အိမ်ထောင်သည်မှန်းသိသိနဲ့ အမ ယောကျာ်းကိုမှ ယူမယ်ဆိုတဲ့ ညီမလေး သိဖို့
ကွာရှင်းတော့မယ်ဆိုလို့ အရမ်းကို ပျော်သွားကြတဲ့ပုံပဲ ဝမ်းသာပီးစောင့်နေကြသူများလည်း ရယ်ချင်မိ
ကွာရှင်းပေးမယ်ထင်နေလား..ဆုတောင်း တချို့ တချို့ စိတ်ဓာတ်လေးတွေ သိလိုက်ရလို့ကျေနပ်မိ
ကျမကိုယ်ဝန် နေ့စေ့လစေ့ထဲက အိမ်ထောင်သည်မှန်းသိသိနဲ့ဘလိုချော့တားတားနောက်မဆုတ်ပဲ




အမယောကျာ်းကိုမှ လိုချင်နေတဲ့ညီမလေးစုမြတ်နိုးရေ….အခုအမသားလေးလည်းမွေးပီးပါပီနော်..
အမတို့လည်းကွာရှင်းလိုက်ကြပါပီ..ညီမလေးတို့နှယောက်လည်း အမဘက်က ကွာပေးမယ့်အချိန်ကို
စောင့်နေကြတာဆိုတော့ ခု လွတ်လွတ်လပ်လပ် ပြောလို့ရပါပြီရှင်“ခိုးစားနေတဲ့သူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ”
ဒီကိစ္စက လွယ်မလို့နဲ့ ခက်ခဲတဲ့ ကိစ္စလို့အများစုကတော့ယူဆကြပါတယ်။ကျွန်မ ကတာ့အဲဒီလို မယူဆပါဘူး။
ကျွန်မကို မကြာခဏဖုန်းဆက်ပြီး ရင်ဖွင့်ကြတဲ့ ထဲမှာ ခင်ပွန်းဖြစ်သူက ဖောက်ပြန်နေလို့။
ဇနီးဖြစ်သူက ဖောက်ပြန်နေလို့…ဆိုပြီး
ရင်ဖွင့်ကြတာက ၉ ဝ% လောက်ရှိပါတယ်။အဲဒီထဲမှာ မိသားစု ပြိုကွဲမှာ စိုးလို့ ကျူးလွန်နေတဲ့သူတွေကို တောင်းပန်ပေမဲ့




မရပါဘူး ဆိုတာမျိုါ်ကိုလည်း စိတ် မသက်သာစွာနဲ့ကြားနေရပါတယ်။ကျွန်မအနေနဲ့ကိုယ့်မှာ
အဲဒီလို ကိုယ်တွေ့ အတွေ့အကြုံမရှိပေမဲ့၊
အခြားသူတွေရဲ့အတွေ့အကြုံနဲ့စဉ်းစားလို့ရတာလေးတွေကိုတော့ပြန်ပြီး မျှဝေချင်ပါတယ်။
တကယ်တော့ ပိုင်ရှင်ရှိတဲ့ ပစ္စည်းကို ပိုင်ရှင်အသိမပေးဘဲနဲ့ယူသုံးတာ ခိုးမှုမြှောက်ပါတယ်။
ကာမပိုင်ရှိတဲ့ ခင်ပွန်း(သို့မဟုတ်) ဇနီးသည် နဲ့ ငြိစွန်းတာက ဥပဒေအရလည်း ခိုးမှုမြှောက်သလို၊ ဘာသာရေးရှု့ထောင့်ကနေ
ကြည့်ရင်လည်း ဒုသနသော မြောက်တာပါပဲ။ဒါ့အပြင် လူမှုရေးအနေနဲ့ ကြည့်ရင်လည်း တဏှာရာဂကြောင့်
မထိန်းသိမ်းနိုင်ဘူးဆိုတာကို လူအများသိအောင် ကြေညာလိုက်တဲ့ကိစ္စဖြစ်တဲ့အတွက်
အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်သလို၊ လူ့အသိုင်းအဝိုင်းမှာရော ဆွေစဉ်မျိုးဆက်ပါ ထိခိုက်စေတဲ့လုပ်ရပ်ပါ။
