နောက်ဆုံးတွေ့ဆုံခြင်းမှာတောင် ပြသနာအမျိုးမျိုးရှာခဲ့သော သားလေးရဲ့ချစ်သူအကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ရေမွန့်မိခင်

Cele News

နောက်ဆုံးတွေ့ဆုံခြင်းမှာတောင် ပြသနာအမျိုးမျိုးရှာခဲ့သော သားလေးရဲ့ချစ်သူအကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ရေမွန့်မိခင်

ချစ်ရတဲ့ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက်သွားခဲ့ပေမယ့် ယနေ့ထိပရိသတ်တွေမေ့မရနေရတာကတော့ ရေမွန်ပဲဖြစ်ပါတယ်။

သူ့ရဲ့သီချင်းလေးတွေဟာ ယနေ့ထိလူငယ်ပရိသတ်တွေနားထောင်နေကြတုန်းဖြစ်ပြီးသတိရနေဆဲပါ။ ဒီလကတော့ သူထွက်ခွာသွားခဲ့တဲ့နှစ်ပတ်လည်လပဲဖြစ်ပါတယ်

ကျန်ရစ်သူတွေဖြစ်တဲ့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ကလည်းယနေ့ထိသူ့ကိုမေ့မရဆဲဖြစ်ပါတယ်။ ဒီနေ့လေ့မှာလည်းသူမရဲ့လူမှုကွန်ရက်ကစာလေးကြောင့်ပရိသတ်တွေစိတ်မကောင်းခဲ့ရတာပါ။ဘာလိုလိုနဲ့ နှစ်တစ်ပါတ်လည်ခဲ့ပြီ၁၂ လရာသီထဲမှာ ဒီ( June) လကို အမုန်းဆုံးပါဘဲ..မကြုံမဆုံချင်တော့ဘူးJUNE ရောက်မှာကြောက်နေပြီ
မနှစ်က ပုံရိပ်တွေ မျက်ဝန်းထဲမှာ အတိအကျ ပြန်မြင်ယောင်လာတယ်..


တွတ်ပီအိမ်ခန်းကိစ္စနဲ့ ခဏပြန်ဆင်းဖို့ June 12 တစ်နေ့လုံးအထုတ်အပိုးတွေ ပြင်၊သိမ်းဆည်းတာ ညအတော်မိုးချုပ်မှပြီးတယ်။လက်ထဲကျန်တဲ့ ငွေကြေးအနဲငယ်တွတ်ပီလက်ထဲထည့် ချွေတာသုံးဖို့အစစဂရုစိုက်ဖို့မှာတုန်းသူက(မေကြီး..ညောင်းနေမှာဘဲ နှိပ်ပေးရမလား)မေးတော့ ည ၁၂ ထိုးပြီတွတ်ပီ မအေကိုနှိပ်ပေးမလို့ပြင်တုန်းဖုံးဝင်လာတယ်။

မအေနဲ့သား ခေတ္တခွဲကာနီး(အဲ့တုန်းကတော့ အပြီးခွဲရလိမ့်မယ် လုံးဝမထင်ခဲ့တာ)မှာစရာ၊ပြောစရာတွေမှ အများကြီး အလိုက်ကန်းဆိုးမသိ၊ လူကြီးမှန်းမသိဖုံးဆက်ပြီးအချိန်ပြည့်ပြသနာရှာနိုင်စားခဲ့တဲ့(အရစ်မ/လူဆိုးမ)ပြသနာရှာတာအားရလို့၊ ဝလို့ဖုံးချသွားတော့ နောက်နေ့မနက်(2:30)ရှိသွားပြီ အဲ့တော့မှအိပ်ချင်မူးတူးနဲ့အနှိပ်ခံရတယ်။

နှိပ်ပေးတဲ့သူကလဲ ငိုက်နေပြီ မိုးအရမ်းချုပ်နေပြီမို့ သားအမိတွေ ဘာစကားမှတောင်အေးဆေးမပြောရမတိုင်ပင်လိုက်ရဘူး။သူ့ လက်ချောင်းသွယ်သွယ်၊ရှည်ရှည်လေးနဲ့ (Rocker ကြီးရဲ့လက်က) မထင်ရလောက်အောင် အမေ့ရဲ့ကိုက်ခဲညောင်းညာမှုတွေပြေစေတာ လွမ်းမိတယ် ။

သူ့အနင်းအနှိပ်မခံရတော့တာတစ်နှစ်တင်းတင်းပြည့်ပြီ ဒီလိုနဲ့မနက်လင်းတော့ ကားဂိတ်မဆင်းခင်လေးမှာစရာရှိတာအမြန်မှာ၊ သားအမိနှစ်ယောက်အပြန်အလှန် နမ်းကြပြီး မခွဲခင်
(တွတ်ပီရေ..မေမေသိပ်မကြာဘူးအိမ်ကိစ္စရှင်းပြီးတာနဲ့ပြန်လာမှာဒီကြားထဲအစစဂရုစိုက်နေထိုင်ပါ။မေမေစိတ်ပူရမဲ့၊စိတ်ညစ်ရမဲ့ ကိစ္စတွေဘာမှမဖြစ်စေနဲ့၊မလုပ်နဲ့နော်) လို့ မှာတော့(စိတ်ချပါမေကြီး၊ဘာပြသနာမှမဖြစ်စေရဘူးဂတိပေးပါတယ်)တဲ့

(အမြဲတမ်း ဂတိတည်ခဲ့သူကခုတစ်ခါ ဂတိပျက်ပြီ) နှုတ်ဆက်ပြီး၊သူကျန်ခဲ့တယ်။အဲ့ဒီနေ့(13.6.22) ဟာ တွတ်ပီလေးကို အသက်ရှင်လျက်နဲ့ နောက်ဆုံးတွေ့ဆုံ၊နမ်းရှုံ့၊နှုတ်ဆက်ခဲ့ရတဲ့နေ့ရက်လေးပါဘဲ ဘယ်တော့မှ မမေ့တော့ဘူး။ရင်တွေလဲကွဲကြေနာကျင်ရတာအကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။

လွမ်းတယ် တွတ်ပီရေ…(သားဆုံးရှုံးထားတဲ့အမေရဲ့တစ်နှစ်ပြည့် ပေါ်လာတဲ့ စိတ်ဒဏ်ရာနဲ့အလွမ်းပါ
မစာနာတတ်သူများ မဖတ်ဘဲကျော်သွားနိုင်ပါတယ် မျက်ရည်ချူလို့မပြီးနိုင်ဘူး ဆိုတဲ့သူတွေကိုတော့တိရစ္ဆာန် စိတ်ပေါက်နေတဲ့ လူ မည်ကာမတ္တများလို့ဘဲသတ်မှတ်ပါတယ်$ ဂရုလဲ မစိုက်ပါဘူး။

မျက်ရည်ကလဲ ချူစရာမလို‌လောက်အောင် ပူလောင်လွန်းလို့ကျခဲ့ရတဲ့ အစစ်အမှန်တွေပါ)
(ပုံလေးက သူမဆုံးခင် ရက်ပိုင်းလေးကပုံလေးပါ) ဆိုပြီးခံစားချက်လေးကိုထုတ်ပြခဲ့တာပါ။
Crd

Leave a Reply

Your email address will not be published.