ကလေးများကတော့မိဘများထံမှ ကစားစရာအရုပ်လေးများနှင့်အမှတ်တရဖြစ်စရာလေးတွေရရှိခဲ့ပါကအလွန်ပျော်ရွင်နေတတ်ကြပါတယ်။




မွေးနေ့ရက်မြတ်လေးမှာ လက်ဆောင်တစ်ခုခုရခဲ့ပြီဆိုလျှင်ကလေးတို့ဟာအလွန်ပျော်ရွင်နေကြပေသည်။




ထို့ကြောင့် တရုတ်နိုင်ငံ Jiangsuမှမိခင်တစ်ဦးဟာ၁၁နှစ်အရွယ်သားလေးအတွက်မွေးနေ့ကိတ်လေးပြုလုပ်ပေးခဲ့ပါတယ်။ကလေးကလည်းမွေးနေ့ကိတ်ရတော့မှာဖြစ်သည်အတွက်ပျော်နေခဲ့ပါတယ်။




သို့သော်လည်းမွေးနေ့ကိတ်ကိုမြင်လိုက်ရချိန်မှာတော့မပျော်နိုင်တော့ဘဲ ထိုင်ငိုနေခဲ့ပါတော့တယ်။




အကြောင်းကတော့မိခင်ဖြစ်သူဟာ မွေးနေ့ကိတ်ကို သားလေး၏ကျောင်းစာအုပ်တွေနဲ့အလှဆင်ထားခြင်းကြောင့်ဖြစ်ပါတယ်။စာကျက်ရမှာကြောက်နေတဲ့ကလေးကတော့ မွေးနေ့မှာမွေးနေ့ကိတ်မြင်ပြီးငိုနေရတာဖြစ်ပါတယ်။




Shoon (Cele Daily)
Crd