မအလတွေရဲ့ဆန်းပြားတဲ့ယတြာချေမှုကြီး. see more…..
News
ZNA
သိပ်ကြောက်နေလို့ ဒီနေ့မှာဒီယတြာချေတာ။ပုံတွေကိုကြည့်
တဖက်က ကောလိယပြည်ဆိုတဲ့ဆိုင်းဘုတ်နဲ့အစိမ်းကတဖွဲ့နောက်တဖက်က ကပ္ပိလဝတ်ပြည်ဆိုတဲ့ဆိုင်းဘုတ်နဲ့အနီကတဖွဲ့နှစ်ဖွဲ့စလုံးမှာ ဘုရင်တွေ မင်းညီမင်းသားတွေ မိဖုရားတွေ ရဲမက်စစ်သည်ဗိုလ်ပါတွေနဲ့….အကျဉ်းပြောရရင်
ဘုရားရှင်လက်ထက်တော်တုန်းက ဒီနေ့မှာ ရောဟဏီမြစ်ရေအတွက် တိုက်ခိုက်ကြမယ့် ကောလိယနဲ့ ကပ္ပိလဝတ် ကို မြတ်စွာဘုရားက စစ်မဖြစ်အောင် မဟာသမယသုတ်ကိုဟောပြီးတားဆီးတော်မူခဲ့တယ်ပေါ့…
ဒါကြောင့်ကပ္ပိလဝတ်နဲ့ကောလိယတို့ ဆိုင်းဘုတ်ကြီးကိုင် ဘုရားခုနှစ်ပတ်ပတ် မဟာသမယသုတ်တရားနာပြီး စစ်မတိုက်ရအောင် ယတြာချေကြတာ။
စစ်မတိုက်ရဲလို့ စစ်တိုက်ရမှာကြောက်လို့ ဒီယတြာကို ဒီလိုချေတာ။ဒါပေမယ့်စိတ်ချ ဒီပွဲကတော့ မဟာသမယသုတ်လဲမတားနိုင်လောက်တော့ဘူး။ပြည်သူတွေကသိပ်ကိုနာကျည်းနေကြပြီ။
ဒါကဘုရားရှင်လက်ထက်လဲမဟုတ်​သလိုရေအတွက်နှစ်ပြည်ထောင်စစ်ခင်းတဲ့ပွဲလဲမဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မပြိုင်တဲ့ပွဲ။မဟာသမယသုတ်ကတော့ အဓမ္မဖက်က မရပ်တည်ဘူးထင်တာပဲလေ။
Crd: ZNA
Leave a Reply
Your email address will not be published.