အဲဒါကို ခဏတာ စိတ်သာယာမှုကြောင့် လွယ်လွယ်ကူကူ ကျူးလွန်နေတဲ့သူကိုရော ကျူးလွန်မိအောင်
စွဲဆောင်နေတဲ့သူကိုရော အကျိူးလွန်ခံရတဲ့ ဇနီး(သို့မဟုတ်) ခင်ပွန်း ဖြစ်သူက …




ကျွန်မတို့မိသားစု ပျိုကွဲအောင် မလုပ်ပါနဲ့လို့…တောင်းပန် နေရတယ် ဆိုတာ မဖြစ်သင့်ပါဘူး။
ခိုးစားတဲ့သူကလည်း …ကိုယ်ကလည်း သူများဟာ ခိုးစားနေသေးတယ်၊ အဲဒါကိုတောင် ရှက်ရကောင်းမှန်းမသိဘဲနဲ့
”ကိုယ့်လူကိုယ် နိုင်အောင်ထိန်းပါ”လို့ ပြောတတ်တာလည်း ကိုယ့်မှာ သိက္ခာတင် မရှိတာ မဟုတ်ဘူး၊ စည်းလည်း မရှိဘူး၊ယဉ်ကျေးမှုလည်း မရှိဘူး။တန်ဖိုးလည်း မရှိဘူးဆိုတာကို တုန့်ပြန်လိုက်သလိုပါပဲ။
အဲဒါကြောင့် ခိုးစားနေတဲ့သူတွေကို သွားတွေ့ပြီး တောင်းပန်တာမျိုး၊ ပြောဆိုတာမျိုး လုပ်ခြင်းဟာ အကျိုးမဲ့စေတယ်လို့မြင်မိပါတယ်။
ကျွန်မအမြင်မှာတော့ ဖောက်ပြန်နေတဲ့ ကိုယ့်ရဲ့ဘဝလက်တွဲဖော်နဲ့ဦးစားဖြေရှင်းရမဲ့ကိစ္စပါ။
ပြီးမှ ခိုးစားတဲ့သူကို ထိရောက်စေမဲ့ နည်းလမ်းနဲ့ဖြေရှင်းရမှာပါ။
မိသားစုအရေးမှာ ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်တယ်ဆိုတာ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတာပါ၊
သားသမီးတွေကိုလည်း ဓါးထိုး သတ်လိုက်တာနဲ့ အတူတူပါပဲ။
အဲဒီလို မိသားစုအပေါ်မှာ အပြစ်ကြီး ကျူးလွန်ထားတဲ့ သူနဲ့ပတ်သက်တဲ့ ကိစ္စကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့အတွက် စနစ်တကျရှိဖို့နဲ့ဉာဏ်ပညာရှိရှိ ဖြေရှင်းဖို့ လိုပါတယ်။




အဲဒီလို အိမ်ထောင်ရေးဖောက်ပြန်မှုကို မဖြေရှင်းခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံး ကြိုးစားပြီး ပြင်ဆင်ပါလို့ ဆိုချင်ပါတယ်။
စိတ်လှုပ်ရှားနေတဲ့အချိန်မှာ မိသားစုအတွက် အရေးကြိးတဲ့ အလုပ်ကို မလုပ်တာ အကောင်းဆုံးမို့ပါ။
အဲဒါကြောင့် ဒေါသဘယ်လောက်ထွက်နေပါစေ၊ စိတ်အေးအောင် တည်ငြိမ်အောင် အရင်ဆုံး ကိုယ့်အိမ်ထောင်ဖက်က တကယ်ဖောက်ပြန်နေခြင်းရှိမရှိ အရင်ဆုံး စစ်ဆေးပါ။
