စူပါမားကတ်မှာဈေးဝယ်ဖို့အတွက် တွန်းလှည်းခြင်းသွားယူစဉ်မှာ ၂နှစ်အရွယ်သားငယ်လေးကို တွန်းလှည်းပေါ်မှာမေ့ကျန်ခဲ့သည့် မိခင်တစ်ဦး၏အဖြစ်

Lifestyle

စူပါမားကတ်များတွင် ဈေးဝယ်ယူမည်ဆိုပါက အရင်ဦးစွာမိမိကြိုက်နှစ်သက်သည့်ပစ္စည်းတွေကိုယူဆောင်ပြီးမှ ငွေရှင်းကောင်တာတွင်ငွေသွားရှင်းရတာမျိုးဖြစ်ပါတယ်။

ထို့ကြောင့်ပစ္စည်းတွေယူဆောင်ဖို့အတွက် တွန်းလှည်းဈေးခြင်းတွေကို ဆိုင်၏အပြင်ဘက်တွင်သေချာစွာထားရှိပေးထားတာဖြစ်ပါတယ်။

ထိုအခါ တရုတ်နိုင်ငံမှမိခင်တစ်ဦးဟာ သူ၏၂နှစ်အရွယ်သားငယ်လေးနှင့် ဈေးလာဝယ်ရင်း ဈေးခြင်းကိုသွားယူစဉ် တွန်းလှည်းကိုဖြုတ်ယူချိန်မှာ သားငယ်လေးကို ကျန်နေခဲ့တာဖြစ်ပါတယ်။

ကလေးငယ်လေးသည် မိခင်ဈေးသုံးသည့်အချိန်ကို နေပူပူထဲတွင် ငိုယိုခြင်းမရှိဘဲ မိခင်ပြန်လာခေါ်မည့်အချိန်ကို ထိုင်စောင့်နေခဲ့ရတာဖြစ်ပါတယ်။မိခင်ဖြစ်သူကဈေးဝယ်နေပြီး ဘယ်ချိန်မှသူ့သားလေးကျန်ခဲ့တာကိုသတိရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

Shoon (Cele Daily)

Crd

Leave a Reply

Your email address will not be published.