စာသင်ကျောင်းအချို့ (၈)တန်း ဆရာများက ကျူရှင်မတက်ရင် စာမေးပွဲ အအောင်မပေးဟု ဆို

News

တာချီလိတ်မြို့ရှိ စာသင်ကျောင်းအချို့ ကျူရှင်မတက်ရင် စာမေးပွဲ အအောင်မပေးဟု ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တွင် ကျောင်းသား အားလုံးနီးပါးကို အတန်းပိုင် ဆရာမများက ကျူရှင်မတက်ပါက စာမေးပွဲ အအောင်မပေးဟု ခြိမ်းခြောက်ကာ ဖိအားပေးနေပြီး ကျူရှင်ခအဖြစ် ဘတ်(၇၀၀)တောင်းသည်ဟု ကျောင်းသား မိဘများက ဆိုသည်

ကျူရှင် မတက်နိုင်ရင် ကျောင်းမနေနဲ့လို့ပြောလိုက်တယ်။ နောက်ပြီး ဆရာမက ကျူရှင် မတက်ရင် မရဘူးတဲ့။ ကျူရှင်မတက်ရင် အအောင်မပေးဘူး မေးခွန်းလည်း ငါတို့ပဲထုတ်တာလို့ ဆိုပြီး ကလေးတွေကို (၈)တန်း ဆရာမက ပြောတယ် ဟု ကျောင်းသားမိဘ(၁)ဦးက Tachileik News Agency သို့ ပြောသည်

အဆိုပါ စာသင်ကျောင်းတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ နှင့် စစ်တပ်အခိုင်းခံ ပြည်သူ့စစ်များ စောင့်ကြပ်စဉ်က ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့သည်များလည်း ရှိသည့်အတွက် စာသင်ကျောင်းအနီးရှိ လမ်းသွယ်တွင် CCTV တပ်ဆင်ထားရသေးသည်

တာချီလိတ်မြို့တွင် ကျောင်းသားများကို မဖြစ်မနေ ကျူရှင်တက်ရန် ဖိအားပေး ပြောနေကြသည်မှာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တစ်ခုတည်း မဟုတ်ဘဲ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) အပါအဝင် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်

ကျောင်းကတော့ ထုံးစံအတိုင်းပဲ အငယ်တန်း ကလေးတွေက အစ ကျူရှင်တက်ခိုင်းနေတယ်။ ကျောင်းဖွင့်ပြီ ဆိုတာနဲ့ ကျူရှင်အသံတွေက ထွက်လာတာပဲ။ အထက( တာချီလိတ် ) မှာက ဘယ်လောက် တောင်းတယ်။ ဆန်ဆိုင်းကျောင်းက ဘယ်လောက်တောင်းတယ်ဆိုပြီးတော့ပေါ့

တာချီလိတ်က အရင်နဲ့တူတာ မဟုတ်ဘူး။ မဖြစ်လို့သာ ကလေးတွေကို ကျောင်းထားရတာ။ အရင်လို အဆင်မပြေဘူးလေ။​ ကျူရှင်ကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နဲ့ ပညာရေးမှူး ဒေါ်စန်းကြည်ဝင်း တို့က

တကယ်ပဲ မသိတာလား၊ မသိယောင်ဆောင်နေတာလားတော့ မသိဘူး။ ဒီလို ကာလမှာ ကျူရှင်ခတွေကလည်း အတော်လေးများတယ် ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်တာချီလိတ်မြို့နယ်အတွင်း၌​ အာဏာသိမ်းကာလတွင် ကျောင်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူ (၂၀၀၀၀)အောက်သာ ရှိသည်ဟု သိရသည်

Crd- Tachileik News Agency

Zawgyi

တာချီလိတ်မြို့ရှိ စာသင်ကျောင်းအချို့ ကျူရှင်မတက်ရင် စာမေးပွဲ အအောင်မပေးဟု ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တွင် ကျောင်းသား အားလုံးနီးပါးကို အတန်းပိုင် ဆရာမများက ကျူရှင်မတက်ပါက စာမေးပွဲ အအောင်မပေးဟု ခြိမ်းခြောက်ကာ ဖိအားပေးနေပြီး ကျူရှင်ခအဖြစ် ဘတ်(၇၀၀)တောင်းသည်ဟု ကျောင်းသား မိဘများက ဆိုသည်

ကျူရှင် မတက်နိုင်ရင် ကျောင်းမနေနဲ့လို့ပြောလိုက်တယ်။ နောက်ပြီး ဆရာမက ကျူရှင် မတက်ရင် မရဘူးတဲ့။ ကျူရှင်မတက်ရင် အအောင်မပေးဘူး မေးခွန်းလည်း ငါတို့ပဲထုတ်တာလို့ ဆိုပြီး ကလေးတွေကို (၈)တန်း ဆရာမက ပြောတယ် ဟု ကျောင်းသားမိဘ(၁)ဦးက Tachileik News Agency သို့ ပြောသည်

အဆိုပါ စာသင်ကျောင်းတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ နှင့် စစ်တပ်အခိုင်းခံ ပြည်သူ့စစ်များ စောင့်ကြပ်စဉ်က ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့သည်များလည်း ရှိသည့်အတွက် စာသင်ကျောင်းအနီးရှိ လမ်းသွယ်တွင် CCTV တပ်ဆင်ထားရသေးသည်

တာချီလိတ်မြို့တွင် ကျောင်းသားများကို မဖြစ်မနေ ကျူရှင်တက်ရန် ဖိအားပေး ပြောနေကြသည်မှာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တစ်ခုတည်း မဟုတ်ဘဲ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) အပါအဝင် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်

ကျောင်းကတော့ ထုံးစံအတိုင်းပဲ အငယ်တန်း ကလေးတွေက အစ ကျူရှင်တက်ခိုင်းနေတယ်။ ကျောင်းဖွင့်ပြီ ဆိုတာနဲ့ ကျူရှင်အသံတွေက ထွက်လာတာပဲ။ အထက( တာချီလိတ် ) မှာက ဘယ်လောက် တောင်းတယ်။ ဆန်ဆိုင်းကျောင်းက ဘယ်လောက်တောင်းတယ်ဆိုပြီးတော့ပေါ့

တာချီလိတ်က အရင်နဲ့တူတာ မဟုတ်ဘူး။ မဖြစ်လို့သာ ကလေးတွေကို ကျောင်းထားရတာ။ အရင်လို အဆင်မပြေဘူးလေ။ ကျူရှင်ကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နဲ့ ပညာရေးမှူး ဒေါ်စန်းကြည်ဝင်း တို့က

တကယ်ပဲ မသိတာလား၊ မသိယောင်ဆောင်နေတာလားတော့ မသိဘူး။ ဒီလို ကာလမှာ ကျူရှင်ခတွေကလည်း အတော်လေးများတယ် ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်တာချီလိတ်မြို့နယ်အတွင်း၌ အာဏာသိမ်းကာလတွင် ကျောင်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူ (၂၀၀၀၀)အောက်သာ ရှိသည်ဟု သိရသည်

Crd- Tachileik News Agency

Leave a Reply

Your email address will not be published.