သူ့ကိုပါးစပ်ကနေ ဖွင့်မေးတာမျိုး မလုပ်ခင်မှာ သေချာအောင် စစ်ပါ။
အနည်းဆုံး နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် လောက်ထိ စစ်ဆေးပြီး သေချာပြီဆိုမှ ဒီကိစ္စအတွက်ဘယ်လို ဆောင်ရွက်မယ်ဆိုတာကို အရင်ဆုံး စဉ်းစားသင့်တာပါ။
နည်းလမ်း ၂ မျိုးရှိပါတယ်။
ပထမ နည်းလမ်းကတော့(၁) သူ့ကို ခွင့်လွှတ်ပြီး ဆက်ပေါင်းဖို့နည်းလမ်းပါ။
ကိုယ့်နောက်ကျောကို ဓါးထိုးထားတဲ့သူကို သနားလို့ပဲ ဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်
ဆက်ပေါင်းဖို့စဉ်းစားတယ်ဆိုရင်တောင်မှ တစ်စုံတစ်ရာ တုန့်ပြန်မှုတစ်ခုခုတော့ လုပ်သင့်ပါတယ်။




ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ရှေ့တစ်ဆင့်မတိုးရဲအောင်၊ ဒါမှ မဟုတ် နောင် ဒါမျိုး ထပ်ပြီး မကျူးလွန်ရဲအောင် လုပ်သင့်တာပါ။
အဲဒီလိုမှ မဟုတ်ဘူး လွယ်လွယ်ကူကုနဲ့ ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင်တော့ သူဟာ တွေ့ကရာမိန်းမနဲ့ အကြိမ်ကြိမ်ဖောက်ပြန်နေမှာပါပဲ။
ဖောက်ပြန်တတ်တဲ့သူ မကြာခဏဖောက်ပြန်တယ်ဆိုတာ ကိုယ်က လက်ခံပေးထား၊ ခွင့်လွှတ်ပေးထားလို့ပါ။အဲဒါကြောင့် နောင်ကျဉ်အောင် လုပ်ဖို့ လိုပါတယ်။
ပထမဆုံး လုပ်သင့်တာက သူတို့ ဒီလို ဖောက်ပြန်နေတဲ့ကိစ္စကို လူများများသိအောင် လုပ်ပါ။သူ့မိဘ၊ ကိုယ့်မိဘ နဲ့ဆွေမျိုးအသိုင်းအဝိုင်းသိအောင်လုပ်ပါ။
ခိုးစားထားတဲ့ အသိုင်းအဝိုင်းဘက်ကတော့ ဒီလို မလုပ်မိအောင် ကိုယ့်ကို နည်းလမ်းမျိုးစုံနဲ့ တားပါလိမ့်မယ်၊
အဲဒါကို နားမယောင်ပါနဲ့…သတ္တိရှိရှိနဲ့ လူများများသိအောင် လုပ်ပါ။
တဈပွိုငျနကျတညျးမှာပဲ …သူနဲ့ဖောကျပွနျတဲ့သူကို စုံစမျးပါ။ သူ့ကို သှားတွှေ့ပီး ပွောဆိုတာမြိုး မလုပျပါနဲ့။
သူဟာ ကိုယ့်ရဲ့ကာမပိုင်နဲ့ ဖောက်ပြန်နေတဲ့အကြောင်းကို သူ့မိဘ၊ အသိုင်းအဝိုင်း၊လုပ်ဖော်ကိုင်ဘက်တွေပါ သိအောင် လုပ်ပေးပါ။
ဒါဟာ နာမည်ဖျက်တာမဟုတ်ပါဘူး။ နာမည်ကတော့ ကျူးလွန်ြ့ပီဆိုကတည်းက ပျက်နေပြီးသားပါ။
