခုရက္ပိုင္းအတြင္း ျမန္မာျပည္တြင္းက Kpay အသုံးျပဳကာ ေငြေရး ေၾကးေရး သုံးစြဲသူမ်ားကို ပစ္မွတ္ထား လိမ္လည္သည့္ လိမ္လည္မႈမ်ား ပိုမိုမ်ားျပား လာေနေၾကာင္း စုံစမ္းသိရွိရသည္။

အဆိုပါ လိမ္လည္သူမ်ားသည္ သက္ႀကီး ႐ြယ္အိုမ်ားႏွင့္ နည္းပညာအားနည္းသူမ်ားကို ပစ္မွတ္ထားကာ Face book, Viber အစရွိသည့္ လူမႈကြန္ရက္ စာမ် က္ႏွာမ်ားမွ တဆင့္ေသာ္လည္းေကာင္း၊ ဖုန္း SMS မွေသာ္လည္းေကာင္း ခ်ဥ္းကပ္၍ လိမ္လည္ေနၾကျခင္းျဖစ္သည္။

ယင္းသို႔ လိမ္လည္ခံရသူမ်ားထဲတြင္ အခ်ိဳ႕တြင္ နာ မည္ႀကီးသူမ်ားႏွင့္ အႏုပညာရွင္ အခ်ိဳ႕ပါ ဝင္ေနေၾကာ င္းလည္း စုံစမ္းသိရသည္။ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း ျမန္မာနိုင္ငံ ႐ုပ္ရွင္အ စည္းအ႐ုံး ဒုတိယ ဥကၠ႒ သ႐ုပ္ေဆာင္ ဦးဝင္းၿမိဳင္ ယင္းကဲ့သို႔ လိမ္လည္ခံရၿပီး ၎၏ KPay အတြင္းမွ ေငြေၾကးအခ်ိဳ႕ ဆုံးရႈံး သြားခဲ့ေၾကာင္း သိရသည္။

“ဒီအသက္အ႐ြယ္ေတြက IT နည္းပညာကို သိပ္ၿပီးေတာ့ လက္လွမ္းမမီကဘူး။ မ်ားေသာအားျဖင့္က၊ ႐ုတ္တ ရက္က်ေတာ့ သတိလြတ္တယ္။ သတိလြတ္ေတာ့ အဲဒီ ဂဏန္း (၆) လုံးကို ေျပာလိုက္မိတယ္။ကိုယ့္ဆီမွာ K pay ရွိတယ္ ၊ Wave pay ရွိတယ္ ဆိုရင္ သက္ဆိုင္ရာက က်လာတဲ့ Pin Code ကို ဘယ္သူ႕ကိုမွ မေျပာ မိပါေစနဲ႕လို အထပ္ထပ္ အခါခါ ေျပာခ်င္တယ္” ဟု ဦးဝင္းၿမိဳင္က သတိေပးစကား ေျပာ သည္။

၎အေနျဖင့္ Kpay အေကာင့္မွ ေငြမ်ား လိမ္လည္ခံရ‌ေသာ္လည္း အေကာင့္အတြင္း ေငြအမ်ားအျပား ထည့္သြင္းထားျခင္း မရွိသည့္အတြက္ ၄၀၀၀၀ က်ပ္သာ ပါသြားေၾကာင္းလည္း ၎က ဆိုသည္။

ျမန္မာနိုင္ငံအတြင္း မိုဘိုင္းဖုန္းအသုံးျပဳကာ အသုံး ျပဳ၍ရသည့္ ေငြေၾကး သုံးစြဲမႈမ်ားကို အသုံးျပဳသူ သန္းႏွင့္ခ်ီ ရွိေနၿပီး ယင္းအသုံးျပဳသူမ်ားထဲမွ နည္းပညာ အားနည္းသူမ်ားကို အဓိက ပစ္မွတ္ထား လိမ္ လည္ေနၾကျခင္းျဖစ္ၿပီး အေရးယူနိုင္မႈ အားနည္းေနေၾကာင္း ကြၽမ္းက်င္သူမ်ားက ဆိုသည္။

” ျမန္မာနိုင္ငံမွာ Wave Money, Kpay, AYA Pay, CB Pay စျဖင့္ေပါ့ အဲဒါသုံးတဲ့သူေတြ သန္းနဲ႕ခ်ီရွိတယ္။ အဓိက အလိမ္ခံေနရတဲ့သူေတြက နည္းပညာ မကြၽမ္း က်င္တဲ့သူေတြ၊ ေက်းလက္ေန ျပည္သူေတြနဲ႕ သက္ႀကီး႐ြယ္အိုေတြကေပါ့။ ရန္ကုန္ မႏၲေလးလို ၿမိဳ႕ႀကီးေတြက လူေတြလည္း ပါေတာ့ ပါတယ္။

