မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသည့်ပြည်မြို့က လူငယ်တစ်ဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

News

မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသည့်ပြည်မြို့က လူငယ်တစ်ဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

ဇွန်လ ၁၅ ရက်နေ့။

ပဲခူးတိုင်း ပြည်မြို့က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး မနေ့က ဖရူဆိုမြို့ ရှေ့တန်းတနေရာမှာ လက်နက်ကြီး စမ်းသပ်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါသည်။

‌လက်နက်ကြီးစမ်းသပ်ရင်း ကျဆုံးသွားတဲ့ လူငယ် ထင်လင်ဦး( ခ) ဂျပန်ကြီးဟာ PDF တပ်ဖွဲ့ လက်နက်ထုတ်လုပ်ရေးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မနေ့က ‌ရှေ့တန်းကို လိုက်အသွားမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါသည်။

” ရှေ့တန်းကို လိုက်သွားတာ၊ သူ့ကို ရှေ့တန်းမလိုက်နဲ့လို့ ပြောတာကို သူက အတင်းလိုက်သွားပြီးတော့၊ လက်နက်ကြီးစမ်းရင်းနဲ့ ကျသွားတာ” လို့ ပြောပါတယ်။

ရဲဘော် ထင်လင်းဦးဟာ၂၄ နှစ်ပြည့်ပြီးထားသူဖြစ်ပြီး လာမဲ့ ဇွန်လ ၂၀ရက် ရက်လည်မှာ အသက်၂၅ နှစ်ပြည့်မှာဖြစ်သလို မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသူဖြစ်ပါသည်

သူဟာ အရင်က Sniper အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ‌အနေအေးပြီး ကူညီတတ်သူတဦးလည်းဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူ ရဲဘော်တဦးက ပြောပါသည်

” တပ်ရင်းမှာလဲအားကိုးရတယ်သူက၊ လေ့ကျင်းခန်းတွေဆိုလဲသူများတွေထက်ပိုပြီးအပင်ပန်းခံလုပ်တတ်တာ၊ သူ့ဆိုအကုန်လုံးကချစ်ကျခင်ကျတယ်၊ နေရင်ပေါတောတောနဲ့ ရုပ်ကလဲဂျပန်ရုပ်တရုပ်ထဲပဲ၊ စိတ်ညစ်စရာရှိရင်တော့တယောက်ထဲပဲအမြဲဖြေရှင်းတတ်တယ်၊ သူများတွေကိုဒုက္ခမပေးချင်လို့တဲ့၊ ခုနောက်ပိုင်းမှ သူအိမ်ကိုလွမ်းတဲ့အကြောင်းနဲ့ ထုတ်လုပ်ရေးရောက်သွားတဲ့အကြောင်းပြောပြတာ” လို့ သူငယ်ချင်း ဖြစ်သူက ပြောပါသည်။

လက်ရှိ Southern Shan PDF တပ်ရင်း ၁၀၀၅မှာ တာဝန်ထမ်းဆောင်ရင်း လက်နက် မတော်တဆမှုကြောင့် ကရင်နီပြည်နယ် ဖရူဆိုမြို့ ‌ရှေ့တန်းမှာ ကျဆုံးခဲ့တာဖြစ်ပါသည်။

ရဲဘော်ထင်လင်းဦးဟာ ပြည်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာ ပြည်ကပျောက်သွားခဲ့တာဖြစ်တယ်လို့ သိရှိရပါသည်။

ပြည့်ပြီးထားသူဖြစ်ပြီး လာမဲ့ ဇွန်လ ၂၀ရက် ရက်လည်မှာ အသက်၂၅ နှစ်ပြည့်မှာဖြစ်သလို မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသူဖြစ်ပါသည်။

သူဟာ အရင်က Sniper အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ‌အနေအေးပြီး ကူညီတတ်သူတဦးလည်းဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူ ရဲဘော်တဦးက ပြောပါသည်။

” တပ်ရင်းမှာလဲအားကိုးရတယ်သူက၊ လေ့ကျင်းခန်းတွေဆိုလဲသူများတွေထက်ပိုပြီးအပင်ပန်းခံလုပ်တတ်တာ၊ သူ့ဆိုအကုန်လုံးကချစ်ကျခင်ကျတယ်၊ နေရင်ပေါတောတောနဲ့ ရုပ်ကလဲဂျပန်ရုပ်တရုပ်ထဲပဲ၊ စိတ်ညစ်စရာရှိရင်တော့တယောက်ထဲပဲအမြဲဖြေရှင်းတတ်တယ်၊ သူများတွေကိုဒုက္ခမပေးချင်လို့တဲ့၊ ခုနောက်ပိုင်းမှ သူအိမ်ကိုလွမ်းတဲ့အကြောင်းနဲ့ ထုတ်လုပ်ရေးရောက်သွားတဲ့အကြောင်းပြောပြတာ” လို့ သူငယ်ချင်း ဖြစ်သူက ပြောပါသည်။

လက်ရှိ Southern Shan PDF တပ်ရင်း ၁၀၀၅မှာ တာဝန်ထမ်းဆောင်ရင်း လက်နက် မတော်တဆမှုကြောင့် ကရင်နီပြည်နယ် ဖရူဆိုမြို့ ‌ရှေ့တန်းမှာ ကျဆုံးခဲ့တာဖြစ်ပါသည်။

ရဲဘော်ထင်လင်းဦးဟာ ပြည်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာ ပြည်ကပျောက်သွားခဲ့တာဖြစ်တယ်လို့ သိရှိရပါသည်။

Credit – Original Writer

Leave a Reply

Your email address will not be published.