ဖောက်ပြန်တဲ့သူ အများစုက ခိုးစားနေတဲ့သူတွေက ခိုးစားနေမှန်းသိမှာကို ကြောက်တတ်ကြပါတယ်။
အဲဒီအားနည်းချက်ကို သိထားပြီးအသုံးပြုပါ၊သူ့ရဲ့အခြား အားနည်းချက်တွေကို ဒီနေရာမှာ အသုံးပြုလို့လည်း ရပါတယ်။




အဲဒီလို လုပ်တဲ့အတွက် ကိုယ့်အနေနဲ့ အရှက်မကွဲပါဘူး။ ခုရှုပ်မှ နောင်ရှင်းမှာပါ။နောက်တစ်ကြိမ် သူထပ်ပြီး သူမကျူးလွန်ရဲအောင်ရယ်၊ နောက်တစ်ဆင့်များ တက်လာခဲ့ရင်…
ကိုယ့်အနေနဲ့ ဘယ်လို ဖြေရှင်းရမလဲ…ဆိုတဲ့အဖြေအတွက် ခုလို ကြိုတင်ကာကွယ်ထားသင့်တာပါ။ဒါကြောင့် သူတို့ဖောက်ပြန်မှုကို လူများများ သိအောင် လုပ်ရတာပါ။
အစိုးရ ဝန်ထမ်း(သို့မဟုတ်) တပ်မတော် ဝန်ထမ်းဆိုရင် သူ့အထက် အရာရှိ ၂ ဆင့်၃ ဆင့် ထိကို တိုင်ထားပါ။
သူတို့ဘက်က တစ်စုံတစ်ရာ အရေးယူအောင်လည်း ကိုယ့်ဘက်က တောင်းဆိုပါ၊ ဖိအားပေးပါ။
အဲဒီ အဆင့်ကနေ တက်ကြတယ်ဆိုရင်တော့ …
လူသိများအောင် ထပ်ကြော်ငြာပြီး ကွာရှင်းမယ်၊ ပုဒ်မ ၁၃ နဲ့ အရေးယူမယ်ဆိုတဲ့ အဆင့်ကို ဆက်သွားသင့်ပါတယ်။
ဒီလောက်ထိ ဖြစ်နေပြိ ဆိုရင်တော့…သူ ဟာ ကိုယ့်အတွက် လွှတ်ချသင့်တဲ့သူ ပါပဲ။
(၂) ကိုယ့်အိမ်ထောင်ဘက်ကို စွန့်ပစ်လိုက်တဲ့နည်းလမ်းပါ။
ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးတဲ့သူဟာ ကိုယ့်ဘေးနားမှာ ရှိနေရင် အချိန်မရွေးကိုယ့်ကို စိတ်ရော လူပါ
ဒုက္ခပေးနိုင်တယ်ဆိုတာကို သတိပြုပါ။
အချစ်ဆိုတာ ကိုယ့်ဘဝနဲ့ ကိုယ့်အနာဂတ်လောက် အရေးမကြီးပါဘူး။ ဒါကြောင့် ပစ်ချလိုက်တာကပိုကောင်းပါတယ်။
ပစ်မချခင်မှာ ခွင့်လွှတ်ပြီး ပစ်ချလိုက်ချင်တာလား၊ တစ်ခုခုတော့ မှတ်လောက်သားလောက်အောင် ပညာပေးပြီးမှ လွှတ်ချမလား စဉ်းစားပါ။
အဲဒါတွေ မလုပ်ခင်မှာ ကိုယ့်နောင်ရေးနဲ့သားသမီးတွေအတွက် လက်ထပ်ပွား ပိုင်ဆိုင်မှုများအားလုံးကို ကိုယ့်ဘက်ကပဲ အပိုင်ရအောင် လုပ်ပါလို့အကြံပြုချင်ပါတယ်။
ကိုယ့်အတွက် မလိုဘူးလို့ပြောချင်တဲ့သူလည်း ရှိချင်ရှိပါလိမ့်မယ်၊ ဒါပေမဲ့ကိုယ်က သူ့ကို ပေးခဲ့ရတဲ့ အချိန်တွေရှိပါတယ်။
