Zawgyi
အႀကိမ္ ၅၀ေျမာက္ေျဖတဲ့ ဆယ္တန္း စာေမးပြဲမွာလည္း က်႐ႈံးခဲ့ရျပန္တဲ့ ထူးဆန္းဖြယ္ ဖိုးဖိုး
ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕မွ အ ဘိုး ဦးသိန္းၫြန႔္(၇၄)ႏွစ္သည္ ၂၀၂၂ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို အက–၃၁၀၅ ျဖင့္ အလက ေတာရေက်ာင္း စာစစ္ဌာနတြင္ ေျဖဆိုထားခဲ့ပါတယ္ … ။
ဦးသိန္းၫြန႔္ ဟာ ၎အတြက္အႀကိမ္ ၅၀ ေျမာက္ျဖစ္သည့္ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုထားခဲ့တာပါ …. ။
ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕ရွိ ေနအိမ္၌ အတြဲ(၂) ဘာသာရပ္မ်ားျဖစ္ေသာ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီဝင္၊ သမိုင္းႏွင့္ ေဘာဂေဗဒဘာသာရပ္တို႔ကို ေျဖဆို ထားခဲ့ေၾကာင္း သိရသည္ … ။
ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ေအာင္စာရင္းမွာ သူရဲ႕ ခုံအမွတ္ အက၃၁၀၅ ပါမလာခဲ့ပါ “ကြၽန္ေတာ္က တကၠသိုလ္ဝင္ စာေမးပြဲ မေအာင္မခ်င္း စိတ္ဓာတ္ မက်ပါဘူး။ ဇြဲ၊ လုံ႔လမေလွ်ာ့ဘဲ ဆက္ လက္ႀကိဳးစား ေျဖဆိုသြားမွာပါ … ။
တစ္ႏွစ္ႏွစ္ေတာ့ ေအာင္ျမင္မွာပါ။ ကြၽန္ေတာ္က သခ်ၤာအားနည္းပါတယ္။ဒီႏွစ္ေတာ့ သခ်ၤာေအာင္မွတ္ရဖို႔ ႀကိဳးစားထားပါတယ္။ ေအာင္မယ္လို႔လည္း ယုံၾကည္ပါတယ္။
လူငယ္ ေတြကို ေျပာခ်င္တာ က ဘာကိုမွ စိတ္ ဓာတ္က်စရာမလိုပါဘူး။ ကြၽန္ေတာ့္ ကို စံနမူနာယူဟု အဘိုးဦးသိန္းၫြန႔္က ေျပာခဲ့သည္။
ဦးသိန္းၫြန႔္ (၇၄)ႏွစ္သည္ တကၠသိုလ္ဝင္စာေမးပြဲကို ၁၉၇၀ ျပည့္ႏွစ္က စတင္ေျဖဆိုခဲ့ၿပီး ယခုႏွစ္ ဆိုလွ်င္ ႏွစ္ေပါင္ း(၅ ၀ )ရွိ ခဲ့ၿပီျဖစ္ရာ မူလတန္းဆင့္ ကို ၁၄ လမ္း မူလတန္းေက်ာင္း၌ လည္းေကာင္း၊
အလယ္တန္းဆင့္ကို အလက ေညာင္တုန္ းေက်ာင္း၌ လည္းေကာင္း၊ အထက္တန္းဆင့္ကို ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕အထက(၁)၌ လည္းေကာင္း ပညာသင္ယူခဲ့သူ ျဖစ္သည္ … ။
အဘိုးတြင္ ဇနီးေဒၚစိန္(ကြယ္လြန္)ႏွင့္ သားသမီး ငါးဦးထြန္းကားခဲ့ၿပီး ယခင္က ေရထမ္း အလုပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳကာ ယခု ေရထမ္းအလုပ္မွ အနားယူခဲ့ေၾကာင္းသိရၿပီး အဘိုးသည္ က်န္းမာေရးေကာင္းမြန္သူတစ္ဦးလည္း ျဖစ္သည္။
Unicode
အကြိမ် ၅၀မြောက်ဖြေတဲ့ ဆယ်တန်း စာမေးပွဲမှာလည်း ကျရှုံးခဲ့ရပြန်တဲ့ ထူးဆန်းဖွယ် ဖိုးဖိုး.
မော်လမြိုင်ကျွန်းမြို့မှ အ ဘိုး ဦးသိန်းညွန့်(၇၄)နှစ်သည် ၂၀၂၂ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုထားခဲ့ပါတယ် … ။
ဦးသိန်းညွန့် ဟာ ၎င်းအတွက်အကြိမ် ၅၀ မြောက်ဖြစ်သည့် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားခဲ့တာပါ …. ။
မော်လမြိုင်ကျွန်း မြို့ရှိ နေအိမ်၌ အတွဲ(၂) ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆို ထားခဲ့ကြောင်း သိရသည် … ။
ဒါပေမယ့် ကံမကောင်းစွာနဲ့ အောင်စာရင်းမှာ သူရဲ့ ခုံအမှတ် အက၃၁၀၅ ပါမလာခဲ့ပါ “ကျွန်တော်က တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မချင်း စိတ်ဓာတ် မကျပါဘူး။ ဇွဲ၊ လုံ့လမလျှော့ဘဲ ဆက် လက်ကြိုးစား ဖြေဆိုသွားမှာပါ … ။
တစ်နှစ်နှစ်တော့ အောင်မြင်မှာပါ။ ကျွန်တော်က သင်္ချာအားနည်းပါတယ်။ဒီနှစ်တော့ သင်္ချာအောင်မှတ်ရဖို့ ကြိုးစားထားပါတယ်။ အောင်မယ်လို့လည်း ယုံကြည်ပါတယ်။
လူငယ် တွေကို ပြောချင်တာ က ဘာကိုမှ စိတ် ဓာတ်ကျစရာမလိုပါဘူး။ ကျွန်တော့် ကို စံနမူနာယူဟု အဘိုးဦးသိန်းညွန့်က ပြောခဲ့သည်။
ဦးသိန်းညွန့် (၇၄)နှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲကို ၁၉၇၀ ပြည့်နှစ်က စတင်ဖြေဆိုခဲ့ပြီး ယခုနှစ် ဆိုလျှင် နှစ်ပေါင် း(၅ ၀ )ရှိ ခဲ့ပြီဖြစ်ရာ မူလတန်းဆင့် ကို ၁၄ လမ်း မူလတန်းကျောင်း၌ လည်းကောင်း၊
အလယ်တန်းဆင့်ကို အလက ညောင်တုန် းကျောင်း၌ လည်းကောင်း၊ အထက်တန်းဆင့်ကို မော်လမြိုင်ကျွန်းမြို့အထက(၁)၌ လည်းကောင်း ပညာသင်ယူခဲ့သူ ဖြစ်သည် … ။
အဘိုးတွင် ဇနီးဒေါ်စိန်(ကွယ်လွန်)နှင့် သားသမီး ငါးဦးထွန်းကားခဲ့ပြီး ယခင်က ရေထမ်း အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ယခု ရေထမ်းအလုပ်မှ အနားယူခဲ့ကြောင်းသိရပြီး အဘိုးသည် ကျန်းမာရေးကောင်းမွန်သူတစ်ဦးလည်း ဖြစ်သည်။crd