အလိမ္ခံရတဲ့သူေတြ မွာ တခ်ိဳ႕ဆို ေတာ္ေတာ္ နစ္နာၾကရတယ္။ ဒါေပမဲ့ အေရးယူနိုင္မႈၾကေတာ့ ေတာ္ ေတာ္ အားနည္းတယ္။ ပါသြားရင္ ဆုံးတာက မ်ားတယ္”ဟု နည္းပညာကြၽမ္းက်င္သူ ကိုေက်ာ္စြာစိုးက သုံးသပ္ေျပာဆိုသည္။အဆိုပါ လိမ္လည္မႈမ်ားမွာ ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္းကတည္းက ျဖစ္ေပၚေနျခင္း ျဖစ္ၿပီး

Wave Money သုံးစြဲသူမ်ား အမ်ားဆုံး အလိမ္ခံခဲ့ရေသာ္လည္း ယခု ရက္ပိုင္းအတြင္း Kpay သုံးစြဲသူမ်ားၾကား လိမ္လည္ခံရမႈ ခပ္စိပ္စိပ္ ျဖစ္ပြားေနျခင္း ျဖစ္ သည္။ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးအား FB မက္ဆင္ဂ်ာမွ တဆင့္ KPay မွ တာဝန္ရွိသူ ေယာင္ေဆာင္ကာ လိမ္လည္ရန္ ႀကိဳးပမ္းမႈ တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

” မွတ္ပုံတင္ နံပါတ္လာေတာင္းတယ္။မ‌ေပးရင္ အေကာင့္ကို တစ္လ ပိတ္မယ္တဲ့။မယုံလို႔မ​ေပးလိုက္ဘူး။ အားမရေသးလို႔ ဘဏ္ကို သြားၿပီးေမးၾကည့္ေတာ့ သမီးတို႔ဆီက ပို႔တာ မဟုတ္ဘူး။အန္တီမေပးလိုက္တာ ကံ ေကာင္းတယ္လို႔ ျပန္ေျပာတယ္။ အဲဒီလို အလိမ္ခံေနရတာ အမ်ားႀကီးလို႔ ေျပာတယ္” ဟု

အဆိုပါ အမ်ိဳးသမီးက ၎၏ လူမႈကြန္ရက္တြင္ ေရးသားထားသည္။သူမအား လိမ္လည္​ေတာင္းဆိုထားသည့္ SS ကိုပုံတြင္ၾကည့္႐ူ႕နိုင္ပါသည္။အဆိုပါ လိမ္လည္မႈမ်ား မႀကဳံရေစရန္ သက္ဆိုင္ ရာ ကုမၸဏီႏွင့္ ဘဏ္တာဝန္ရွိသူမ်ားအေနျဖင့္ အ သိပညာ ျဖန႔္ေဝမႈမ်ားကို ပိုမိုက်ယ္ပ်ံ့စြာ လုပ္ ေဆာင္သင့္ၿပီး အလြ ယ္တကူ တိုင္ၾကားနိုင္ရန္ ေဆာင္႐ြက္ေပးျခင္း ၊

လွ်င္ျမန္စြာ တာဝန္ယူေဆာင္႐ြက္ေပးျခင္းတို႔ကို အား စိုက္ လုပ္ေဆာင္ေပးသင့္ေၾကာင္းလည္း ကြၽမ္းက်င္သူမ်ားက အႀကံျပဳ ေျပာၾကားသည္။”အခုေနာက္ပိုင္း ေန႕စဥ္ရက္ဆက္ ၾကားလာရတာပဲ။ တာဝန္ရွိတဲ့သူေတြ ဘက္က အသိပညာေပးတဲ့ကိစၥေတြကို ပိုၿပီးက်ယ္က်ယ္ပ်ံ့ပ်ံ့ျဖစ္ေအာင္ နည္းလမ္းရွာသင့္တယ္။

မသိတဲ့နားမလည္တဲ့သူေတြ မခံရေအာင္ေပါ့။ ပါသြားၿပီဆိုရင္လည္း ဘယ္လို ျပန္ရေအာင္လုပ္မလဲ။ လိမ္တဲ့သူရဲ႕ လိုေကးရွင္းကို ရွာၿပီး အျမန္ အေကာင့္ပိတ္ ပစ္တာမ်ိဳးေပါ့ ၊ ဒါမ်ိဳးေတြကို ဖိဖိစီးစီး ပို လုပ္သင့္တယ္ ” ဟု ကိုေက်ာ္စြာစိုးက ေျပာသည္။crd

Leave a Reply

Your email address will not be published.