ပျိုရွယ်နုပျိုမှုတွေရှိပါတယ်။ ကိုယ့်အနေနဲ့သူ့အပေါ် ပေးဆပ်ခဲ့ရတာတွေပြုစုခဲ့ရတာတွေကို တစ်လကို အနည်းဆုံး ၃ သိန်းကနေ ၅သိန်း နှုန်းနဲ့ တွက်ပြီး အိမ်ထောင်သက်နဲ့ မြှောက်ပြီး သူ့ဆီက တောင်းပါ။




ဆိုပါတော့ အိမ်ထောင်သက် ၁ဝနှစ်ဆိုရင် ကိုယ့်အနေနဲ့သူ့အတွက် လပေါင်း ၁၂၀ အလုပ်လုပ်ပေးခဲ့တယ်၊
တစ်လကို ၃ သိန်း နှုန်းနဲ့ဆိုတော့ ကိုယ့်အနေနဲ့ သိန်းပေါင်း ၃၆၀ ကနေ သိန်း ၆၀၀ လောက်အနည်းဆုံးသူ့ဆီကနေ ရသင့်ပါတယ်။
သားသမီးတွေ မွေးထားခဲ့ရင် အဲဒီကလေးတွေအတွက်ပါ ပညာရေးနဲ့ကျန်းမာရေး စရိတ်ပါထည့်ပေါင်းပြီး တောင်းပါ။
ဒီထက်ပိုရရင် အကောင်းဆုံးပါပဲ။ ကိုယ့်အနာဂတ်အတွက်ပါ။
အဲဒီလို တောင်းလို့မပေးနိုင်ဘူးဆိုရင်တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ တရားစွဲခြင်းအားဖြင့်
သူဟာ အချုပ်ကြမယ်၊ ထောင်ဒဏ်ကျမယ်၊ ခိုးစားတဲ့သူလည်း အရှက်ရပါမယ်၊သူ့ကိုလည်း တရားစွဲနိုင်တဲ့ အနေအထားရှိရင် စွဲပါ။
ဒီလို ရက်စက်တယ်လို့ မထင်ပါနဲ့… သူ ကိုယ့်နောက်ကျောကို ဓါးနဲ့ ထိုးထားပါတယ်။ ဒီလိုလုပ်ဖို့အတွက်လည်း တရားရုံးစရိတ်နဲ့ပိုက်ဆံအများကြီးမကုန်ပါဘူး၊
ရဲစခန်းမှာ အမှုဖွင့်လိုက်ပါ။ အဲဒီအဆင့်နဲ့တင်အောင်မြင်မှု ရနိုင်ပါတယ်။
အဲဒါကြောင့် ပုဒ်မ ၁၃ နဲ့ တရားစွဲပြီး လက်ထပ်ပွားပစ္စည်းတွေကို မိသားစုပိုင်(တစ်နည်း) ကိုယ်ပိုင် ပြုလုပ်လို့ရပါတယ်။
ကိုယ့်လက်တွဲဖော်ဟာ ပိုင်ဆိုင်မှုလည်းမရှိဘူး၊ ကိုယ်မှီခိုနိုင်လောက်တဲ့ အရည်အချင်းလည်းမရှိဘူး
ခိုးပဲ စားတတ်တာ ဆိုရင်တော့ဘာမှ မယူပါနဲ့တော့၊ဒီလို ချီးထုတ်မျိုးကို အခြားသူ ယူသွားတာက ပိုတောင် ကောင်းပါသေးတယ်။




အဲဒါကြောင့် ဖောက်ပြန်တတ်တဲ့ ဘဝလက်တွဲဖော်အတွက် စိတ်ညစ်နေတာတွေ ခံစားနေရတာတွေ လျော့ပြီး
ကိုယ့်ဘက်က ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို သေချာ စဉ်းစားပါလို့ အကြံပြုချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ မေသြင်္ကန်ဟိန်(မြစ်မခ)
Crd