လေယာဉ်ကွင်းဟောင်းအနီးတွင် ရပ်ထား သော ကားကို စစ်ဆေးလိုက်သောအခါ

Local News

Zawgyi

ေလယာဥ္ကြင္းေဟာင္းအနီးတြင္ ရပ္ထား ေသာ ကားကို စစ္ေဆးလိုက္ေသာအခါ

မြန္ျပည္နယ္ သထုံၿမိဳ႕ လိပ္အင္းရပ္ကြက္ရွိ ေလယာဥ္ကြင္းမွာ ေန႔လယ္ပိုင္းက မူးယစ္ေဆးဝါး သုံးစြဲေနတဲ့ သံဃာတစ္ပါးကို လိုင္စင္မဲ့ယာဥ္တစ္စီးနဲ႔အတူ ဖမ္းဆီးရမိထားတယ္လို႔ သထုံၿမိဳ႕မရဲစခန္းက သိရပါတယ္။

သထုံၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ေတြဟာ မူးယစ္ေဆးဝါးသတင္းအရ ေလယာဥ္ကြင္းေဟာင္းအနီးတြင္ရပ္ထား ေသာ CALDINA ခဲေရာင္ယာဥ္ကို စစ္ေဆးရာ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိ ဦးဝိမလ(လူအမည္ ေစာေလးသာ)ဟာ အရွည္ငါးလက္မခန႔္ရွိတဲ့ဝါးေျပာင္းနဲ႔ မူး ယစ္ေဆးဝါးသုံးစြဲေနခဲ့တာျဖစ္ပါတယ္။

“ရဟန္းက က်ိဳက္မေရာဘက္ကပါ၊ ဒီကမဟုတ္ပါဘူး။ တပ္ဖြဲ႕ဝင္ေတြကင္းလွည့္ရင္း ေဆးျပားသုံးစြဲေနတာေတြ႕ လို႔ စစ္ေဆးတဲ့အခါမွာ သကၤန္းအတြင္းဘက္ ဘုန္းႀကီးေတြဝတ္တဲ့အက်ႌအိတ္ထဲကေန ေဆးျပားေတြထပ္ေတြ႕ တယ္။

ျပီးေတာ့ စီးလာတဲ့ကားကလည္း လိုင္စင္မပါဘူး။ ဥပေဒအရ ေဆာင္႐ြက္ထားပါတယ္”လို႔ သထုံၿမိဳ႕မရဲ စခန္းက စခန္မႉး ဒုရဲမႉး ေမာင္ေမာင္ကေျပာပါတယ္။

ယင္းကို သကၤန္းအတြင္းထပ္မံစစ္ေဆးရာ WY စာတန္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆး ျပား ၂၀၅လုံးနဲ႔ ေငြခုနစ္သိန္းခန႔္အားေတြရွိခဲ့တယ္လို႔ သိရပါတယ္။ သိကၡာခ် လူဝတ္လဲေစ ဖမ္းဆီးခဲ့ၿပီး သထုံၿမိဳ႕မရဲစခန္းက အမႈဖြင့္ ဖမ္းဆီးထားတယ္လို႔သိရပါတယ္။

ေအာင္ျမင့္ထြန္း(ျမစ္မခ)

Unicode

လေယာဉ်ကွင်းဟောင်းအနီးတွင် ရပ်ထား သော ကားကို စစ်ဆေးလိုက်သောအခါ

မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းမှာ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ သံဃာတစ်ပါးကို လိုင်စင်မဲ့ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ သထုံမြို့မရဲစခန်းက သိရပါတယ်။

သထုံမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ လေယာဉ်ကွင်းဟောင်းအနီးတွင်ရပ်ထား သော CALDINA ခဲရောင်ယာဉ်ကို စစ်ဆေးရာ အသက် ၅၅ နှစ်အရွယ်ရှိ ဦးဝိမလ(လူအမည် စောလေးသာ)ဟာ အရှည်ငါးလက်မခန့်ရှိတဲ့ဝါးပြောင်းနဲ့ မူး ယစ်ဆေးဝါးသုံးစွဲနေခဲ့တာဖြစ်ပါတယ်။

“ရဟန်းက ကျိုက်မရောဘက်ကပါ၊ ဒီကမဟုတ်ပါဘူး။ တပ်ဖွဲ့ဝင်တွေကင်းလှည့်ရင်း ဆေးပြားသုံးစွဲနေတာတွေ့ လို့ စစ်ဆေးတဲ့အခါမှာ သင်္ကန်းအတွင်းဘက် ဘုန်းကြီးတွေဝတ်တဲ့အင်္ကျီအိတ်ထဲကနေ ဆေးပြားတွေထပ်တွေ့ တယ်။

ပြီးတော့ စီးလာတဲ့ကားကလည်း လိုင်စင်မပါဘူး။ ဥပဒေအရ ဆောင်ရွက်ထားပါတယ်”လို့ သထုံမြို့မရဲ စခန်းက စခန်မှူး ဒုရဲမှူး မောင်မောင်ကပြောပါတယ်။

ယင်းကို သင်္ကန်းအတွင်းထပ်မံစစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား ၂၀၅လုံးနဲ့ ငွေခုနစ်သိန်းခန့်အားတွေရှိခဲ့တယ်လို့ သိရပါတယ်။ သိက္ခာချ လူဝတ်လဲစေ ဖမ်းဆီးခဲ့ပြီး သထုံမြို့မရဲစခန်းက အမှုဖွင့် ဖမ်းဆီးထားတယ်လို့သိရပါတယ်။

အောင်မြင့်ထွန်း(မြစ်မခ)

Crd

Leave a Reply

Your email address will not be published.